အဓွန့်ရှည်စွာ တည်မြဲစေရန် အလို့ငှာ အနာဂတ်ကို မြှော်၍ လူမှုရေး၊ စီးပွားရေး စနစ်တို့ကို ပါ ချမှတ်ပေးခဲ့သူ ဖြစ်သည်။ တရံရော အခါက ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း ၏ ဆိုရန်တိုဗီလာ -- ယင်း အဖြစ်အပျက်ကို ကောင်းစွာ ဆင်ခြင်၍ ယခု အခါ ရည်မှန်းချက် တို့ကို အခိုင်အမာ ချမှတ်ပြီးလျှင် စီးပွားရေး၊ လူမှုရေး တို့ကို ပြန်လည် ထူထောင်လျက် ရှိနေပေရာ ဗိုလ်ချုပ်၏ အမြော်အမြင်တို့သည် ကျွန်ုပ်တို့ ၏ -- မြန်မာနိုင်ငံကို နှစ်နှစ်တာ ကာလ အတွင်း မူလ အခြေအနေသို့ ပြန်ရောက်လေအောင် နိမ့်ကျသော စီးပွားရေး အခြေအနေကို မည်သို့ မြှင့်တင်ရမည် ဆိုသော ပြဿနာ ကို စဉ်းစားကြဖို့ ဖြစ်သည်။ ယင်းပြဿနာကို စဉ်းစားရာ၌ ရှေးဦးစွာ ( ၁ ) မြန်မာနိုင်ငံ စီးပွားရေး အခြေအနေကို တိတိကျကျ သိရှိ ရလေအောင် စာရင်းအင်း အချက်အလက်များ ရှာဖွေ ပေးရန်။ ( ၂ ) ထို အချက်အလက်များကို မှီ၍ အကြံဥာဏ်ပေးသော စီးပွားရေး စီမံကိန်း များကို ရေးဆွဲရန်။ ( ၃ ) စီမံကိန်းများတွင် သုံးစွဲဖို့ရာ -- ရပြီးနောက် ၂ နှစ်အတွင်းတွင် အကျိုး ဖြစ်ထွန်းနိုင်သမျှ ဖြစ်ထွန်း စေမည့် အပြင် နောင် အရှည် လူမွဲများ ကောင်းစားဖို့ မြန်မာပြည်၏ စီးပွားရေး အခြေအနေကို အမြန်ဆုံး ပြောင်းလဲ ပစ်ရန်လည်း ကြံရွယ်ထားသည်။ ထို့ပြင် မြန်မာပြည် စီးပွားရေး အတွက် စီမံကိန်း များကို တစ်ခုမကျန် အားလုံး ထည့်သွင်း ပြီး စေ့စေ့စပ်စပ် အပြီးသတ်ထားသည် ဟုလည်း မဆိုသာပေ။ -- ပြဆိုခဲ့သော လူအင်အား ပစ္စည်း အင်အား ချို့တဲ့ခြင်း နှင့် မြန်မာနိုင်ငံ စီးပွားရေး နှင့် ပတ်သက်သော အကြောင်းအရာများ၊ အချက်အလက်များကို ဂဃနဏ ရှာဖွေ စုံစမ်းသော သုတေသန လုပ်ငန်းများကို ယခုမှ စ၍ လုပ်ကိုင်ရသောကြောင့် -- ကွယ်လွန်ခဲ့သည့် တိုင်အောင် ကျန် ခေါင်းဆောင် ပုဂ္ဂိုလ်တို့က အဖွဲ့ ပေါင်း ငါးဖွဲ့ ဖွဲ့၍ ၁၉၄၇ ခု နိုဝင်ဘာလ တွင် စီးပွားတိုးတက်ရေး စီမံကိန်ကို စတင် ရေးဆွဲလေသည်။ အချော ရေးဆွဲ ပြီးသော စီမံကိန်းကို အစိုးရ အဖွဲ့က ဒီဇင်ဘာလ