ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားရရှိရေး ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖြင့် ဆောင်ရွက်ရန်ရှိ | 7Day News Journal - ၇ ရက် သတင်းဂျာနယ် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ရုံးချုပ်ရှေ့တွင် သုံးနာရီကြာ ဆန္ဒဖော်ထုတ်ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနခွဲနှစ်ခု ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်မည်သမ၀ါယမ အဆောက်အအုံကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းကို အသင်းသားများ ဆန္ဒပြမြန်မာ့ဘဏ္ဍာရေးဥပဒေ အသက်ဝင်ရန် ဥပဒေတစ်ရပ် အိုဘားမား လက်မှတ်ထိုးစက်သုံးဆီဆိုင် ၂၃ ဆိုင်ကို ၀င်စစ်ရာ ၂၁ ဆိုင် အခြင်အတွယ်မပြည့်ကြောင်း တွေ့ Jan 27, 2013 HomeNewsCrime CornerCurrent AffairsBusinessRegionalTechnologySportsTourism LifeDhamapadaEducationHealthShopping EntertainmentC talkMovie ReviewsShort NewsTop 10 Movies EnvironmentInternationalInterviewOpinionPoliticsDownload ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားရရှိရေး ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖြင့် ဆောင်ရွက်ရန်ရှိ သန်းထူး နေပြည်တော်၊စက်တင်ဘာ - ၂၉ အတွဲ (၁၁)၊ အမှတ်(၃၀) ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၆၀ ကျော် ထုတ်လုပ်ဖြန့်ဖြူး သွားနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀၀ ကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရရှိသည်။ စစ်တွေ၊ ကျောက်ဖြူနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် တည်ထောင်ဆောင်ရွက်မည့် အဆိုပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများအား  ၀န်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည် မဟုတ်ဘဲ ပုဂ္ဂလိကကုမ္ပဏီများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းများတွင် စပါးခွံဓာတ်ငွေ့ ဓာတ်အားပေးစက်နှင့် ဂျပန်နည်းပညာ Solar Farm ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်တပ်ဆင်ခြင်းများလည်း ပါဝင်ကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား အဓိကထုတ်လုပ်မည့် စီမံကိန်းများမှာမူ ကျောက်ဖြူ ကမ်းလွန်သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ မဂ္ဂါဝပ် ၂၀ နှင့် ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ မဂ္ဂါဝပ် ၁၀၀ ဖြင့် အသီးသီး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကျောက်ဖြူ ကမ်းလွန်သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံအား ကန်ဒေါ်လာ သန်း ၂၁၀ ခန့်ဖြင့် Zeya & Associates ကုမ္ပဏီကလည်းကောင်း၊ ပုဏ္ဏားကျွန်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံအား ရိုးမပါဝါကုမ္ပဏီက ကန်ဒေါ်လာ သန်း ၆၀ ခန့်ဖြင့်လည်းကောင်း၊ ကျောက်ဖြူ (100 MW) Gas Turbine Power Plant အား Hexa Int'l, Daewoo Int'l ကုမ္ပဏီက ဒေါ်လာသန်း ၁၂၀ ခန့်ဖြင့်လည်းကောင်း၊ Solar Farm ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်တပ်ဆင်ခြင်းကို Nile စက်မှုကုမ္ပဏီနှင့် မစ်ဆူမီရှီဆိုလာကုမ္ပဏီ(ဂျပန်)တို့က တစ်ယူနစ်လျှင် ၀ ဒသမ ၂၅ ဒေါ်လာနှုန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ အထက်ပါ စီမံကိန်းများအတွက် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့သော ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Related News ယခင်ချေးငွေမရခဲ့သည့် ကြံစိုက်တောင်သူများအား ကျပ်တစ်သိန်းနှုန်း ချေးမည် သင်္ဘောသား တရားမ၀င်စေလွှတ်သည့် ကုမ္ပဏီများအား အရေးယူမှု အားနည်းနေ တိုင်ပေတွင်အလုပ်လုပ်ရန် မြန်မာလုပ်သား ၁၀၀၀၀ ခန့် ကမ်းလှမ်းခံရ စုံစမ်းရေးကော်မရှင်နှင့် ပူးပေါင်းလိုကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌကဆို လယ်ယာလုပ်ငန်းသုံး ထွန်စက်ဈေး ကျဆင်းခြင်းမရှိသေး နာဂပွဲတော်ကာလအတွင်း ပြည်ပဧည့်သည်ပိုမိုလာရောက်ပါက ဒေသဖွံ့ဖြိုးရေးအထောက်အကူဖြစ်နိုင် မန္တလေးတွင် မိုဘိုင်းစနစ်ဖြင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးမည် ရန်ကုန်-ရခိုင် ခရီးစဉ်အချို့လေအိတ်ကားများဖြင့် ပြောင်းလဲပြေးဆွဲ အိမ်ထောင်ရေးကိစ္စကြောင့် မုံရွာမြို့နယ်တွင် တစ်ပတ်အတွင်း လူသတ်မှုနှစ်ခုဖြစ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေသတ်မှတ်ထားခြင်း ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော် Copyright © 2012 7Day News Journal. All rights reserved. Powered by Inforithm-Maze