BBC Burmese - မြန်မာ့ရေးရာ - မြန်မာ ပြည်မှာ ရင်းနှီး မြှုပ်နှံမယ့်သူ တွေကို သတိပေး လွယ်လွယ်ကြည့်နိုင်သော လင့်များSkip to local navigationဘီဘီစီ စာမျက်နှာတွေကို ကြည့်နိုင်ရန် အကူအညီ bbc.co.uk navigationအခြားဘီဘီစီ စာမျက်နှာများ ရှာလိုသော အကြောင်းအရာ: Burmese ၅ မိနစ်သတင်း မိုဘိုင်း မြန်မာ ပြည်မှာ ရင်းနှီး မြှုပ်နှံမယ့်သူ တွေကို သတိပေး နောက်ဆုံး ရေးသားချိန် 30 သြဂုတ်လ 2012 - 16:53 GMT Facebook Twitter Send to a friend Print ရန်ကုန် ဆိပ်ကမ်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ချင်တဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ သတိထား ကြဖို့ နိုင်ငံတကာ စီးပွားရေး ကုမ္ပဏီ တွေကို အကြံပေးတဲ့ Control Risk Group အဖွဲ့အစည်း ရဲ့အာရှ ဒေသ ဆိုင်ရာဒါရိုက်တာ ဒိမ်း ချာမိုရိုက Dame Chammoro က ပြော ပါတယ်။စျေးကွက်သစ် ဖြစ်တဲ့ မြန်မာ နိုင်ငံဟာ အခြေခံ အဆောက် အဦတွေ၊ ကျွမ်းကျင် လုပ်သားတွေ၊ ဥပဒေ စနစ်တွေ ငွေကြေး လွှဲပြောင်းတဲ့ စနစ်တွေ၊ အဆင်သင့် မဖြစ်သေးတာ တွေက ပြည်ပက ရင်းနှီး မြှုပ်နှံသူတွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ဖြစ်တယ် ဆိုတာ ကြိုတင် သတိပေး နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ရေနံနဲ့ သဘာဝ ဓါတ်ငွေ့လို ကဏ္ဍမှာရင်းနှီးမြှုပ်နှံတဲ့ ရှက်ဗရွန်လို၊ တိုတယ်လို ကုမ္ပဏီကြီးတွေက လိုအပ်တဲ့ အခြေခံ အဆောက်အဦနဲ့ ကျွမ်းကျင်မှု တွေကို သူတို့ ယူဆောင်လာပြီး နှစ်တွေ အကြာကြီး လုပ်ဆောင်နေခဲ့တဲ့ ဥပမာနဲ့ နှိုင်းယှဉ် ပြီး ဘီဘီစီက မေးတဲ့ အခါ မြန်မာနိုင်ငံရဲ့ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ အပိုင်း ကတော့ တခြား လုပ်ငန်းပိုင်း တွေနဲ့ ကွာခြားမှု အနည်းငယ် ရှိပြီး ဒီကဏ္ဍ တွေမှာ ရင်းနှီး မြှုပ်နှံတဲ့ ကုမ္ပဏီတွေ ကလည်း စျေးကွက်သစ် တွေမှာဝင်ရောက် ရင်းနှီး မြှုပ်နှံ ကြတဲ့ သဘာဝ ရှိတာမို့ မြန်မာနိုင်ငံကို ဝင်လာမယ် ဆိုရင်လည်း ကြိုတင် ပြင်ဆင် ပြီးသား ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။မြန်မာ နိုင်ငံ ဘက်ကလည်း ရင်းနှီးမြှုပ်နှံမှုတွေလိုချင်နေပြီး မကြာခင် ထွက်လာမယ့် ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေသစ် ထဲမှာ နိုင်ငံခြားသား တွေကို ၁၀၀ ရာခိုင်နှုန်း အထိ တချို့ကဏ္ဍ တွေမှာ ရင်းနှီး မြှုပ်နှံခွင့် ပေးထား တယ်လို့ သိရပေမဲ့ သူတို့ အတွေ့အကြုံ အရ ဥပဒေ မူကြမ်း ဘယ်လိုပဲ ထွက်လာလာ နောက်ဆုံး အတည် ဖြစ်တဲ့ အခါ အပြောင်း အလဲတွေ ရှိနိုင်တယ်၊ အဲဒီ ဥပဒေကို လက်တွေ့ ဘယ်လို ကျင့်သုံး မလဲ ဆိုတာ ကလည်း အရေးကြီး တယ်လို့ ဒိမ်း ချာမိုရိုက ပြောပါတယ်။အခု ဖြစ်ပေါ် လာတဲ့ အခွင့်အရေးကို အသုံးချပြီး ချက်ချင်း ဝင်ရောက် ရင်းနှီး မြှုပ်နှံ ချင်တဲ့ ကုမ္ပဏီတွေ ရှိနိုင်သလို စောင့်ကြည့် ဦးမယ့် သူတွေလည်း ရှိနိုင်တယ်လို့ သူက ပြောပါတယ်။ဥပဒေ ပိုင်းရော အခြေခံ အဆောက် အဦ ပိုင်းရော ပြုပြင်ဖို့ ချက်ချင်း မလွယ်ပေမဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူတွေ စိတ်ချ လက်ချ လာနိုင်အောင် အစိုးရအနေနဲ့ အကောင်းဆုံး လုပ်နိုင်တာ က နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေကို လက်တွေ့ လွယ်လွယ် ကူကူ ကျင့်သုံးလို့ ရနိုင်အောင်နဲ့ ရှင်းရှင်း လင်းလင်း ရှိအောင် ရေးဆွဲဖို့ လိုအပ်တယ်၊ လက်တွေ့ ကျင့်သုံးရာ မှာလည်း ပွင့်လင်း မြင်သာ ဖို့နဲ့ ဥပဒေကို ကျောသား ရင်သား မခွဲခြားဘဲ ကျင့်သုံးဖို့၊ ရင်းနှီး မြှုပ်နှံသူတွေ ဘက်က ကြိုတင်မှန်းဆလို့ ရနိုင်တဲ့ အခြေ အနေ မျိုးကိုလည်း ဖန်တီး ပေးဖို့ လိုတယ်လို့ အာရှ ဒေသ ဆိုင်ရာဒါရိုက်တာကအကြံပြုပါတယ်။ဥပဒေတွေ မူဝါဒတွေ ဘယ်လိုရှိတယ်၊ အဲဒီ မူဝါဒတွေ အရ အစိုးရက ဆုံးဖြတ်ချက် တွေကို ဘယ်လို ချလေ့ ရှိတယ်ဆိုတာ ခန့်မှန်း လို့ရနိုင်မယ် ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေ ဘက်က ယုံကြည်မှု ရလာ နိုင်တယ်လို့ လည်း သူက ပြောပါတယ်။ Facebook Twitter Send to a friend Print ဒီသတင်းနဲ့ ပတ်သက်သမျှဆက်စပ်သတင်းနဲ့ အစီအစဉ်များပြည်တွင်းရေကြောင်းလုပ်ငန်းကို အများပိုင် လွှဲမည်2012ဖေဖေါ်ဝါရီလ16 ထိပ်တန်းသတင်းများRSSကချင်တပ်စခန်းတချို့ကို အစိုးရတပ် သိမ်း 2013ဇန်နဝါရီလ26 အီဂျစ်မှာ ဘောလုံးပွဲ အကြမ်းဖက်မှုနဲ့ သေဒဏ်ချမှတ် 2013ဇန်နဝါရီလ26 တောင်ဥက္ကလာနဲ့ မက်စ်မြန်မာ 2013ဇန်နဝါရီလ26 အသံ/ဗီဒီယိုသတင်းများလင်းလက်ကြယ်စင်နဲ့ ဆယ်တန်း စာမေးပွဲနားထောင်ရန16:27ရသပြတင်း အနုပညာ သတင်းလွှာကြည့်ရန်03:08 မြန်မာ့ အရေး ကမ္ဘာ့ အရေးနားထောင်ရန17:14နိုင်ငံတကာ သတင်းသုံးသပ်ချက်နားထောင်ရန10:23ဒေါက်တာဆိတ်ဖွားကို လွှတ်တော်ကြီးကနေ အရေးယူ သင့်သလားနားထောင်ရန23:37ဝန်ထမ်းတွေ လစာတိုးဦးမှာ မဟုတ်LLKS နဲ့ ရန်ကုန်ယာဉ်ပိတ်ဆို့မှုအကြောင်းနားထောင်ရန16:16ဇန္နဝါရီ ၂၁ တမိနစ် သတင်းဗီဒီယိုကြည့်ရန်01:06ကချင် စစ်ပွဲတွေ ပြင်းထန်နေဆဲကြည့်ရန်03:31စီးပွားရေး သုံးသပ်ချက် နားထောင်ရန09:05နည်းပညာ သတင်းလွှာ (ဗီဒီယို)ကြည့်ရန်01:41ဝင်းဖေလွယ်အိတ်နားထောင်ရန06:42ကချင် ပြည်နယ် အပစ်ရပ်စဲရေး အခြေအနေကြည့်ရန်02:02စစ်သုံ့ပန်း ကလေးစစ်သားနားထောင်ရန08:11ရသပြတင်း အနုပညာ သတင်းလွှာကြည့်ရန်02:51အလင်္ကာပုလဲပန်း မင်္ဂလာနားထောင်ရန09:04ဇန္နဝါရီ ၁၈ တမိနစ် သတင်းဗီဒီယိုကြည့်ရန်01:05ဇန်နဝါရီ ၁၇ တမိနစ် သတင်းဗီဒီယိုကြည့်ရန်01:05Cool-tech (HTC Butterfly)နားထောင်ရန09:29နိုင်ငံတကာ သတင်းသုံးသပ်ချက်နားထောင်ရန10:25မိုဘီဂျီနိုနဲ့ မီလာနှင်းအမေရိကန်က ချင်းအဆိုတော်ရဲ့ အယ်လ်ဘမ်သစ်ဒီမိုကရေစီ အရေးနဲ့ ခရိုနီ ထောက်ပံ့ကြေးနားထောင်ရန22:30အမေ့ခံ ပုံရိပ်များနားထောင်ရန07:37ဂါဇာက နားမကြားသူ တွေရဲ့ စားသောက်ဆိုင်ကြည့်ရန်01:36ရသပြတင်း အနုပညာ သတင်းလွှာကြည့်ရန်03:31နောက်ဆုံးလွှင့် အစီအစဉ်များမနက်ပိုင်းCTA00:30:00 ညပိုင်းCTA00:45:00 နေ့အလိုက် အသံလွှင့် အစီအစဉ်များ လူမှုကွန်ယက်မီဒီယာဘီဘီစီ မြန်မာပိုင်း FacebookLike ဘီဘီစီ မြန်မာပိုင်း TwitterFollow ပင်မစာမျက်နှာမြန်မာ့ရေးရာနိုင်ငံတကာမာလ်တီမီဒီယာအားကစားကုန်သွယ်စီးပွား ဝန်ဆောင်မှုများ RSS  မိုဘိုင်းမှ ရယူရန်‌  အီးမေးလ်  ပေါ့ဒ်ကတ်စ်  ရုပ်ပုံ၊ အသံ၊ ဗီဒီယို ပို့ရန် တခြား ဘီဘီစီ ဝက်ဘ်ဆိုက်များBBC NewsBBC HindiBBC Chinese ဘီဘီစီ အင်တာနက် လင့်များမိုဘိုင်းအသုံးပြုရာတွင် လိုက်နာရန်ဘီဘီစီ အကြောင်း ကိုယ်ရေးအချက်အလက် လုံခြုံမှု မူဝါဒဘီဘီစီ အကူအညီစာမျက်နှာ ဘီဘီစီ စာမျက်နှာတွေကို ကြည့်နိုင်ရန် အကူအညီ ဆက်သွယ်ရန် BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။