သတင်းဆောင်းပါး — အောက်တိုဘာလ ၁၆၊ ၂၀၁၂
၂ဝ၁၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ တွေ့ရသည့် ဦးဇော်ဇော်

၂ဝ၁၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ တွေ့ရသည့် ဦးဇော်ဇော်

မြန်မာနိုင်ငံသည် အတိတ်က ဆင်းရဲသော၊ ဖိနှိပ်သော အထီးကျန်နိုင်ငံ အဖြစ်ကို ခါချဖယ်ရှားရန် အပြင်းအထန် ကြိုးစားလျက် ရှိသည်။ လာမည့် ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရ ပါက ထိုအောင်ပွဲကို သူလက်ခံပါမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောပါသည်။ ထိုနိုင်ငံကား၊ သယံဇာတ ပေါကြွယ်ဝလှသည်။ အိန္ဒိယ၊ တရုတ်နှစ်နိုင်ငံစလုံးနှင့် နယ်ချင်း စပ်လျက်ရှိပြီး ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ ဖြည့်ဆည်း ပေးတော့မလို ရှိသည်။ ထိုနေရာတွင် စီးပွားရေး လုပ်လိုပါသလား။ အခက်အခဲ အတားအဆီး များကို အမြန်သိနိုင်ရန် ဖော်ပြ လမ်းညွှန်လိုက်ပါသည်။

-       အရည်အချင်းပြည့် ရှေ့နေတစ်ဦးကို ရှာပါ။

မြန်မာ၏ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုများက ပြင်ပ ရင်းနှီးမြှုပ်နှံသူများကို ဥပဒေနှင့် အုပ်ချုပ်မှု ပြဿနာများ ပေးပါ လိမ့်မည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ အပြီးမသတ် သေးသော်လည်း ဒေသခံ စီးပွားရေး လုပ်ငန်း ရှင်များနှင့် ဖက်စပ် လုပ်ငန်းများ လုပ်ရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို တောင်းဆိုနိုင်စရာ ရှိပါသည်။

-       ယခင်အစိုးရနှင့် အဆက်အစပ် ရှိသော ကုမ္ပဏီများကို ရှောင်နိုင်လျှင် ကံကောင်း။

ထိုနိုင်ငံသည် ၂ဝ၁၁ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ အကျင့်ပျက် ခြစားမှုညွှန်းကိန်းတွင် နောက်ဆုံး မှစ၍ ရေတွက် လျှင် ပူးတွဲ ဒုတိယ ရပါသည်။ စစ်အစိုးရနှင့် မနီးစပ်သည့် အောင်မြင်သော ဒေသခံများကို ရှာရန် ခက်ခဲ ပါသည်။ ယခင် အစိုးရ၏ ခရိုနီမဖြစ်ဘဲ စီးပွားရေး လုပ်ငန်း ထူထောင်အောင်မြင်ရန် မဖြစ်နိုင်ဟု International Crisis Group (ICG) ဇူလိုင် အစီရင်ခံစာတွင် ဆိုပါသည်။

- သင့်တော်ရာ ပါတနာ အတွက် ရှည်ကြာခက်ခဲသော ရှာဖွေမှု ပြုရန် ကြိုတင်ပြင်ဆင်ပါ။

- သင်နှင့် စီးပွားဖက်မှာ မည်သူမည်ဝါ ခွဲခြားနိုင်ရန်ပင် ခက်ခဲနိုင်ပါသည်။

အင်တာနက်နှင့် မီဒီယာမှာ ဘယ်သူဘယ်ဝါ ခွဲခြား မပြောနိုင်ပါ။ အတွင်းလူများသာ ပြောနိုင်ပါလိမ့်မည်။

- သို့သော် မြန်မာစီးပွားရေး လုပ်ငန်းရှင်များမှာ ကိုယ့်ကိုယ်ကို အသွင်ပြောင်းနိုင်သူများဖြစ်သည်။

စစ်အစိုးရနှင့် အဆက်အစပ် ရှိသည်ဟု အမေရိကန်က နာမည်ပျက်စာရင်း သွင်းခံထားရသူများက သူတို့သည် စစ်အစိုးရ ခရိုနီများ မဟုတ်ကြောင်း ငြင်းဆိုကြပါသည်။ မက်(စ်) မြန်မာ၏ ဦးဇော်ဇော်က သူသည် မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ရေး နှင့် အလုပ်အကိုင် ဖန်တီးရေးကို ဇောက်ချ လုပ်ကိုင်နေကြောင်း ပြောသည်။ လွန်ခဲ့ သည့်နှစ် စက်တင်ဘာ လတွင် ဘောလုံးပွဲ တစ်ခု၌ ဒေါ်အောင်ဆန်းစုကြည်နှင့်ပင် ဘေးချင်းယှဉ်လျက် ဓာတ်ပုံ အရိုက်ခံခဲ့ပါသည်။ ၂ဝဝ၈ တွင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိတ်ဆို့ဒဏ်ခတ်ခံခဲ့ရသူ စာရင်းဝင်၊ အချမ်းသာဆုံး မြန်မာ့စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး ဦးတေဇက အမေရိကန် စွပ်စွဲသလို သူသည် လက်နက် ကုန်သည်တစ်ဦး မဟုတ်ကြောင်း၊ စစ်အစိုးရ လက်နက် ကိုင် လူယုံတော်လည်း မဟုတ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အဖမ်းမခံရမီ ၁၉၈၉ မတိုင်ခင်က သူ့မိသားစုခြံဝင်း အတွင်း နေထိုင်ခဲ့ဖူးကြောင်း ဆိုပါသည်။

-       နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်၍ သိပ် စိတ်မလှုပ်ရှားပါနှင့်ဦး။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် အစိုးရနှင့် ကချင်လွတ်လပ်ရေး လှုပ်ရှားသူများ အကြား လောလောဆယ် စစ် ဖြစ်နေပါသည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့(HRW) အဆိုအရ နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ ကျန်ရှိနေဆဲ ဖြစ်ပါသည်။

-       ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုများက ဝရုန်းသုန်းကား။

သမ္မတ ဦးသိန်းစိန်မှာ ပြုပြင် ပြောင်းလဲမှုများကို တွန်းလုပ်နေပါသည်။ သို့တစေ ဘဏ္ဍာရေး အဖွဲ့အစည်းများ တည်ထောင်ရန် အစိုးရတွင် အတွေ့အကြုံမရှိပါ။ ဧပြီလတွင် အစိုးရက ကျပ်ငွေကို အရှင်မျှောခဲ့သည်။ နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်တွင် လွတ်လပ်သော ဗဟိုဘဏ်က ထိထိရောက်ရောက် ကြားဝင်နိုင်စွမ်း မရှိခင် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ “ဗဟိုဘဏ်တွင် နိုင်ငံခြား အရံငွေ ကိုင်ထားနိုင်ခြင်းလည်း မရှိ၊ အချိန်နှင့်  တစ်ပြေးညီ သတင်းထုတ်ပြန်ရန် လိုအပ်သော ကြိုတင် သတိပေးစနစ်လည်း မရှိ”ဟု CG က ဆိုပါသည်။

-       သို့သော် မြန်မာသည် ထူးထူးခြားခြား သဘာဝ အလှအပ နေရာတစ်ခုဖြစ်ဆဲ၊ သယံဇာတ ပေါကြွယ်ဆဲ။

ရေနံနှင့် ဓာတ်ငွေ့အပြင် ကျောက်မီးသွေး၊ ကြေးနီ၊ ကျောက်စိမ်းနှင့် အခြား တွင်းထွက်သတ္တုများလည်း မြန်မာတွင် ရှိပါသည်။ ၁၉၆ဝ ခုနှစ် များအတိုင်မီက အာရှထိပ်ဆုံး ဆန်စပါးတင်ပို့သူ ဖြစ်ခဲ့ဖူးပါသည်။ ကမ္ဘာ့ ကုန်သွယ်ရေး၏ ဆုံချက်တွင် တည်ရှိနေပါသည်။ ထို့ပြင် ကြီးမားသော အခြေခံ အဆောက်အအုံ စီမံကိန်း များလည်း ရှိပါသေးသည်။

Ref: By Naomi Rovnick

ဝ၄ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (0)

မှတ်ချက်ပေးရန်

သင်၏ အီးမေးလိပ်စာအား အခြားသူများကို မဖော်ပြပါ။ မှတ်ချက်ပေးရန် လိုအပ်သော အချက်များအား * ပြထားသည်။

*


*

အောက်တွင် ဖော်ပြထားသော HTML tags နှင့် attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> များကို သင်၏မှတ်ချက်တွင် ထည့်သွင်း အသုံးပြုနိုင်သည်။