LEFT CONTEXT KEY-WORD RIGHT CONTEXT ဆက်ဆံရေး ပုံမှန်ဖြစ်လာအောင် ပြန်တည်ဆောက်တဲ့အပိုင်း၊ ၂၀၀၀ ဒီဖက်နောက်ပိုင်း ဆက်ဆံရေး ဖက်စုံတိုးမြင့်လာတဲ့အပိုင်းအဖြစ် တင်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်၊ အနောက်တိုင်း နိုင်ငံတွေက ချမှတ်ထားတဲ့ ဆန်ရှင် ( စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှု) တွေအပေါ်မှာလည်း အိန္ဒိယနဲ့ တရုတ်တို့က ရပ်တည်ပုံချင်း မတူကြ ဘူးလို့ သူက ပြောပါတယ်။ အထူးသဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ လှုပ်ရှားမှုတွေကို ချေမှုန်းဖြိုခွဲ အပြီးမှာ အိန္ဒိယက ကုလသမဂ္ဂ ခွင့်ပေးဖို့ တော့ တိုက်တွန်းခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်အစိုးရက မြန်မာပြည်အပေါ်မှာ နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့မှု တွေ လုပ်မယ်ဆိုတာမျိုးကို တလျှောက်လုံး ဆန့်ကျင်ခဲ့ပါတယ်။ဒါပေမယ့် ကျန်တဲ့ ကုန်သွယ်မှု- စီးပွားရေးကိစ္စတွေမှာ ယှဉ်ကြည့်တော့ အိန္ဒိယက အများကြီးနောက်ကျ ကျန်နေတာတွေ့ ရပါတယ်။ မြန်မာနဲ့ အိန္ဒိယကုန်သွယ်မှုတန်ဖိုး ပမာဏက ထိုင်း၊ စင်္ကာပူတို့ထက်တောင် ပိုနည်းနေပါသေးတယ်။ ၂၀၀၈-၀၉ ခုနှစ် စရင်းတွေအရ အိန္ဒိယ-မြန်မာကုန်သွယ်မှု ကွာခြားမှုတွေ ရှိနေပါတယ်။ တရုတ်က မြန်မာနဲ့ ဆက်ဆံရေးမှာ အခွင့်ထူးခံ အနေ အထား ရပါတယ်။ မြန်မာဖက်က တိုင်ဝမ်နဲ့ တိဘက်ကိစ္စကို တရုတ်အစိုးရဖက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့ပါတယ်။ တရုတ်-မြန်မာ နိုင်ငံရေးနဲ့ စီးပွားရေး ဆက်ဆံရေးတွေက ပိုပြီး နက်ရှိုင်းကျယ်ပြန့်ပါတယ်။ ဒီလို သြဇာထက်ရတဲ့ ပထမ အကြောင်းကတော့ တရုတ်က ဗီတိုအာဏာသုံးခွင့် ရှိတဲ့နိုင်ငံဖြစ်ပြီး၊ မြန်မာ စစ်အစိုးရကို နိုင်ငံတကာမှာ အမြဲတမ်းအကာ အကွယ်ပေးခဲ့ပါတယ် တရုတ်က ဗီတိုအာဏာသုံးခွင့် ရှိတဲ့နိုင်ငံဖြစ်ပြီး၊ မြန်မာ စစ်အစိုးရကို နိုင်ငံတကာမှာ အမြဲတမ်းအကာ အကွယ်ပေးခဲ့ပါတယ်။ အိန္ဒိယက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် မဟုတ်ပါဘူး။ နောက်တချက်က တရုတ်ရဲ့ စီးပွားရေးအင်အားက အိန္ဒိယထက် အပုံကြီးအားသာပါတယ်။ မြန်မာနိုင်ငံကိုပေးတဲ့ အကူအညီ၊ ရင်းနှီးမြှုပ်နှံမှု တွေကလည်း အများကြီး များပါတယ်။ နောက်တခုက နိုင်ငံရေးစနစ်ချင်းလည်း ကွာခြားကြပါတယ်။ တရုတ်က နိုင်ငံခြား ရေ အဲဒါအပြင် မြန်မာနိုင်ငံဟာ တရုတ်လက်အောက်ခံ ပဏ္ဏာဆက် နိုင်ငံတခု ဖြစ်နေပြီဆိုပြီး အိန္ဒိယနိုင်ငံရေး သမားအချို့ကလည်း ဝေဖန်နေပါသေးတယ်။တကယ်တော့ မြန်မာပြည်က နှစ်နိုင်ငံစလုံးအတွက် ပထ၀ီနိုင်ငံရေးအရ၊ ပထ၀ီ စီးပွားရေးအရ အရေးကြီးပါတယ်။ ဒါပေ မယ့် မြန်မာအစိုးရဖက်ကကျတော့ အမျိုးသားရေးစိတ် ပြင်းထန်တာကိုလည်း ၂-နိုင်ငံလုံးက သိထားကြပါတယ်။ အဲဒါ အပြင် မြန်မာနိုင်ငံက တရုတ်ကိုချည်း သိပ်မှီခိုနေရတာမျိုး မဖြစ်အောင်လည်း သတိထားပါတယ်