ace4age: မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ကြောင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား Labelsပင်မစာမျက်နှာ မြန်မာ့ရေးရာ သိပံ္ပဗဟုသုတ မှတ်စုများ အားကစား ကာတွန်း ကျန်းမာရေး ပညာရေးဆိုင်ရာ ဆောင်းပါး လွင်ပြင်ရပ်ဝန်း နိုင်ငံ့ ခေါင်းဆောင်အဆိုမိန့်ခွန်းများ Tuesday, September 25, 2012 မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ကြောင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား မြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က အရပ်သားများကို ပေးအပ်သည့် ဆုများအနက် အမြင့်ဆုံးဖြစ် သည့် Congressional Gold Medal ဆုကို လက်ခံရယူရန် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည်က CNN နှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ''မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့တာ Sanction ကြောင့်လို့ မထင်ပါဘူး။ ကမ္ဘာ့ငွေကြေးအဖွဲ့ IMF ရဲ့ စစ်တမ်းတွေကို ကျွန်မ ကိုးကားပြီးပြောလေ့ရှိပါတယ်။ မြန်မာ့စီးပွားရေး ချွတ်ခြုံကျရတာဟာ Sanction ကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲညံ့ဖျင်းခြင်းကြောင့်ပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး တွင် ပြောကြားခဲ့ပါသည်။ သို့သော် လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များသည် စီးပွားရေးပိတ်ဆို့မှုတစ်ခု တည်းကြောင့် ဖြစ်ပေါ်ခဲ့သည်မဟုတ်သော်လည်း နိုင်ငံရေးအရ အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်ကြောင်းလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင် ဖြေကြားခဲ့ပါ သည်။ အမေရိကန်သို့ တင်သွင်းသည့် မြန်မာ့ထွက်ကုန်များအပေါ် ပိတ်ဆို့ထားသည့် export sanction ကို ပယ်ဖျက်ပေးရန်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ''ရုပ်သိမ်းသင့်ပြီလို့ ထင်ပါတယ်။ လုံးဝရုပ်သိမ်း တာ မဟုတ်ရင်တောင်မှ လျော့ချတာမျိုးလုပ်လို့ ရပါတယ်။ အဲလိုလုပ်တာကို ကျွန်မအားပေးမှာပါ။ ကျွန်မတို့ ပြည်သူတွေကို သူတို့လုပ်နိုင်တာပြဖို့ အခွင့်အရေးပေးရမယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်''ဟု အင်တာဗျူးတွင် တိုက်တွန်းပြောကြားခဲ့သည်။ စက်တင်ဘာလအတွင်းက နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင် မိမိတို့ NLD  အပါအ၀င် ပါတီအဖွဲ့အစည်းများ၏ စာရင်းရှိ နိုင်ငံရေးသမားများ လွတ်မြောက်လာခြင်းမရှိကြောင်းနှင့် အမြန်ဆုံး လွတ်မြောက်ရန်ထင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရမှုများနှင့် ပိတ်ဆို့မှုများသည် ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်ခြင်းဟု မယူဆကြောင်း၊ စစ်ဗိုလ်များကို သဘောကျကြောင်းနှင့် ဖခင်တည်ထောင်ခဲ့သော စစ်တပ်ဖြစ်သောကြောင့် လုပ်ရပ်များကို သဘောမကျလျှင်ပင် မေတ္တာရှိကြောင်း စစ်တပ်အပေါ်ထားသည့် သူမ၏သဘောထား ကို ဖြေကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူများမပါဝင်ခဲ့လျှင် ဖြစ်နိုင်မည်မဟုတ်ကြောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မည်မျှအနိုင်ရရှိမည်ကို ပြောရန်စောသေးကြောင်းနှင့် လာမည့်ရွေးကောက်ပွဲမတိုင်မီ တကယ့်ဒီမိုကရေစီ တည်ဆောက်ရေးကသာ ပိုမိုအရေးကြီးပြီး လုပ်ဆောင်ချက်များကသာ ၂၀၁၅ ခုနှစ်အတွက် ဆုံးဖြတ်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ကွဲကွာနေသော သားကြီးနှင့် ၎င်းတို့အကြား ဆက်ဆံရေးနှင့်ပတ်သက်၍ အင်တာဗျူးတွင် ''ကျွန်မသားနဲ့ ကျွန်မ မစိမ်းပါဘူး။ အချင်းချင်း နှစ်ပေါင်းများစွာ မတွေ့ကြတဲ့လူတွေကို ဒီလိုပဲပြောချင်ကြမယ်လို့ ထင်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ လာရောက်ရင်း နှီးမြှုပ်နှံမည့်သူများသည် ၎င်းတို့အတွက်အပြင် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျော့မှုကို မိမိအနေဖြင့် အလေးအနက်ထောက်ခံ ပါကြောင်းနှင့် ပိတ်ဆို့မှုများ အဆုံးသတ်ရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန်နှင့် တွေ့ဆုံပြီး နောက်ပိုင်းတွင်လည်း ပြောကြားခဲ့သည်။ ထို့အတူ အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမားကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်မှုကို အမေရိကန်အနေဖြင့် ကူညီမည်ဖြစ်ကြောင်းလည်း ပြောကြားထားပါသည်။ အမေရိကန်အပါအ၀င် အနောက်ဥပရောပသမဂ္ဂနိုင်ငံများမှ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ပြန်လည်ဖြေလျော့မှုများ ပြုလုပ်ခဲ့သည်။Ref: Eleven Media Group Posted by Lu Sol at 9:13 PM Email ThisBlogThis!Share to TwitterShare to Facebook Labels: ပင်မစာမျက်နှာ, မြန်မာ့ရေးရာ No comments: Post a Comment Newer Post Older Post Home Subscribe to: Post Comments (Atom) To Myanmar PresidentPresident Office of Myanmar Government Digital clock Hit counters AdvertisementLaptop Price DetialsFind Jobs In Myanmar There was an error in this gadget Blog Archive ▼  2012 (363) ►  December (36) ►  November (45) ►  October (24) ▼  September (81)နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ...မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ အက်ဖ်အမ်များမှ အနု...ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှ တိုင်းဒေသကြီးဝန်ကြီ...တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက် ရန်ကုန်နည်းပညာတက...ခြေခြေမြစ်မြစ် ၊ နှစ်နှစ်ကာကာသိမှရေးစေလိုပါသည်ပြပွဲခန်းမများ၊ရုံးခန်းများနှင့် ဈေးဝယ်စင်တာများပ...နိုင်ငံပေါင်း ၁၇နိုင်ငံနှင့် ပြည်တွင်းကုမ္ပဏီများ ပ...ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လွှတ်တော်အမတ်...မြန်မာ့ပို့ကုန် ပိတ်ပင်ထားမှု အမေရိကန် ဖြေလျှော့မည်...နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် သမ္မတဟောင်း ဘ...တစ်ခါတစ်လေတော့လည်း အားမပေးပါ။...ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းေ...ABSDF ဖြစ်ရပ်များအား စုံစမ်းစစ်ဆေးပေးရန် အောက်တိုဘ...မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျမှုသည် စီးပွားေ...နိုင်ငံတော်အကြီးအကဲတစ်ဦး၏ နှစ်ပေါင်း ၄၆ နှစ်အတွင်း...အမေရိကန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင...အာဆီယံအမျိုးသမီးပြိုင်ပွဲဗိုလ်လုပွဲ၌ အိမ်ရှင်ဗီယက်...လက်ငင်း၊ အရစ်ကျ၊ ဘဏ်ချေးငွေစနစ်များဖြင့် အိမ်စီးကာ...လေးထပ်နှင့်အထက်အဆောက်အအုံများတွင် ကားပါကင် ပါဝင်ရမ...စင်ကာပူအခြေစိုက် WPG ဟိုတယ်အုပ်စုက နေပြည်တော်တွင် ...အင်္ဂလန်လက်ရွေးစင်အသင်းနှင့် မန်စီးတီးအသင်း နည်းပြဟေ...မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးနှုန်း အိတ...နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံ ...ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက 'ဘင်္ဂါလီ'ဆိုသည့် အသုံးအနှုန်... ရန်ကုန်မြို့ တစ်ပြေးညီဖွံ့ဖြိုးစေရန် မရမ်းကုန်ြး...ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ခရီးသည်တင်ယာဉ်အစီး ...လာမည့် နွေရာသီကာလတွင် ရန်ကုန်မြို့တော်၌ သဘာဝဓာတ်ငေ...တော်လှန်ရေး ရဲဘော်ဟောင်း စာရေးဆရာ ဝမ်းအိုဝမ်း ကျော...ပြည်ခိုင်ဖြိုးပါတီက မဲမသမာမှုနှင့် တရားစွဲဆိုထားမှုမ...နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေး...အပြည်ပြည်ဆိုင် ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရ... သမ္မတဦးသိန်းစိန်အား တရုတ်တက္ကသိုလ် ဂုဏ်ထူး ဆောင်ဒေ... မြန်မာအပေါ် ဘဏ္ဍာရေးအကူအညီ ကန့်သတ်မှု ဖြေလျှော့ရေး အ...အပြည်ပြည်ဆိုင် ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရ...ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံတွင် အမေရိကန်ကွန...မြို့တော်ခန်းမရှေ့တွင်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ရွှေတိဂုံစေတီတော်သို့ ၂၀၁၂ ခုနှစ် သြဂုတ်လအထိ နိုင်င...၂၄နာရီပတ်လုံး ၀န်ဆောင်မှုပေးမည့် အခမဲ့ အရေးပေါ်လူနာ ...ရန်ကုန်မြို့တော် မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်...သေဒဏ်ချမှတ်ခံရပြီး ၂၇ နှစ်ကြာ ထောင်နန်းစံနေရသော ကေ...ဒုတိယမြောက် အမျိုးသမီးသံအမတ် ဒေါ်ယဉ်ယဉ်မြင့်ဖြစ်လာမီဒီယာသမားများ တရားစွဲခံရလျှင် ဥရောပသမဂ္ဂကူညီမည်မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသ... ဂျာမနီနိုင်ငံ အခြေစိုက် CONDOR လေကြောင်းလိုင်း န... အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် ပြစ်ဒဏ်လွတ်ငြိ...မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အေ...တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ ပို့ကုန်များအပေါ် နည်...ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ...၈ ရက်အတွင်း ဒုတိယအကြိမ်မြောက် အရေးပေါ်လှေကားပြုတ်ပြ...ဟန်ပြတပ်ထားသည့် အရေးပေါ် လှေကားများကြောင့် နေထိုင်သ...ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အိမ်အကူမိန်းကလေ...နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအဖြစ် မြန်မာသို့ ...သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ သုံးရက်ကြာသွားရေ...အ.ထ.က (၄) အလုံတွင် တွေ့ရှိခဲ့သော စစ်ကျန်ဗုံးဟောင်း...ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုရန် El...အမေရိကန်နိုင်ငံ၌ ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေ ညီလာခံ...မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ အမေ...ဆရာတော် ဦးဥတ္တမနေ့ကို ပြန်လည်ကျင်းပခွင့်ပြုပုဇွန်တောင်မြို့နယ်တွင် စက်တင်ဘာလ ၆ ရက်နေ့က ဖြစ်ပွ...တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မြန်မာဗီဒီယို ဇာ...တိုက်အနောက်ဘက် (၆) လွှာမှ အရေးပေါ်လှေကား နှင့်အတူ အမ...ကမာရွတ်မြို့နယ်ရှိ တိုက်ခန်းအတွင်း ပုပ်ပွနေသော ၁၃ ...လမ်းမတော်မြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားကျောက်တန်းမြို့နယ်ရှိ လယ်ယာများကို ၁၉၉၇ ခုနှစ်ကတည်...နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဥက္ကဌနှင့် ...ထူးခြားဖြစ်စဉ်မာစတာကတ်အသုံးပြုမှု မြန်မာနိုင်ငံတွင် ပထမဆုံးမြင်တေ...တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ...ဖုန်းလိုင်းတွေအတွက် DWDM စနစ်သုံးနိုင်ဖွယ်ရာရှိနေမြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ သြဂုတ်လကုန်အထိ အမေရိ...ကျပ်ငါးထောင်တန် ငွေဖြည့်ကတ် ထပ်မံထွက်ရှိမည်တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်... ‘မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန...ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို...ပြင်သစ်တိုတယ်ရေနံကုမ္ပဏီ မုတ္တမကွေ့ရှိ M 11 လုပ်ကွက်...နေ့ /ညမပြတ် လျှပ်စစ်ဓာတ်အားများရရှိလာ၍ ပဲခူးမြို့လ...ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အား ကာကွယ်ရေးဝန်ကြီးဌာန ...အရွယ်မရောက်သေးသူကလေးသူငယ် ၄၂ ဦးကို စစ်မှုထမ်းဆောင်...ကချင်ပြည်နယ်အတွင်း တစ်နှစ်ကျော်ကြာဖြစ်ပွားနေသည့်စစ...ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ပတ်သက...ယာဉ်စည်းကမ်း ချိုးဖောက်မောင်းနှင်ပါက ယာဉ်မောင်းမျာ... ►  August (82) ►  July (46) ►  June (49) Template images by 4x6. Powered by Blogger.