Wednesday, September 19, 2012
ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခြေခံလုပ်ငန်း သင်တန်းဖွင့်ပွဲ ကျင်းပ
(မော်လမြိုင် စက်တင်ဘာ၁၈)
မွန်ပြည်နယ်
မော်လမြိုင်မြို့ ဖက်တန်းရပ် ပြည်နယ်ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီက
ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ အခြေခံလုပ်ငန်း
သင်တန်းဖွင့်ပွဲ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်
ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ မွန်ပြည်နယ် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊
မွန်ပြည်နယ် ဥပဒေချုပ် ဦးဝင်းကြည်၊ မွန်ပြည်နယ် စာရင်းစစ်ချုပ်
ဒေါ်ခင်ခင်မျိုး၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာန
ဆိုင်ရာများ၊ သင်တန်းနည်းပြ အရာရှိများ၊ ပြည်တွင်းကုန်သည် ကြီးများနှင့်
စက်မှု လုပ်ငန်းရှင်များ၊ သင်တန်း တက်ရောက်မည့် သက်ဆိုင်ရာ ဦးစီးဌာန
လုပ်ငန်းများမှ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူ ၈၃ဦး တက်ရောက်
ခဲ့ကြသည်။
အခမ်းအနားတွင်
မွန်ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြား ရာတွင် မွန်ပြည်နယ်
အစိုးရ အဖွဲ့မှ ပြည်သူများက ရွေးချယ်တာဝန် ပေးအပ်ခဲ့ပြီး အဖွဲ့သက်တမ်း တစ်နှစ်ကျော်
ကာလ အတွင်း ပြည်နယ် ၏ စီးပွား ရေးဖွံ့ဖြိုး တိုးတက်မှု အဟုန်မပျက်
ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်နယ် အစိုးရ၏ မဏ္ဍိုင်(၄)ရပ် ခိုင်မာ
လာစေရန် ပြည်နယ် လွှတ်တော်မှလည်း ဥပဒေ ပြုရေးဆိုင်ရာ ကိစ္စရပ် များ
ဆွေးနွေးညှိနှိုင်း သုံးသပ် ဆောင် ရွက်ခဲ့ ကြသည့်အတွက် ယနေ့ မွန်ပြည်နယ်သည်
စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် တိုးတက်လာပြီး အေးချမ်း သာယာစွာ
ရှိနေသည်ကို တွေ့မြင်ရမှာ ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းနှင့်
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များကို အဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေ၊
နည်းဥပဒေ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း သတ်မှတ်ချက် များနှင့် အညီ
ကြိုးပမ်းသွား ကြရန် ပြောကြားကာ မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူး ဦးဝင်းစိုးလင်းက သင်တန်းဖွင့်လှစ်
ခြင်းဆိုင်ရာ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြ ခဲ့
ကြောင်း သတင်းရ ရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment