Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
တစေ့တစ်စောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအကြောင်း

8/Nov/2012

E-Mail this article Printable Version


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

ဥပဒေကို စီးပွား ရေးလောက၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူ တွေ၊ နိုင်ငံရေးနယ်ပယ်အုပ်ချုပ်ရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ၊ ပြီးတော့ စာနယ်ဇင်းတွေရဲ့ စိတ် ပါဝင်စားမှုတွေ အများကြီးရရှိခဲ့ပြီး ကိုယ့် ရှုထောင့်နဲ့ကိုယ် စိုးရိမ်ပူပန်မှုတွေ ထုတ်ဖော်ခဲ့ ကြပါတယ်။ အခု ထွက်ပေါ်လာတဲ့ ဥပဒေသစ် ဟာ စိုးရိမ်ပူပန်မှုအတော်များများ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မဝင်မှာ စိုးရိမ်တဲ့သူ တွေကို အတော်အတန် စိတ်သက်သာခွင့်ရသွား စေခဲ့ပါတယ်။

 ဆက်ပြီး ရတက်မအေးနိုင်ကြတာတွေက တော့ ရှိနေသေးတာပါ။

    -    နည်းဥပဒေ မထွက်သေးတာ

    -    ရင်းနှီးမြှုပ်နှံမှု ကော်မရှင်များ လုပ် ပိုင်ခွင့်တွေ များနေမလားလို့ စိတ်ပူ တာ

    -    အရင်ဥပဒေဟောင်းတုန်းကလည်း ကောင်းတော့ ကောင်းပါရဲ့။ ရင်းနှီး မြှုပ်နှံမှုတွေ တကယ်ဝင်မလာခဲ့တာ

    -    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာ ခဲ့ရင် ပြည်တွင်းလုပ်ငန်းတွေမှာ ဝန် ထမ်းဆက်ထိန်းထားနိုင်ဖို့ ခက်မှာ၊ ဈေးကွက်ဝေစုတွေ လျော့ပါးပျောက် ကွယ်ကုန်မှာ

    -    တကယ်တမ်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေ ဝင်မလာမှာ စတဲ့ ကိစ္စတွေ ပါပဲ။

    စိုးရိမ်ပူပန်မှုတွေ ရှိသင့်သလောက်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ အရင်ကနဲ့မတူတဲ့ အခြေအနေအခင်းအကျင်းသစ်တွေ၊ အပြောင်း အလဲတွေ၊ ဆက်လက်တွေ့ရမယ့်အပြောင်း အလဲတွေကို ထည့်တွက်မယ်ဆိုရင်တော့ သောကလျော့ပါးသွားနိုင်ပါတယ်။ ဥပမာ- ရင်း နှီးမြှုပ်နှံမှုကော်မရှင်ကိုရော နည်းဥပဒေပိုင်းကို ပါ ဥပဒေပြုသူတွေ၊ စာနယ်ဇင်းတွေက အခါ မလပ် စောင့်ကြည့်သုံးသပ်မှုတွေ ရှိနေမှာဖြစ် ပြီး မြင်သာထင်သာရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံ မှုတွေနဲ့ပတ်သက်လို့ တောင်းဆိုမှုတွေ မြင့်မား လာတာနဲ့အမျှ တစ်ဖက်ကလည်း သိသိသာသာ တိုးတက်တုံ့ပြန်မှုတွေ တွေ့ရှိရမယ်လို့ မျှော် လင့်ယုံကြည်ထားပါတယ်။

  တကယ်တော့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို သိ ထားရင် ကောင်းပါတယ်။

   ပထမဆုံး သတိထားမိတာက ရင်းနှီးမြှုပ်နှံ မှုလို့ဆိုရာမှာ (တည်ဆဲဥပဒေများနဲ့အညီ) အသိ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများကိုပါ ထည့်သွင်းထားတာပါ။

    အများစိုးရိမ်နေကြတဲ့ကိစ္စတွေလို ကန့် သတ် တားမြစ်ထားရာမှာ တိုင်းရင်းသားလူမျိုး တွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံကို ထိခိုက် တာ၊ ပြည်သူ့ကျန်းမာရေးကို ထိခိုက်တာ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာတွေ ပါဝင် ပါတယ်။ ဘေးအန္တရာယ်ရှိတာတွေ၊ အဆိပ် အတောက်တွေ၊ ဓာတုပစ္စည်းထုတ်လုပ်အသုံးပြု တာတွေ၊ စမ်းသပ်ဆဲနည်းပညာတွေနဲ့ အသုံး အဆောင်တွေကိုလည်း တားမြစ်ပါတယ်။

    နိုင်ငံသားတွေ လုပ်ကိုင်နိုင်တဲ့ မွေးမြူရေး လုပ်ငန်း၊ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုး ရေးနဲ့ နှစ်တိုနှစ်ရှည် စိုက်ပျိုးရေးလုပ်ငန်းတွေကို လည်း နည်းဥပဒေထုတ်ပြန်သတ်မှတ်ပြီး ဟန့် တားတာ၊ တားမြစ်တာတွေ့ရပါတယ်။ နယ်စပ် မျဉ်းက တစ်ဆယ်မိုင်အတွင်း ဆောင်ရွက်မယ့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို တားမြစ် ပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်နိုင်တဲ့ စီးပွားရေးဇုန်တွေတော့ ရှိနေတယ်။

    ကန့်သတ်ထား၊ တားမြစ်ထားတဲ့ လုပ်ငန်း တွေကိုလည်း တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးအတွက် အစိုးရအဖွဲ့ရဲ့ အတည်ပြုချက် ကိုရယူပြီး ခွင့်ပြုနိုင်တယ်။ လုံခြုံရေး၊ ပတ်ဝန်း ကျင်၊ စီးပွားရေး၊ လူမှုအကျိုးစီးပွားကို အကျိုး သက်ရောက်မှု ကြီးမားတဲ့လုပ်ငန်းကြီးတွေကို အစိုးရအဖွဲ့ကတစ်ဆင့် ပြည်ထောင်စုလွှတ် တော်ကို တင်ပြရမယ်လို့ ဆိုထားတော့ လွှတ် တော်ရဲ့ ထိန်းချုပ်မှုက မလွတ်ကင်းပါဘူး။ အကျိုးသက်ရောက်မှုဆိုရာမှာ ကောင်းကျိုးရော၊ ဆိုးကျိုးပါ နှစ်ခုစလုံးကို ရည်ရွယ်တယ်လို့ သဘောပေါက်ပါတယ်။

    အခန်း(၃)က ရည်ရွယ်ချက်တွေထဲမှာ တော့  အများစိတ်ဝင်စားနေကြတဲ့ ခေတ်မီ သတင်းအချက်အလက် နည်းပညာ အပါအဝင် အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးစေရန်၊ ဆက် သွယ်ရေးကွန်ရက်များ ... စသည်ဖြင့် ပါဝင် လေတော့ အများအားမလိုအားမရဖြစ်ကြတဲ့ သတင်းအချက်အလက်နည်းပညာကဏ္ဍမှာ လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မျှော်ကိုးထား တာတွေ့ရပါတယ်။ ဒါကို အခြေခံမူများအပိုင်း မှာ သတင်းအချက်အလက်နှင့် နည်းပညာရယူ ဖလှယ်နိုင်ရန် အထောက်အပံ့ဖြစ်စေရေးလို့ ထပ်မံထည့်သွင်းထားတာလည်း တွေ့ရပါတယ်။

    ရင်းနှီးမြှုပ်နှံမှုပုံစံမှာ နိုင်ငံခြားသားက နိုင်ငံ ခြားမတည်ငွေရင်း ရာခိုင်နှုန်းအပြည့်နဲ့ ပြုလုပ် လို့ရသလို နိုင်ငံသား ဒါမှမဟုတ် အစိုးရဌာန၊ အဖွဲ့အစည်းတွေနဲ့ ဖက်စပ်၊ ဒါမှမဟုတ် နှစ်ဖက် သဘောတူစာချုပ်နဲ့ လုပ်နိုင်ပြီး မတည် ငွေအချိုးကို တိတိကျကျသတ်မှတ်မပေးဘဲ နှစ် ဖက်သဘောတူညီချက်အရ သတ်မှတ်ဖို့၊ လွတ် လပ်ခွင့်ပေးထားတာတွေ့ရတယ်။ ကော်မရှင်က လုပ်ငန်းကဏ္ဍအလိုက် အနည်းဆုံးရင်းနှီးမြှုပ်နှံ ရမယ့်ပမာဏ (အချိုးအစားမဟုတ်) သတ်မှတ် ပေးရမယ်၊ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ယူ ရမယ်။ တားမြစ်တဲ့၊ ကန့်သတ်တဲ့လုပ်ငန်းကို နိုင်ငံခြားသားက နိုင်ငံသားနဲ့ ဖက်စပ်လုပ်ချင် ရင် နည်းဥပဒေနဲ့ ပြဋ္ဌာန်းထားတဲ့ အချိုးကို အဆိုပြုရမယ်လို့ တစ်ဖက်မှာ လွတ်လပ်မှုနဲ့ ကန့်သတ်မှုကို ယှဉ်တွဲတွေ့ရတယ်။

    ရင်းနှီးမြှုပ်နှံသူရဲ့ တာဝန်တွေထဲမှာ ငှား ရမ်းခွင့်၊ အသုံးပြုခွင့်ရတဲ့ မြေရဲ့ သဘာဝ၊ မြေ မျက်နှာသွင်ပြင်၊ မြေအနိမ့်အမြင့်အနေအထား၊ သိသာထင်ရှားစွာ ပြောင်းလဲမှုကို ကော်မရှင်ရဲ့ ခွင့်ပြုချက်မရဘဲ မလုပ်ရဘူးလို့ ဆိုပါတယ်။ အဓိပ္ပာယ်အတိအကျကတော့ နည်းဥပဒေမှာ တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။

    မြေငှားရမ်းခွင့် အသုံးပြုခွင့်က ကနဦး နှစ် ၅ဝ၊ သက်တမ်းတိုးခွင့် ၁ဝ နှစ်စီ နှစ်ကြိမ်၊ စုစု ပေါင်း နှစ် ၇ဝ အထိ ရရှိနိုင်ပါတယ်။

    ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ လက်ခံတာ၊ ငြင်းပယ်တာကို ၁၅ ရက်အတွင်းပြုလုပ်ပြီး လက်ခံရန် ရက်ပေါင်း ၉ဝ အတွင်း ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းပြုလုပ်ပါမယ်။ တကယ့်လက်တွေ့ မှာ ဒီထက်ပိုမြန်ပြီး ပိုမကြာရင် ကောင်းမယ် လို့ မြင်ပါတယ်။

    အမှုထမ်းတွေ၊ အလုပ်သမားတွေ ခန့်ထား ရာမှာ ပထမ ၂ နှစ်မှာ နိုင်ငံသားအနည်းဆုံး ၂၅%၊ ဒုတိယနှစ်မှာ ၅ဝ%၊ တတိယနှစ်မှာ ၇၅% ခန့်ထားပြီးဖြစ်ရမယ်။ ကျွမ်းကျင်မှုမလို ရင် နိုင်ငံသားတွေကိုပဲ ခန့်ရမယ်။ နိုင်ငံသား ဝန်ထမ်းတွေကို လုပ်ခအဆင့် ခွဲခြားမှုမရှိရဘူး။  ဝန်ထမ်းတွေလုပ်ငန်း ကျွမ်းကျင်မှု တိုးတက်လာ အောင်လည်း လေ့ကျင့်ပေးရမယ်၊ သင်တန်း ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပေးကား ပေး၏- မရဆိုတာမျိုး မဖြစ်ရအောင်က နိုင်ငံသားဝန်ထမ်းတွေကိုယ်တိုင်ကပါ ကြိုးစား အားထုတ်ရမှာပါ။

    ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ အငြင်းပွား စရာကြုံရင် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့ အညီ လိုက်နာဆောင်ရွက်ရပါမယ်။ ဒါပေမဲ့ ဒီဥပဒေရဲ့ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ဟာ အပြည် ပြည်ဆိုင်ရာစာချုပ်တွေ၊ သဘောတူညီချက်တွေ နဲ့ ကွဲလွဲနေရင် အပြည်ပြည်ဆိုင်ရာစာချုပ်နဲ့ သဘောတူညီချက်တွေအတိုင်း လိုက်နာရမယ်။

    ၁၉၈၈ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ဒီဥပဒေနဲ့ ရုပ်သိမ်းလိုက် ပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကိုတော့ လက်ရှိ ဥပဒေသစ်နဲ့ ဆက်လက်အသိအမှတ်ပြုသွားမှာ ဖြစ်ပါတယ်။

    အရင်ဥပဒေဟောင်းမှာ အခွန်ကင်းလွတ် ခွင့် ၃ နှစ်ပေးထားခဲ့ပေမယ့် အခုဥပဒေအရ ၅ နှစ်အထိ ကင်းလွတ်ခွင့်ရကြပါမယ်။ ပို့ကုန် လုပ်ငန်းကရတဲ့အမြတ်ရဲ့ ၅ဝ% အထိ အခွန် သက်သာခွင့်တွေရပြီး အမြတ်ကို တစ်နှစ် အတွင်း မြန်မာနိုင်ငံမှာ ပြန်လည်ရင်းနှီးမြှုပ်နှံ ရင်လည်း အခွန်သက်သာခွင့်တွေ ရကြမှာပါ။

    အခုလို ဥပဒေပြဋ္ဌာန်းနိုင်တာကို အဓိကရ ခြေလှမ်းတစ်ခုအဖြစ် နိုင်ငံတကာက ရှုမြင်ကြ ပါတယ်။
မောင်ရန်အေး
E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
တရုတ်နိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုသူဦးရေ တစ်ဘီလီယံကျော် ရှိလာ
bullet
ပြင်သစ် တိုက်လေယာဉ်များ မာလီကို ဗုံးကြဲပြန်ပြီ
bullet
ဂျပန်တွင် တရုတ်ရှေးဟောင်း ပစ္စည်းများ တွေ့ရှိ
bullet
ထိုင်းဘုရင်မင်းမြတ်အား အသရေဖျက်မှုဖြင့် မဂ္ဂဇင်းအယ်ဒီတာ
တစ်ဦးကို ထောင်ဒဏ်ချမှတ်
bullet
မြောက်ကိုရီးယား တတိယအကြိမ် နျူစမ်းသပ်မည်
bullet
ဆီးရီးယားဒုက္ခသည် အပြည်ပြည်ဆိုင်ရာ ညီလာခံ အိမ်ရှင်အဖြစ်ကျင်းပရန် ရုရှားသမ္မတ ကမ်းလှမ်း
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved