သုံးမရသည့်အခြေအနေ မျိုးမဖြစ်စေရန်ထောက်ပြ | The Hot News Weekly Journal AdvertisingContact infoAbout UsJournal Download Subscribe: Posts | Comments The Hot News Weekly Journal ပင်မစာမျက်နှာသတင်းဆောင်းပါးအင်တာဗျူးမီဒီယာစာလွင်ပြင်ကဏ္ဍစုံအိတ်ဖွင့်ပေးစာကာတွန်းဓာတ်ပုံများJournal Download သုံးမရသည့်အခြေအနေ မျိုးမဖြစ်စေရန်ထောက်ပြAugust 7, 2012Home, သတင်း  မန္တလေးတိုင်းဒေသကြီးမဲဆန္ဒ နယ်အမှတ်(၆)မှ ဦးမျိုးမြင့်တင် သွင်းထားသည့် ““နိုင်ငံတော်၏ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များဖြင့် အကောင် အ ထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း ကြီးများသည် ဘက်ပေါင်းစုံမှ ရေ ရှည်ထိရောက် အကျိုးပြုစေရန် သီးခြားလွတ်လပ်သော အတိုင် ပင်ခံ အင်ဂျင်နီယာအဖွဲ့များ ငှား ရမ်းဆောင်ရွက်ရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း””  ပြည်နယ်နှင့်တိုင်း လွှတ်တော် ကိုယ်စားလှယ်ကြီး(၇)ဦးကထောက် ခံဆွေးနွေးကြရာတွင် ယခုအခါ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြရန် အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပါ စိတ်ဝင်စားလျက်ရှိကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက် သည့် လုပ်ငန်းမှန်သမျှ မိမိနိုင်ငံ အတွက် ထိုက်ထိုက်တန်တန်ရရှိ ပြီး နှစ်ဦးနှစ်ဖက် မျှတစွာအကျိုး ခံစားခွင့်များ ရရှိရန်လိုကြောင်း၊ ယနေ့ဝန်ကြီးဌာနအချို့၏ ကျင့် သုံးမှုများကို လေ့လာပါက စီမံကိန်း ဆိုင်ရာ ကွင်းဆင်းလေ့လာခြင်း၊  ဒီဇိုင်းပုံစံပြုစုခြင်း စသည်တို့တွင် အစမှအဆုံးအထိ လိုက်ပါဆောင် ရွက်လုပ်ကိုင်နိုင်ခြင်းမရှိသည်ကို တွေ့ရကြောင်း၊ ပြည်ပရင်းနှီးမြှုပ် နှံမှု ပြုလုပ်ကြသော ကုမ္ပဏီများ ၏ အတိုင်ပင်ခံ ထောက်ခံချက် ဖြင့်သာ အဆုံးသတ်ကြပါ ကြောင်း၊ စီမံကိန်းပြီးစီး၍ စီးပွား ဖြစ် လည်ပတ်ထုတ်လုပ်နိုင်သည့် လုပ်ကိုင်ခွင့်ကာလ Concession Periodဥပမာနှစ်(၃၀)(၄၀)(၅၀) စသည်ဖြင့် ကုန်ဆုံးပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲအပ် ချိန်တွင် သုံးမရသည့် အခြေအနေ မျိုးမဖြစ်စေရန် လွန်စွာမှ အရေး ကြီးကြောင်း။ ပြည်ပမှာ ပူးပေါင်းပါဝင် ရင်းနှီးမြှုပ်နှံမှုများကို ၀မ်းမြောက် စွာ ကြိုဆိုရမည်ဖြစ်သော်လည်း နှစ်ဦးနှစ်ဖက် မျှမျှတတအကျိုးရှိ မည့် မူဝါဒWin Win Policy ကို အခြေခံမှသာ ရေရှည်အကျိုးစီး ပွားဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ငွေ ကြေးအကူအညီရယူဆောင်ရွက် နေကြရသည့် စီမံကိန်းများ၏ စံချိန်စံညွှန်းမီပြီး အာမခံကာလ အတွင်း ရေရှည်အသုံးခံရေး၊ နည်း ပညာလွှဲပြောင်းရယူရေး စသည် တို့ကို မျက်ခြည်မပြတ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။ မိမိတို့နိုင်ငံ၏ နည်းပညာပိုင်း ဆိုင်ရာ အားနည်းချက်အပေါ် အခွင့်ကောင်းယူပြီး အရည်အ သွေးအပြည့်ဝသည့် စက်ရုံ၊ အလုပ် ရုံ၊ လေဆိပ်၊ ဟိုတယ်၊ ရေကာ တာ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်း၊ ဓာတ်အားပေး စက်ရုံ၊ လမ်း၊ တံတား စသည်တို့ ကို တော်ရုံတန်ရုံ စံချိန်စံညွှန်းမျှ နှင့် တည်ဆောက်သွားကြမည်ဆို လျှင် ယင်းတို့၏ Operation Period    ကုန်ဆုံးပြီးနောက် မိမိတို့ လက်ထဲပြန်အပ်သည့်အခါအကျိုး မရှိသည့်အပြင် အပျက်အစီးများ ပြုပြင်နေရသည်နှင့် အရှုံးပင်ပေါ် နိုင်ကြောင်း။ လွဲမှားသည့် စီမံကိန်းများ၏ ဆိုးကျိုးသည် ချက်ချင်းမပေါ် ပေါက်လာတက်သော်လည်း ကြာ လာသည်နှင့်အမျှ ကုစား၍ မရ နိုင်လောက်အောင် နက်နက်ရှိုင်း ရှိုင်း ခံစားတက်ရလေ့ရှိကြောင်း၊ မိမိတို့၏ သဘာဝသယံဇာတများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်ကို ပျက်စီးယိုယွင်းမှု အနိမ့်ဆုံးနှင့် အကျိုးအမြတ် မြင့် မြင့်မားမားရရှိရေးအတွက်ဆောင် ရွက်ရာတွင် ပညာရှင်အဖွဲ့များကို မဖြစ်မနေ  အသုံးပြုရမည်ဖြစ် ကြောင်း၊ ထို့ပြင် လွတ်လပ်ပွင့်လင်း မှု ရှိရေးသည်လည်း လိုအပ်ပါ ကြောင်း၊ ပွင့်လင်းမြင်သာမှုမရှိပါ က မိမိတို့ အကျိုးစီးပွားကို စောင့် ရှောက်နိုင်ရန် ခက်ခဲပါကြောင်း ဖြင့် ဆွေးနွေးကြသည်။ ပြည်နယ် နှင့်တိုင်းလွှတ်တော်ကိုယ်စားလှယ် များက ရှင်းလင်တင်ပြသွားကြ ပါသည်။ စိုးဝင်းနိုင် စိုးဝင်းနိုင်, သတင်း About Admin View all posts by Admin → SubscribeSubscribe to our e-mail newsletter to receive updates. Related Posts:နော်ဝေနိုင်ငံသားတစ်ဦး ငပလီတွင်ရေနစ်သေဆုံး… အင်တာနက်စာဖတ်ပရိသတ်အား အနူးအညွတ်မေတ္တာရပ်ခံခြင်း ကညန ရုံးကလည်းပွင့်လင်းမြင်သာတဲ့ခေတ်ရောက်ပါပြီဟုဆို ဆက်သွယ်ရေးဝန်ကြီးဟောင်းအပေါ် စုံးစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းလိုက်နာရန် အားလုံးတွင်တာဝန်ရှိ ← ရွှေတိဂုံစေတီတော်ပေါ်တွင် Wi-Fi အင်တာနက် အသုံးပြုလို့ရပြီကုန်းလမ်းပို့ဆောင်ရေးကဏ္ဍအဆင်ပြေချောမွေ့ရန်အတွက် ဂျပန်နိုင်ငံမှ City Bus အစီးရေ ၃၀၀၀ နိုဝင်ဘာလတွင် ရောက်ရှိမည် → No comments yet. Leave a ReplyClick here to cancel reply. You must be logged in to post a comment. Hot News Journal Official Webpage ကို လာရောက်ဖတ်ရှုသူအပေါင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ပြည်သူများကြားတွင်ဖြစ် ပေါ်နေသော Update သတင်းများကို အချိန်နှင့် တပြေးညီ ကြိုးစားဖော်ပြသွားပါမည်။ Hot News Weekly ၏ Official Facebook ကိုလဲ ၀င်ရောက် Like လုပ်ပေးခြင်းဖြင့် Webpage နည်းတူ Update သတင်းများကို သိရှိနိုင်ပါတယ်။ အားလုံးကိုကျေးဇူးတင် ရှိပါသည်။Faces Media Group ၏ အထွေးဆုံး စာပေသားငယ်ဖြစ်သော The Hot News weekly journal သည် Vol-1,No.52 တွင် တစ်နှစ်သားပြည့်ခဲ့ပါပြီ။ သားအကြီးဆုံး Faces မဂ္ဂဇင်း (10)နှစ်ပြည့်၊ သမီးလတ် ပေဖူးလွှာရသစုံ မဂ္ဂဇင်း(2) နှစ်ပြည့်နှင့် သားငယ် The Hot News Weekly journal (1) နှစ် ပြည့် သက်တမ်းကို ရောက်ရှိသည့်ထူးခြား သော နှစ်ဟု ခေါ်ဆိုနိုင်ပေသည်။The Hot News Weekly journal အနေဖြင့် " Global Thinks, Local Act"ဟူသော ဆောင်ပုဒ်နှင့်အညီ ခေတ်စနစ်နှင့် လျော်ညီသော ဒေသနှင့်ကိုက်ညီ သော နိုင်ငံအရေးတာဝန်များကို စတုတ္ထမဏ္ဍိုင်ပီသစွာဖြင့် အများပြည်သူ အကျိုးအတွက် ရဲရဲကြီး ဟောင်လျက်ပင် ရှိပါသည်။ နောက်ဆုံးထွက် ဂျာနယ် DownloadVol-3,No-126 ယခင်တစ်ပတ်ထွက် ဂျာနယ်Vol-3,No-125 Advertising FACES MAGAZINE & ပေဖူးလွှာ Facebook The Hot News ဂျာနယ်သို့ ဆက်သွယ်ရန် လာရောက် ကြည့်ရှုသူများCounter sitetumblr Hit Counter Hot News Moblie Apk Download ရယူရန်Hot News Mobile Application သည် Hot News စာဖတ်ပရိတ်သတ် မိတ်ဆွေ သင်္ဂဟအပေါင်းတို့ထံ အချိန်တိုအတွင်း သတင်းအချက်အလက်များ ရောက်ရှိနိုင်ရန် သတင်းအချက် အလက်များကို အချိန်နှင့် တပြေးညီ ဖတ်ရှုနိုင်ရန် နှင့် သတင်းများကို Offline ဖတ်ရှုနိုင်ရန် အစရှိ သော ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားပြီး Mobile Users များအတွက် အလွန်အသုံးဝင်မည့် application တစ်ခုဖြစ်မည်ဖြစ်ကြောင်း ယုံကြည်ပါသည်။ ဤ Hot News Mobile Application အား Install ပြုလုပ်လိုပါက http://www.bitmyanmar.com.mm/kanaung/hotnews တွင် မိမိတို့၏ Device များ (iOS or Android) ၏ Browser မှတစ်ဆင့် လာရောက် Download ပြုလုပ်ပြီး Install လုပ်နိုင်ပါသည်။ Download ဒီမိုကရေစီ မှာ စည်းကမ်းရှိဖို့လိုပြီ Advertise Here The Hot News Weekly Journal Copyright © 2013. All Rights Reserved.