၂၄ နှစ်တာ အတွင်း မြန်မာ၌ စီးပွားရှာနေသော ပြည်ပ ကုမ္ပဏီ ၅ဝဝ နီးပါးရှိ | Popularmyanmar dot com | All Myanmar News ပင်မ စာမျက်နှာဓမ္မအတွေးဆောင်းပါးများကာတွန်းများMyanmar Font DownloadFor Windows OSFor Linux OSကြော်ငြာကိစ္စ ဆက်သွယ်ရန် : Hot Line : 249 165 , 385 495 ပင်မစာမျက်နှာပြည်တွင်းသတင်းနိုင်ငံရေးရာ သတင်းနိုင်ငံတကာ သတင်းအနုပညာ ရေးရာပြည်တွင်း အနုပညာ ရပ်ဝန်းနိုင်ငံရပ်ခြား အနုပညာ သတင်းဂီတ ရပ်ဝန်းရုပ်ရှင် ဗီဒီယိုကိုရီးယား အနုပညာလှိုင်းအခြားသတင်းများနည်းပညာ သတင်းကျန်းမာရေး သတင်းသဘာဝ ပတ်ဝန်းကျင် သတင်းပို့ဆောင်ရေး သတင်းပညာရေး သတင်းအားကစားသတင်းခရီးသွား သတင်း Home » ပြည်တွင်းသတင်း »၂၄ နှစ်တာ အတွင်း မြန်မာ၌ စီးပွားရှာနေသော ပြည်ပ ကုမ္ပဏီ ၅ဝဝ နီးပါးရှိPosted by AF in ပြည်တွင်းသတင်း (ရန်ကုန်၊ ဇူလိုင် ၃၁) ၁၉၈၈-၈၉ မှစ၍ ၂၄ နှစ်တာ ကာလအတွင်း ပြည်တွင်း၌ နိုင်ငံခြား ကုမ္ပဏီ ၄၇၇ ခုတို့ကို လုပ်ကိုင် ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကန်ဒေါ်လာ  ၄၁ဝ၂၉ ဒသမ ၄ သန်း ရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။ ၁၉၈၈-၈၉ ခုနှစ်မှစ၍ ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့ အထိကဏ္ဍ များအလိုက်တွင် ပြည်ပ နိုင်ငံများက ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံမှု များကို အသေး စိတ် ဖော်ပြထားပြီး လျှပ်စစ် စွမ်းအင် ထုတ်လုပ်မှုမှာ ရင်းနှီး မြှုပ်နှံမှု စုစု ပေါင်း၏ ၄၆ ဒသမ ၄၇ ရာခိုင်နှုန်း နှင့် ပထမနေရာတွင် ရှိနေကြောင်း ဖော်ပြထားသည်။ ပြည်ပ ကုမ္ပဏီများအား ခွင့်ပြု ပေးထားသည့် ကဏ္ဍ ၁၂ ခုတွင် လျှပ်စစ် စွမ်းအင်၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ သတ္တုတွင်း၊ စက်မှု လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အပါအဝင် မွေးမြူရေးနှင့် သားငါး သယ်ယူ ပို့ဆောင်ရေးနှင့် မြို့ပြလူနေ အိမ်ရာ အဆောက်အအုံ တို့တွင် ပမာဏ အများဆုံးဖြင့် လုပ်ကိုင် နေကြသည်။ စက်မှု လုပ်ငန်းတွင် ကုမ္ပဏီ ၁၇ဝ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ကုမ္ပဏီ ၁၁၃ ခု၊ သတ္တုတွင်းတွင် ကုမ္ပဏီ ၆၆ ခု၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတွင် ၄၅ ခု၊ ရေလုပ်ငန်းနှင့် သားငါးတွင် ၂၅ ခု၊ မြို့ပြလူနေ အိမ်ရာ အဆောက် အအုံတို့တွင် ၁၉ ခုနှင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် ၁၆ ခုတို့မှာ အများဆုံး ဖြစ်ပြီး ကျန်ကဏ္ဍ များတွင် ကုမ္ပဏီ ၇ ခုနှင့်  အောက်တွင်သာ ရှိသည်။ လာရောက် ဖွင့်လှစ်ထားသည့် ပြည်ပ ကုမ္ပဏီများထဲတွင် စင်ကာပူ နိုင်ငံက ၇၅ ခုနှင့် အများဆုံး နေရာတွင် ရှိနေပြီး ၄င်းတို့ပြီးမှ ထိုင်း၊ ဗြိတိန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊ သြစတြေးလျ နိုင်ငံတို့ရှိနေသည်။ ပြည်ပနှင့်ချိတ်ဆက် လုပ်ကိုင်နေသူ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး က”စာရင်းတွေ ကြည့်ရသလောက် တရုတ်က ကုမ္ပဏီ ၃၄ ခုနဲ့ ကန် ဒေါ်လာ သန်းပေါင်း ၁၄ဝဝဝ ကျော် ရင်းနှီးမြှုပ်နှံ ထားမှုနဲ့ ပြည်ပ ရင်းနှီးမှုရဲ့ ၃၄ ဒသမ ၄၇ ရာခိုင်နှုန်း မှာရှိနေတယ်။ ကျန်တဲ့ ၃၈ ရာခိုင်နှုန်းကျော်က ထိုင်းနဲ့ ဟောင်ကောင်ပဲ၊ ကျန်တာတွေ က အများဆုံးမှ ၇ ရာခိုင်နှုန်းကျော် ကျော်လေးပဲ ရှိတယ်။ နောက်ပြီး ကဏ္ဍတွေ မှာလည်း လျှပ်စစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း ပေါင်းလိုက်ရင် ၈၆ ရာခိုင်နှုန်း လောက် ရှိနေတော့ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း ပေါများနိုင်တဲ့ ကဏ္ဍတွေမှာ လာလုပ်တဲ့သူ နည်းနေတယ် ဆိုတာ ပြနေတယ်။ အစိုးရသစ် အနေ နဲ့က အခြား ကဏ္ဍတွေမှာ ပြည်ပက လာ ရောက် ရင်းနှီးမြှုပ်နှံဖို့ တွန်းအားပေး ဖို့ လိုနေပြီ” ဟု ပြောသည်။ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဗြိတိန်နိုင်ငံ တို့မှာ ထိပ်တန်း စာရင်းတွင် ရှိနေပြီး စင်ကာပူ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ ဂျပန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရုရှားတို့ မှာ အဆင့် ၅ မှ အဆင့် ၁၅ နေရာ တွင် ရှိနေကြသည်။ မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု ပြုနေကြသည့် နိုင်ငံ ၃၂ နိုင်ငံ ရှိသွားပြီ ဖြစ်ပြီး ဘယ်လာရုစ်၊ အီးယူ အစရှိသည့် နိုင်ငံသစ်များ လာရောက် ရင်းနှီး မြှုပ်နှံမှု များပြုလုပ်ရန် ဆွေးနွေးခြင်း နှင့် လျှပ်စစ် စွမ်းအား ကို လေအားနှင့် စပါးခွံလောင် စာများအသုံးပြု၍ ပြည်တွင်း၌ ထုတ်လုပ်ရန်တို့ ပါဝင်သည် ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဇူလိုင် ၉ ရက်နေ့အထိ စာ ရင်းများ အရ ပြည်တွင်းကုမ္ပဏီ ၈၄၉ ခုက ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ပေါင်း ၁၇ဝ၄ဝ၅၇ ဒသမ ၄၅ အထိ ရှိ နေသည်။ ဆောက်လုပ်ရေး၊ လျှပ် စစ် စွမ်းအင်နှင့် စက်မှု လုပ်ငန်းများ တွင် ပြည်တွင်း ကုမ္ပဏီပေါင်း ၆၄၇ ခု တို့က ၇၉ ရာခိုင်နှုန်းကျော် ရင်းနှီး မြှုပ်နှံနေပြီး စိုက်ပျိုးရေး ကဏ္ဍတွင် မူ ကျပ်သန်းပေါင်း ၅၄၇ ဒသမ ၉ဝ ဖြင့် အနည်းဆုံး ဖြစ်နေသည် ကို တွေ့ရသည်။ ၂ဝ၁၂ ဇွန်လ ၃ဝ ရက်နေ့ စာရင်းများ အရ မြန်မာ ကုမ္ပဏီ ၂၈၄ဝ၃ ခု၊ နိုင်ငံခြား ကုမ္ပဏီနှင့် ဌာနခွဲများ ၁၃၅၆ ခု၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် ကုမ္ပဏီ ၁ဝ၇၂ခု၊ ဖက်စပ်ကုမ္ပဏီ ၇၂ ခုနှင့် အဖွဲ့အစည်း ၄၉ ခု တို့ဖြင့် မှတ်ပုံတင် ထားသည့် ကုမ္ပဏီနှင့် အဖွဲ့အစည်း စုစုပေါင်း ၃ဝ၉၅၂ ခု ရှိသည်။PN-051 ဆက်နွယ်သည့် သတင်းများ» ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ တိုင်းရင်းသား ၂ဝဝဝ ကျော် ဗုဒ္ဓ အဆုံးအမ ခံယူမည်» ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီတာဝန် ထမ်းဆောင်ခွင့်မရှိသော သမ္မတဦးသိန်းစိန် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌအဖြစ် ထပ်မံရွေးကောက်ခံရ» တောင်ဒဂုံ စက်မှုဇုန်မြေ ပေါက်ဈေးထက် လျှော့၍ ရောင်းချနေ» လွတ်လပ်စွာ တင်သွင်းခွင့်ကြောင့် ကားဈေးများ ထပ်ကျနိုင်သော်လည်း ယခုထက် ထိခိုက်ရန် မရှိတော့ဟု ဆို» ခိုးယူလာသော ကလေးငယ်များကို အပ်နှံ၍ ဆိုင်ကယ်လိမ်လည်မှု နေပြည်တော်တွင် ဖြစ်ပွား» ယာယီ ဆင်မလိုက်ဈေး ဆက်လက် ထားရှိမည့်အရေး မြေကွက် ပိုင်ရှင်များ ခွင့်ပြုပေးတော့ မည်မဟုတ်» ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများတွင် ပြည်တွင်း လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံတော့မည်» ပဲဈေးကွက်၏ ဒဏ်ရာဒဏ်ချက် သုံးခွမြို့ပေါ် အရောင်းအဝယ်ပျက်» တောင်ကုတ်တက္ကသိုလ် ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်» ယာဉ်လုပ်သားများအား ပြင်းထန်စွာအရေးယူခြင်း ပြုပြင်ပြောင်းလဲရန်လို» ထိုင်းဘုရင် အုတ်ဂူနှင့် နာမည်ကျော် အချို့၏ အုတ်ဂူများ ရှိသော လင်းဇင်းကုန်း သုသာန် ပြောင်းရွှေ့မည့် အစီအစဉ် ဆိုင်းငံ့» ၂ဝဝ၁ခုနှစ်မှ ၂ဝ၁၂ခုနှစ်အတွင်း ဆင်ဆာအဖွဲ့ ခွင့်မပြုခဲ့တဲ့ ကျန်ဇာတ်ကား ၄ဝ စာရင်းထွက်ရှိ» "ပြည်ကြီးတံခွန်ကျူးကျော်များအား တရားစွဲနည်းလမ်းဖြင့် ဖယ်ရှားမည်"» ကြုံရာအိတ်ဖြင့် အမှိုက်ပစ်သော စည်ပင်ဈေးမှ ဆိုင်များအား အရေးယူမည်» ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် လက်တစ်လုံးခြား ကစားခံရ» မြန်မာ့ပညာရေးကဏ္ဍာ ဖွံ့ဖြိုးရေး အီတလီ ကူညီမည်ဟု ဆို» အင်းလေးသူများ ဝင်ငွေတိုးစေရေး စက်ချုပ်သင်တန်းပေး» ရပ်နားထားခဲ့သည့် မူပိုင်ခွင့် အထူးပြု သင်တန်းအချို့ ပြန်ဖွင့်မည်» ယာဉ်ဟောင်း အစားထိုး ကားနံပါတ် ၉(ဂ) ချပေးမည်» မြန်မာ့ရထား မြန်နှုန်းမြှင့်ပေးရန် ဂျပန် ကြိုးပမ်းနေAdvertisementFind Us On Facebookပြည်တွင်းသတင်းနော်ဝေနှင့် မြန်မာပန်းပု ပညာရှင်များ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ထုဆစ်ပြိုင်ပွဲ ကျင်းပမည်ပုသိမ်ခရိုင်လုံး ဆိုင်ရာ ရွှေကျင် နိကာယ ဝိနယစာပြန်ပွဲ ဓမ္မသဘင် ကျင်းပမည်ရေဆိုး သန့်စင်စက် လှူဒါန်းခြင်းနှင့် စတင်ဖြန့်ချိခြင်း အခမ်းအနား ကျင်းပရွှေပြည်သာမြို့နယ် လိန်ကုန်းတံတားသစ် ဖွင့်ပွဲ ကျင်းပပြည်တွင်း လေကြောင်းလိုင်းသစ် အချို့ ဦးစားပေးဈေးလျှော့ စနစ်ဖြင့် ဈေးကွက်ဖောက်လာပြည်တွင်းအနုပညာသတင်းသရုပ်ဆောင် စိုးသူ၏ မိခင်ဈာပန ဂူသွင်းသဂြုင်္ိဟ်မန်းမှ ရုပ်ရှင်နှင့် စာပေထူးချွန်ဆု ရသူများကို ဂုဏ်ပြုပွဲကျင်းပActor Stars အဖွဲ့ မော်လမြိုင် လက်ရွေးစင်ဟောင်းများကို အနိုင်ရမွေးနေ့ အထိမ်းအမှတ် မိဘမဲ့ကလေး ၅ဝ ကို တိရစ္ဆာန်ဥယျာဉ် လိုက်ပို့ပေးတဲ့ ဇော်ဝင်းထွဋ်“အိုလစ်ဆိုတဲ့ ခပ်သွက်သွက် ကောင်မလေးဇာတ်ရုပ်နဲ့ နန်းမြတ်ဖြိုးသင်း”ကျန်းမာရေး သတင်း“နေပြည်တော် ဆေးရုံလေးရုံ စီမံကိန်းသည် ပြည်သူ့ဘဏ္ဍာ ဖြုန်းတီးခြင်းဟု ဆို”“အောင်စကြာ မိုးကုတ်ဝိပဿနာမှ မျက်စိဝေဒနာရှင်များအား တစ်နှစ်လုံး အခမဲ့ ကုသပေးမည်”“လောက်ကိုင်တွင်တွေ့သော ကာကွယ်ဆေးအသွင်ပြောင်း ပိုလီယိုပိုး မကူးစက်စေရေး ထိန်းချုပ်ထားနိုင်”“ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု လူနှင့်စမ်းသပ်ရန် ကျန်နေသေး”နည်းပညာ သတင်းစတုတ္ထအကြိမ် Bar Camp ရန်ကုန်ပွဲ၌ နည်းပညာပိုင်း ဆိုင်ရာ ဆွေးနွေးသူ များပြား“ဆီးဂိမ်းဝိုင်ဖိုင် အင်တာနက်ထုတ်လွှင့်ခွင့် ပြည်တွင်းကုမ္ပဏီနှစ်ခု ရရှိ”“ပြည်ပမှ ကြိုသွင်းထားသော ဟန်းဆက် ဖုန်းသစ်မထွက်သေးသဖြင့် အသက်ငင်”“Web Developer တို့၏ အနာဂတ်သည် မရေရာ”ပညာရေး သတင်း“အမေရိကန် ပက်စီ ပံ့ပိုးမှုဖြင့် စီးပွားရေးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း ဖွင့်မည်”“၁၄ နှစ်ကြာ ရပ်ဆိုင်းထားသော မြို့ပြဖွံ့ဖြိုးမှု ဘွဲ့လွန်ဒီပလိုမာ ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ပြန်ဖွင့်”“ဘာသာရပ် ၃ ခု ဂျပန်တက္ကသိုလ်နှင့် ပူးပေါင်း သုတေသနပြုမည်”“တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုဂျာနယ် ယခုနှစ် ထွက်တော့မည် မဟုတ်”သဘာဝ ပတ်ဝန်းကျင် သတင်း“အပူပိုင်းဇုန် ရေရရှိရေး ဂျပန်အကူအညီဖြင့် စတင်”“လိပ်မျိုးစိတ်ကာကွယ်သော လက်မှတ်ရှိမှ အမေရိကန်သို့ ရေထွက်ကုန် ပို့ခွင့်ရမည်”“ချပ်သင်းနှင့် မင်းစုံတောင်ထိန်းသိမ်းရေး လန်ဒန်အခြေစိုက်အသင်းနှင့် သစ်တော ပူးပေါင်းဆောင်ရွက်မည်”“မတ်လတွင် အချိန်အခါမဟုတ် မိုးသက်လေပြင်း ကျနိုင်”Hot Line : 249 165 , 385 495Designed by AsiaFame Media Group | Powered by Wordpress