BBC Burmese - မြန်မာ့ရေးရာ - နိုင်ငံခြား ရင်နှီးမြှုပ်နှံမှု ဥပဒေ လွှတ်တော် နှစ်ရပ် အတည်ပြု လွယ်လွယ်ကြည့်နိုင်သော လင့်များSkip to local navigationဘီဘီစီ စာမျက်နှာတွေကို ကြည့်နိုင်ရန် အကူအညီ bbc.co.uk navigationအခြားဘီဘီစီ စာမျက်နှာများ ရှာလိုသော အကြောင်းအရာ: Burmese ၅ မိနစ်သတင်း မိုဘိုင်း နိုင်ငံခြား ရင်နှီးမြှုပ်နှံမှု ဥပဒေ လွှတ်တော် နှစ်ရပ် အတည်ပြု နောက်ဆုံး ရေးသားချိန် 29 သြဂုတ်လ 2012 - 15:45 GMT Facebook Twitter Send to a friend Print ရင်းနှီးမြှုပ်နှံ သူတွေကို ဆွဲဆောင် နိုင်လိမ့်မယ်လို့ ဥပဒေ ပြုသူ တွေက မျှော်လင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ မူကြမ်း ကို ပြည်သူ့ လွှတ်တော် ကရော၊ အမျိုးသား လွှတ်တော် ကပါ အတည် ပြုလိုက် ပြီမို့ ဥပဒေ အသက်ဝင် လာဖို့ အတွက် သမ္မတ က အတည်ပြု ရမယ့် အဆင့် ပဲ ကျန်ပါ တော့တယ်။ဒီဥပဒေကို ရေးဆွဲ ရာမှာ မြန်မာ စီးပွားရေး လုပ်ငန်းရှင် တွေ ရဲ့ သဘောထား တွေ ကို လည်း လွှတ်တော်က ရယူ ခဲ့တယ် လို့ ဆိုပါတယ်။ဒီဥပဒေ မှာ နိုင်ငံခြားသား လုပ်ငန်းရှင် အနေနဲ့ လုပ်ငန်း တခု အတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ သန်း တန်ဘိုး ကို ရင်းနှီး မြှုပ်နှံ ရမှာ ဖြစ် သလို လုပ်ငန်း ပိုင်ဆိုင်ခွင့် ၁၀၀ ရာခိုင်နှုန်း ရင်းနှီး မြှုပ်နှံ နိုင်မယ့် လုပ်ငန်း တွေ လည်း ပါဝင် ပါတယ်။နည်းပညာကို အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး၊ ဝေးလံ တဲ့ဒေသ တွေမှာ မြန်မာနိုင်ငံသား တွေ အတွက် အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးနဲ့ မြန်မာနိုင်ငံသား တွေ မလုပ်နိုင်တဲ့ အလုပ်မျိုး တွေမှာသာ နိုင်ငံခြားသား တွေကို ရာနှုန်းပြည့် ရင်းနှီး မြှုပ်နှံခွင့် ပေးထားတယ်လို့ ပြည်သူ့ လွှတ်တော် ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မီတီ အတွင်းရေးမှူး ဖြစ်တဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အမတ် ဉီးစောလှထွန်း က ဆိုပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံနဲ့ နိုင်ငံသား တွေရဲ့အကျိုးကို ကြည့်ပြီး သယံဇာတ ထုတ်ယူရေးလို ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု တွေကို ကန့်သတ်တဲ့ ပြဌာန်းချက် တွေလည်း ဥပဒေ ထဲမှာ ထည့်သွင်း ထားတယ်လို့ သူက ပြောပါတယ်။ဒါ့အပြင် နိုင်ငံခြား ကုမ္ပဏီ တွေ အနေနဲ့ ပထမ ၂ နှစ်အတွင်း ပြည်တွင်း ကျွမ်းကျင် လုပ်သား ၅၀ ရာနှုန်းခန့်ထား ရမှာဖြစ်ပြီး၊ ဒုတိယ ၂ နှစ်မှာ ၇၅ ရာနှုန်း၊ တတိယ ၂ နှစ်မှာ ၁၀၀ ရာနှုန်း အသီးသီးတိုးမြှင့်ခန့်ထားဖို့၊ ၅ နှစ်အတွင်း နည်းပညာ လွှဲပြောင်းပေးပြီး ဖြစ်ဖို့ စတဲ့ သတ်မှတ်ချက် တွေလည်း ဥပဒေမှာ ပါတယ်လို့ ဆိုပါတယ်။သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ လုပ်ငန်း တွေကိုလည်း ခွင့်မပြုဖို့ ဥပဒေက တားမြစ်ထားကြောင်း ဉီးစောလှထွန်းက ပြောပါတယ်။တဖက်မှာလည်း ပြည်ပ ရင်းနှီးမြှုပ်နှံ သူတွေကို ပထမ ၅ နှစ် အတွင်း အခွန် ကင်းလွတ်ခွင့် နဲ့ ကုန်ကြမ်း ပစ္စည်းတွေ အကောက်ခွန်မဲ့ တင်သွင်း ခွင့် ပြုတာမျိုး ရှိသလို ရင်းနှီးမြှုပ်နှံမှုကို လွှဲပြောင်း ရောင်းချခွင့်၊ ငွေကြေး လွှဲပြောင်းခွင့် တွေကိုလည်းပေးထား တာကြောင့် ပြည်ပ လုပ်ငန်းရှင် တွေကိုဆွဲဆောင် နိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။ Facebook Twitter Send to a friend Print ဒီသတင်းနဲ့ ပတ်သက်သမျှဆက်စပ်သတင်းနဲ့ အစီအစဉ်များအမေရိကန်က ပိတ်ဆို့မှုလျှော့ပြီး ရင်းနှီးမြှပ်နှံမှု စလို 2012ဇူလိုင်လ12, အမေရိကန် မြန်မာမှာ ရင်းနှီး ဖို့ စောင့်ကြည့် နေကြ2012ဇန်နဝါရီလ17 ထိပ်တန်းသတင်းများRSSကချင်တပ်စခန်းတချို့ကို အစိုးရတပ် သိမ်း 2013ဇန်နဝါရီလ26 အီဂျစ်မှာ ဘောလုံးပွဲ အကြမ်းဖက်မှုနဲ့ သေဒဏ်ချမှတ် 2013ဇန်နဝါရီလ26 တောင်ဥက္ကလာနဲ့ မက်စ်မြန်မာ 2013ဇန်နဝါရီလ26 အသံ/ဗီဒီယိုသတင်းများလင်းလက်ကြယ်စင်နဲ့ ဆယ်တန်း စာမေးပွဲနားထောင်ရန16:27ရသပြတင်း အနုပညာ သတင်းလွှာကြည့်ရန်03:08 မြန်မာ့ အရေး ကမ္ဘာ့ အရေးနားထောင်ရန17:14နိုင်ငံတကာ သတင်းသုံးသပ်ချက်နားထောင်ရန10:23ဒေါက်တာဆိတ်ဖွားကို လွှတ်တော်ကြီးကနေ အရေးယူ သင့်သလားနားထောင်ရန23:37ဝန်ထမ်းတွေ လစာတိုးဦးမှာ မဟုတ်LLKS နဲ့ ရန်ကုန်ယာဉ်ပိတ်ဆို့မှုအကြောင်းနားထောင်ရန16:16ဇန္နဝါရီ ၂၁ တမိနစ် သတင်းဗီဒီယိုကြည့်ရန်01:06ကချင် စစ်ပွဲတွေ ပြင်းထန်နေဆဲကြည့်ရန်03:31စီးပွားရေး သုံးသပ်ချက် နားထောင်ရန09:05နည်းပညာ သတင်းလွှာ (ဗီဒီယို)ကြည့်ရန်01:41ဝင်းဖေလွယ်အိတ်နားထောင်ရန06:42ကချင် ပြည်နယ် အပစ်ရပ်စဲရေး အခြေအနေကြည့်ရန်02:02စစ်သုံ့ပန်း ကလေးစစ်သားနားထောင်ရန08:11ရသပြတင်း အနုပညာ သတင်းလွှာကြည့်ရန်02:51အလင်္ကာပုလဲပန်း မင်္ဂလာနားထောင်ရန09:04ဇန္နဝါရီ ၁၈ တမိနစ် သတင်းဗီဒီယိုကြည့်ရန်01:05ဇန်နဝါရီ ၁၇ တမိနစ် သတင်းဗီဒီယိုကြည့်ရန်01:05Cool-tech (HTC Butterfly)နားထောင်ရန09:29နိုင်ငံတကာ သတင်းသုံးသပ်ချက်နားထောင်ရန10:25မိုဘီဂျီနိုနဲ့ မီလာနှင်းအမေရိကန်က ချင်းအဆိုတော်ရဲ့ အယ်လ်ဘမ်သစ်ဒီမိုကရေစီ အရေးနဲ့ ခရိုနီ ထောက်ပံ့ကြေးနားထောင်ရန22:30အမေ့ခံ ပုံရိပ်များနားထောင်ရန07:37ဂါဇာက နားမကြားသူ တွေရဲ့ စားသောက်ဆိုင်ကြည့်ရန်01:36ရသပြတင်း အနုပညာ သတင်းလွှာကြည့်ရန်03:31နောက်ဆုံးလွှင့် အစီအစဉ်များမနက်ပိုင်းCTA00:30:00 ညပိုင်းCTA00:45:00 နေ့အလိုက် အသံလွှင့် အစီအစဉ်များ လူမှုကွန်ယက်မီဒီယာဘီဘီစီ မြန်မာပိုင်း FacebookLike ဘီဘီစီ မြန်မာပိုင်း TwitterFollow ပင်မစာမျက်နှာမြန်မာ့ရေးရာနိုင်ငံတကာမာလ်တီမီဒီယာအားကစားကုန်သွယ်စီးပွား ဝန်ဆောင်မှုများ RSS  မိုဘိုင်းမှ ရယူရန်‌  အီးမေးလ်  ပေါ့ဒ်ကတ်စ်  ရုပ်ပုံ၊ အသံ၊ ဗီဒီယို ပို့ရန် တခြား ဘီဘီစီ ဝက်ဘ်ဆိုက်များBBC NewsBBC HindiBBC Chinese ဘီဘီစီ အင်တာနက် လင့်များမိုဘိုင်းအသုံးပြုရာတွင် လိုက်နာရန်ဘီဘီစီ အကြောင်း ကိုယ်ရေးအချက်အလက် လုံခြုံမှု မူဝါဒဘီဘီစီ အကူအညီစာမျက်နှာ ဘီဘီစီ စာမျက်နှာတွေကို ကြည့်နိုင်ရန် အကူအညီ ဆက်သွယ်ရန် BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။