* [1]Skip to content * [2]Skip to main navigation * [3]Skip to 1st column * [4]Skip to 2nd column စနေ, ၂၆ ဇန်နဝါရီ ၂၀၁၃ [5]Mizzima Burmese [6]တီဗီ | [7]အင်္ဂလိပ် | [8]ဓါတ်ပုံ | [9]တီဗီ TUBE | [10]DOWNLOAD FONT | [11]ဆက်သွယ်ရန် ____________________ * [12]Home * [13]ကြားဖြတ်ရွေးကောက်ပွဲ * [14]စီးပွားရေး + [15]သတင်း + [16]ဆောင်းပါး + [17]မြန်မာနှင့် လာဘ်ပေးလာဘ်ယူ * [18]သတင်း + [19]ပြည်တွင်းသတင်း + [20]ဒေသန္တရသတင်း + [21]ပြည်သူ့အသံ + [22]ကမ္ဘာ့သတင်း + [23]ကြားဖြတ်နှင့် သတင်းအကျဉ်း + [24]ရသသတင်း + [25]နာရေးသတင်း + [26]အားကစားသတင်း + [27]အမှားပြင်ဆင်ချက် * [28]အင်တာဗျူး * [29]အထူးကဏ္ဍ + [30]ပြည်သူ့စစ်သား + [31]သုတေသန o [32]နာဂစ် ၁ နှစ်ပြည့် o [33]အမေရိကန် ပေါ်လစီနှင့် မြန်မာရေးရာ o [34]ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်း o [35]၈ လေးလုံး အထူး o [36]အာဇာနည်နေ့အထူး o [37]အမေဒေါ်အမာ အထူး o [38]ဆန္ဒခံယူပွဲအထူး o [39]ကမ္ဘာ့ဖလား ၂၀၁၀ o [40]မြစ်ဆုံ ရေကာတာ + [41]၂၀၁၀ ရွေးကောက်ပွဲ o [42]ရွေးကောက်ပွဲ o [43]သတင်းဖြစ်စဉ်များ o [44]ရွေးကောက်ပွဲတွင်း တင်ဆက်မှု o [45]ရွေးကောက်ပွဲ ဝင်လိုသူများ o [46]ရွေးကောက်ပွဲ မဝင်သူများ o [47]ပါတီအကြောင်း သိကောင်းစရာ o [48]ရွေးကောက်ပွဲ အထူး + [49]လွတ်မြောက်မှုသို့ + [50]သိုမှီးရာ o [51]ရန်ကုန်နှင့်မုန်တိုင်း + [52]မြန်မာပြည်နှင့် သက်ဆိုင်သော ကြေးနန်းများ + [53]အိုဘားမား မြန်မာ ခရီးစဉ် * [54]အာဘော်နှင့်အမြင် + [55]ဆောင်းပါး + [56]အယ်ဒီတာ့ထံပေးစာ + [57]အယ်ဒီတာ့အာဘော် + [58]သဘောထားအမြင် + [59]ညွှန်းဆိုရာ * [60]ရသဘဏ်တိုက် + [61]ကဗျာ + [62]ပြဇာတ် + [63]စာအုပ်စင် + [64]ရုပ်ရှင် + [65]ခရီးသွားဆောင်းပါး * [66]မားလ်တီမီဒီယာ + [67]ဗီဒီယို + [68]Photo Essay o [69]Photo Essay. + [70]ဓါတ်ပုံ + [71]ကာတွန်း + [72]ဂျာနယ် + [73]မဇ္ဈိမ ရေဒီယို * [74]မဇ္ဈိမတီဗီ + [75]RFA & Mizzima TV + [76]Voter Voices + [77]Mizzima TV Weekly: Business News * [78]ကြေညာချက် [79]Home > [80]အင်တာဗျူး > ဦးတေဇပြောတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု၊ စီးပွားရေး လုပ်ငန်းနှင့် မြန်မာနိုင်ငံ ဦးတေဇပြောတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု၊ စီးပွားရေး လုပ်ငန်းနှင့် မြန်မာနိုင်ငံ ရိုင်မွန်ဒို ဘူထရီနီ (Raimondo Bultrini) | အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၂၇ မိနစ် [81]အီးမေးလ်ပို့ရန် [82]ပရင့်ထုတ်ရန် [83]PDF ဖိုင်ရယူရန် (ဦးတေဇနှင့် တွေ့ဆုံမေးမြန်းမှု) မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်နှင့် ကိုက်ရာအနည်းငယ်အတွင်း ရှိနေသည့် ဦးတေဇ၏ ကြီးကျယ်ခမ်းနားသည့် ဇိမ်ခံစံရိပ်ငြိမ်အတွင်းသို့ သတင်းထောက်များ ကျော်လွန် ဝင်ရောက်ခွင့်ပြုခဲ့သည်မှာ မရှိခဲ့ဘူးချေ။ ကျနော်က ကံကောင်းထောက်မ၍ မကြာသေးမီက ဤအခွင့်အရေးကို ရရှိခဲ့သည်။ ဤခြံဝင်း ပိုင်ရှင်က စစ်အစိုးရကို လိုလားသူဟု နာမည်ကျော်စောနေသည်နှင့်အညီ၊ ဝိသမ စီးပွားရေးလုပ်ငန်းများဖြင့် စီးပွားဖြစ်နေသူဟု စွပ်စွဲမှုများ ရှိထားသည်နှင့် အညီ ကျနော် သတိကြီးကြီးထား၍ ချဉ်းကပ်ခဲ့သည်။ သူစီးပွားတက်လာချိန်မှစ၍ ယခုသန်းကြွယ်သူဌေး ဖြစ်လာချိန်အထိ နိုင်ငံ၏ အာဏာပိုင် စစ်ခေါင်းဆောင်များနှင့် နီးစပ် အဆက်အသွယ် ကောင်းမှုကြောင့် အကျိုးဖြစ်လာရသူ ဖြစ်သလို၊ မြန်မာစစ်ဗိုလ်ချုပ်များကဲ့သို့ သူက သိုသိုသိပ်သိပ်နေ ထိုင်နေရသူလည်း ဖြစ်သည်။ အာရှတိုက်အတွင်း၊ သို့မဟုတ် ကမ္ဘာတခုလုံးတွင်လည်း ဖြစ်ချင်ဖြစ်မည်၊ အလွန်အမင်း ထိန်းချုပ်ထားသည့် စီးပွားရေးစနစ် ကျင့်သုံးနေသော နိုင်ငံတခုတွင် သူက အကြီးဆုံး စီးပွားရေးကွန်ရက်ကို ပိုင်ဆိုင်ထားသူ တဦးလည်း ဖြစ်သည်။ tay-za-at-office မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည့်အနက် ပစ်ဒဏ်ခတ်ထားသည့် လူပုဂ္ဂိုလ် ၃,ဝဝဝ စရင်းတွင် သူ့နာမည်လည်း အပါအဝင်ဖြစ်သည်။ မကြာသေးမီက အရပ်သား အစိုးရသစ်အသွင် ပြောင်းလဲခဲ့ပြီ ဆိုသည့်အခါ၊ သူကလည်း အမှောင်အရိပ်ကြားမှ ရှေ့တလှမ်းတိုး ခေါင်းပြူထွက်လာခဲ့သည်။ ဦးတေဇက ယခုအခါ အသက် ၄၇ နှစ် ရှိပြီ ဖြစ်ပြီး၊ ကလေး ၃ ဦး၏ ဖခင်လည်း ဖြစ်သည်။ သူ့သားတဦးက ရော့ခ် ဝါသနာပါသူ တဦးဖြစ်ပြီး၊ အသက် ၁၄ နှစ်အရွယ်သမီးမှာ မကြာသေးမီက အီတလီနိုင်ငံ၊ မီလန်မြို့ ဆေးရုံတခုတွင် အကြောသေရောဂါ (ပိုလီယို) အတွက် ကုသမှု ခံယူခဲ့ရသေးသည်။ ဤသတင်းက လူသိရှင်ကြား ပေါက်ကြားလာခဲ့ပြီးနောက်၊ အီတလီနိုင်ငံတွင် အချို့သော အဖွဲ့အစည်းများက ယခုကဲ့သို့ တားမြစ်ထားသူတဦး၏ မိသားစုအပေါ် ဆေးကုသခွင့် ဗီဇာထုတ်ပေးခဲ့မှုကို ကန့်ကွက်နေကြပြန်သည်။ သေချာသည်ကတော့ လူသားချင်းစာနာမှု အခြေခံပေါ်တွင် နေထိုင်ခွင့် လက်မှတ် ထုတ်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ယခုလို ဦးတေဇနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံနိုင်ခြင်းက သတင်းဦးဟု ဆိုနိုင်သည်။ သို့သော်လည်း ဤသတင်းမျိုးအပေါ် သတင်းထောက်တဦး အနေဖြင့် အနည်းငယ် ရှက်ရွံ့ စိတ်မသက်မသာ ဖြစ်မိသော်လည်း ကျနော်က သူပြောလိုသည်များကို နားထောင်ရန် အသင့်ပြင်ထားခဲ့ပါသည်။ အီတလီနိုင်ငံထုတ် La Repubblica သတင်းစာတွင် ယခု တွေ့ဆုံ မေးမြန်းခန်းကို မကြာသေးမီက ဖော်ပြခဲ့သော်လည်း ယခုဖော်ပြထားသည်က တွေ့ဆုံမေးမြန်းခန်း၏ အကျယ်ဖြစ်သည်။ ဤသတင်းကြောင့်လည်း အီတလီနိုင်ငံတွင် မကျေနပ် ဆန္ဒပြမှုအချို့ ရှိခဲ့သေးသည်။ အိမ်အတွင်း ဝင်သွားပြီးနောက် ကျနော့်ကို ဦးတေဇက ကြိုဆို၍ ဥရောပအလယ်ခေတ် ချပ်ဝပ်တန်ဆာများဖြင့် ချယ်သထားပြီး၊ လိပ်သဲကျောက်ပြားများ ခင်းထားသည့် အခန်းများကိုဖြတ်၍ ခေါ်ဆောင်သွားသည်။ ထူးထူးခြားခြား ကျောက်လုံးတိုင်ကြီးများအကြားတွင် ဆာမူရိုင်းဝတ်စုံ အရုပ်တခုကိုလည်း မြင်ခဲ့ရသေးသည်။ ကျနော်တို့က မြွေအရေခွံခင်းထားည့် ဆိုဖာတွင် ထိုင်ကြသည်။ အကျယ်အပြန့် ဇိမ်ခံခန်းမကြီးတွင် ယခုကုလားထိုင်များက သက်တောင့်သက်သာ ပက်လက် ကုလားထိုင်များသဖွယ် ချခင်းထားခြင်း ဖြစ်သည်။ ကုလားထိုင်လက်တန်းများကို ရွှေရောင်ပွတ်လုံးကြီးများဖြင့် ချယ်သထားပြီး၊ အီတလီမှ ဝယ်ယူလာသည်ဟုလည်း သိရသည်။ အံ့သြစရာကောင်းလောက်အောင် လန်းဆန်းတက်ကြွနေသည့် သူ့ကိုမြင်ရသည်။ အနက်ရောင် ဘောင်းဘီနှင့် နေကာမျက်မှန်ကို တပ်ထားသည့် ဦးတေဇက သူ့အနေဖြင့် ယခင်စစ်ခေါင်းဆောင်များ အပါအဝင် ယခု ရွေးချယ်ခံ အရပ်သားအစိုးရနှင့်ပါ “ ဆက်ဆံရေး အထူးကောင်းမွန်” သည်ဟု ချက်ချင်း ဝန်ခံပြောဆိုသည်။ “ ဒါပေမယ့် ကျနော်က ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲ ကိုယ်လုပ်ပါတယ်” ဟု သူက တွေ့ဆုံမေးမြန်းခန်း မစတင်မီဆိုသည်။ “ ကျနော်က နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ပါဘူး ကျနော်က မိသားစုစဉ်လာရိုးရာအရ စီးပွားရေးပဲ လုပ်ပါတယ်။ ကျနော်အခု ခင်ဗျားကို လက်ခံစကားပြောတယ် ဆိုတာကလည်း ပထမဦးဆုံးအကြိမ် နိုင်ငံခြားသား သတင်းထောက် တဦးနဲ့ ပြောဆိုတာပါပဲ။တခါတည်း သိသွားစေချင်တာက ကျနော်ဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး လူတဦး ဖြစ်တယ်ဆိုတာ သိသွားစေချင်တာလည်း ပါတယ်။ တရုတ် အများစုက (မြန်မာပြည်မှာ) နိုင်ငံသားယူပြီး သူတို့က အချမ်းသာဆုံးလို့ ကြွားနေကြတယ်။ ဒါပေမယ့် သူတို့က မြန်မာလူမျိုး မဟုတ်ပါဘူး” ဟု ပြောသည်။ သည်လိုနှင့် တွေ့ဆုံမေးမြန်းမှု စဖြစ်သည်။ နိုင်ငံရပ်ခြားနဲ့ စီးပွားဆက်ဆံကုန်သွယ်ဖို့ လုံးဝတားမြစ်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်နဲ့ စစ်သား ၃,ဝဝဝ ကျော်စာရင်းမှာ ထိပ်ဆုံးက ရှိနေပါတယ်။ ဒီလိုနဲ့များ တနှစ်ကို ဒေါ်လာသန်း ၅ဝဝ ကျော်လောက် ဝင်ငွေရအောင်၊ ကုမ္ပဏီ တဒါဇင်လောက် ပိုင်ဆိုင်အောင်၊ ရဟတ်ယာဉ်တွေကနေ ပတ္တမြားအထိ လုပ်ငန်းပေါင်းစုံကို ဘယ်လိုများ စီမံခန့်ခွဲပါသလဲ။ “ ကျနော့် အခုပိုင်ဆိုင်မှုတွေက အနောက်တိုင်း ဒဏ်ခတ်မှုတွေကြောင့် ကျနော့်မှာ ဘာပြဿနာမှ မဖြစ်ဘူးဆိုတာ ပြနေတာပဲ။ တကယ်တော့ ကျနော်က အနေသာချည်းပဲ။ အခုနာမည်ပျက်စာရင်းမှာပဲတဲ့ စစ်ဗိုလ်ချုပ်တွေတောင်၊ ဘယ်သူမှ ဘာမှမဖြစ်ကြပါဘူး။ ဒါပေမယ့် ကျနော့်နိုင်ငံ စီးပွားရေးက တရုတ်နဲ့ ကုန်သွယ်ရေးတခုတည်းကိုပဲ မှီနေရတာတော့ မဖြစ်စေချင်ဘူး။ သူတို့မှာ ပိုက်ဆံရှိတယ်။ ဘာဖြစ်ဖြစ် လိုချင်တာ လုပ်နိုင်ကြတယ်။ ကျနော့်မိုင်းက ကျောက်စိမ်းတွေ၊ အဖိုးတန်ကျောက်တွေက အစပေါ့။ တရုတ်က ဒီမှာ အကြီးအကျယ် မျက်စေ့ကျနေတာ လူတိုင်းသိပါတယ်။ တရုတ်က သူတို့ထွက်ကုန်ပစ္စည်းတွေကို မလက္ကာ ရေလက်ကြားကို မဖြတ်ဘဲ အရှေ့အလယ်ပိုင်း၊ အာဖရိကကိုပို့ဖို့ လုံခြုံတဲ့ ကုန်သွယ်လမ်းကြောင်း လိုချင်နေတယ်။ မလက္ကာရေလက်ကြားက အမေရိကန် ချုပ်ကိုင်ထားတာ။ ဒါကြောင့် သူတို့က (မြန်မာနိုင်ငံ) အနောက်ဖက်ကမ်းခြေမှာ ဆိပ်ကမ်းအကြီးအကျယ် ဆောက်နေကြတာ၊ မြန်မာနိုင်ငံကိုဖြတ်ပြီး ရထားလမ်းကိုလည်း နယ်စပ်ကတဆင့် ကူမင်းအထိ ဖောက်ဦးမှာ။ ကျနော်တို့ ဓာတ်ငွေ့တွေလည်း အဲဒီကို မိုင်ရာချီတဲ့ ပိုက်လိုင်းတွေကတဆင့် သွားကြမှာပဲ” ဗိုလ်ချုပ်တွေကရော တရုတ်တွေ ချယ်လှယ် လွှမ်းမိုးလာမှာကို မစိုးရိမ်ကြဘူးလား။ “ ဒါကတော့ သေချာပါတယ်။ ဒါပေမယ့် ပြည်ပကသူတွေ မသိတာက အခုလို ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် မြန်မာပြည်ကို နောက်ဆုံးတရုတ် လက်ထဲတွန်းပို့သလို ဖြစ်နေတာမသိကြဘူး။ ပြီးခဲ့တဲ့ရက်တွေကပဲ တရုတ်ကဒေါ်လာ ၃ဝ ဘီလီယံချေးဖို့ ကမ်းလှမ်းလာတယ်။ အစိုးရက အခုလက်မခံသေးပေမယ့်၊ သိပ်ကြာမယ်တော့ မထင်ပါဘူး။ လက်ခံမှာပါ။ အပြန်အလှန်အနေနဲ့ သူတို့က လုပ်ပိုင်ခွင့်တွေ ပိုရလာမှာပါ။ အခုလိုဖြစ်နေရတာက အီရတ်နိုင်ငံမှာ လုပ်ခဲ့တာနဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် အမေရိကန်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး သမ္မတလို့ နာမည်တင် ကျန်ရစ်မယ့် (သမ္မတဟောင်း) ဂျော့ဘုရှ်ရဲ့ “ ကိုယ်ကျင့်တရားအပေါ်အခြေခံတဲ့မူ ” (Moral Principles) ကို လိုက်နာနေကြလို့ပဲ။ ဒါပေမယ့် ခင်ဗျားတို့ ကျနော်တို့အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်တွေကို တကယ်နစ်နာ ခံစားရသူတွေကတော့ ဆင်းရဲတဲ့သူတွေပဲ။ တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေပဲ ” ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို စီးပွားရေးစနစ်ကို တလွဲတချော် စီမံခန့်ခွဲခဲ့မှုတွေအတွက် စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့) ကလည်း အလားတူပဲ ပြောပါတယ်။ ဒါတွေအပြင် ပိတ်ဆို့ ဒဏ်ခတ်မှုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြစ်ဒဏ်ခတ်တာက သိသာထင်ရှားပါတယ်။ “တရုတ်နိုင်ငံဟာလည်း လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ အမြဲစွပ်စွဲနေတာပဲ။ ဒါပေမယ့် သူတို့ကိုကျတော့ ဘာဖြစ်လို့ ပြစ်ဒဏ်ခတ် ပိတ်ဆို့တာ မရှိသလဲ။ အခုဦးဆောင်ပြီး ဒဏ်ခတ် အပြစ်ပေးရေး လုပ်နေတဲ့ အမေရိကန်၊ ပြင်သစ်တို့လို နိုင်ငံတွေဆီက ရှယ်ဗရွန်တို့၊ တိုတယ်တို့လို ကုမ္ပဏီတွေကျတော့ ဘယ်လို အတားအဆီးမှ မရှိဘဲနဲ့ ဒီမှာ အလုပ်လုပ် နေကြတယ်။ ဒီလူတွေက အပြောနဲ့အလုပ် မညီတဲ့သူတွေပဲ။ ကျင့်ဝတ်အတိုင်းပြောတယ်။ ဒါပေမယ့်အစိုးရရဲ့ အိတ်ထဲကိုတော့ ပိုက်ဆံတွေ ထည့်ပေးနေကြတယ်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ ကိုရီးယားတို့တော့ ဒီလိုမဟုတ်ဘူး” ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် အမှန်တကယ် သက်ရောက်မှုတွေ ဘယ်လိုဖြစ်နေတယ်လို့ ထင်ပါသလဲ။ “ ဥပမာတခုဆိုပါစို့။ နိုင်ငံခြား ခရီးသွားတွေ မလာရင် ဟိုတယ်အလုပ်သမားတွေ၊ စားသောက်ဆိုင်တွေ၊ သားငါးနဲ့ ဟင်းသီးဟင်းရွက် ရောင်းသူတွေ လုပ်ကိုင်စားကြမှာလဲ။ အိန္ဒိယနဲ့ တရုတ်ကိုချည်း ကျနော်တို့က ရောင်းမယ်ဆိုရင် အဲဒါက ပြိုင်ဆိုင်မှု မရှိတဲ့ ဈေးကွက်ပဲ။ ကျနော်တို့ပစ္စည်းတွေ ဈေးကောင်းရမှာ မဟုတ်ဘူး။ ဆိုလိုတာက လူဦးရေရဲ့ ၇၅% ရှိတဲ့ ကျနော်တို့ လယ်သမားတွေ ငတ်ကုန်ကြလိမ့်မယ်။ ကြည့် ... ကျနော်က ကုန်သည်မိသားစုက ကြီးပြင်းလာတာ၊ ဦးနေဝင်း ဆိုရှယ်လစ်ခေတ်က ပြည်သူပိုင်သိမ်းတော့ ကျနော်တို့ အကုန်ကုန်တာပဲ။ ကျနော့် ယောက္ခမကြီး (စစ်တပ်နှင့် အဆက်အသွယ် ကောင်းသူ ဖြစ်သည်) ကတဆင့်၊ သစ်တောမြေတွေ ဝယ်ခွင့်ရပြီး ငွေအများအပြား ရလာတာ။ ကျွန်းသစ်တွေ ထုတ်ရောင်းရင်းနဲ့ ဆယ်ဒေါ်လာကနေ ထောင်ဂဏန်း ဖြစ်လာတာ။ ကျနော်လိုက်နာရဖို့ရှိတာက ကျနော့်ကို ချမ်းသာလာအောင် လုပ်ပေးခဲ့တဲ့၊ ဒီနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ပဲ။ သူတို့တွေကောင်းတယ်၊ ဆိုးတယ်ဆိုတာ ကျနော်ဆုံးဖြတ်နေဖို့ မဟုတ်ဘူး။ ကျနော့်အတွက်တော့ သူတို့တွေက ကောင်းတယ် ” ခုလို ဆင်းရဲမွဲတေမှုတွေ၊ အတိုက်အခံတွေကို ဖမ်းဆီးနေတာတွေ၊ သဘာဝရင်းမြစ်တွေကို ထင်တိုင်း ရောင်းစားနေတာတွေကြောင့် ခင်ဗျား စိတ်အနှောက်အယှက် မဖြစ်ရဘူးလား။ “ သေချာတာပေါ့။ ပြဿနာ ရှိတာပေါ့။ ကျနော်တို့က လူသားတွေပဲ၊ ကျနော်တို့လည်း အမှားတွေ လုပ်မိတာပေါ့။ ခင်ဗျားတို့ ဝန်ကြီးချုပ်လည်း (အီတလီဝန်ကြီးချုပ် ဆီလ်ဗီယို ဘာလူစ်ကိုနီ) အမြဲတမ်း မိန်းမကိစ္စပြဿနာ ရှိနေတာပဲ၊ ဆိုပါစို့။ အခု ကျနော်တို့တိုင်းပြည် လည်ပတ် လုပ်ကိုင်နေတာ ၈ဝ% လောက်တော့ သဘောတူပါတယ်။ အတိုက်အခံတွေက ဥပဒေ ချိုးဖောက်တဲ့အတွက် ပေးဆပ်နေရတာ၊ မူအရ ပြောမယ်ဆိုရင်တော့ စင်္ကာပူလည်း ဒီမိုကရေစီမဟုတ်ပါဘူး။ သူတို့မှာလည်း တပါတီပဲရှိတာပဲ။ ကျနော်ထင်တာက မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးပိုင်းနဲ့ တပ်မတော်ကလူ ရာခိုင်နှုန်းအများစုက တိုင်းပြည်ကို ချစ်ကြပါတယ်။ ကြီးပွားတာ မြင်စေချင်ပါတယ်။ အခု အတိတ်ကထက်စာရင်တော့ ကျနော်တို့ ပိုပြီး အင်အားကောင်းလာပါပြီ။ ဒါ့အပြင် စစ်တပ်ကလည်း အရပ်သားတွေကို တဖြည်းဖြည်း ပိုပြီးလမ်းဖွင့် ပေးလာတယ်။ တိုင်းဒေသတွေမှာ ထိပ်ပိုင်းမှာ စစ်သားတွေ ရှိနေသေးပေမယ့် အရပ်သားတွေ ဦးဆောင်နေကြပါပြီ” လူအများစုကတော့ အခုအပြောင်းအလဲဟာ အပေါ်ယံပဲလို့ ပြောနေကြပါတယ်။ “အခုကိစ္စမှာ အကန့်အသတ်တွေ ဘယ်လောက်များများ ရှိနေသေးတယ်လို့ ခင်ဗျားထင်ထင်၊ အရာကိစ္စအားလုံးကို နိုင်ငံတော်ပိုင် လုပ်ထားတဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ်တွေထက်တော့ ပိုပြီး ဒီမိုကရေစီကျပါသေးတယ်။ သူတို့က ဒဏ်ခတ် ပိတ်ဆို့ထားသည်ဖြစ်စေ၊ ပိတ်ဆို့မှု မရှိဘူးပဲဖြစ်စေ လုပ်ငန်းရှင်တွေလာပြီး စီးပွားလုပ်နိုင်ကြတယ်။ သူတို့က စင်္ကာပူမှာရှိတော့ ကျနော့်ဘဏ်အကောင့်ကို ပိတ်လိုက်တာတောင် ကျနော်ဆက်ပြီး ရှင်သန်နေတုန်းပဲ။ ဒီလိုနဲ့ကျနော်က တရုတ်နဲ့ အရှေ့အလယ်ပိုင်းက ဘဏ်တွေဆီကို ရွှေ့ရတယ်။ ဒါပေမယ့် ကျနော်ကဒီမှာနေပြီး၊ ဒီမှာပဲ အခွန်ပေးရတယ်။ ကျနော့်အဖေက ဒီလိုသင်ကြားထားတာကိုး။ ပြီးခဲ့တဲ့နှစ်တွေက ကျနော်က စိတ်ပေါက်ပေါက်နဲ့ နိုင်ငံခြားသားအဖြစ် ခံယူချင်တဲ့စိတ်ရှိနေတော့ သူက ကျနော့်ကိုစိတ်ဆိုးတယ်။ 'မင်းနိုင်ငံခြားသွားချင်ရင် မင်းအခုချမ်းသာကြွယ်ဝမှုတွေကြောင့် တခြားနိုင်ငံတွေက ပိုပြီးချမ်းသာလာလိမ့်မယ်။ ကိုယ့်နိုင်ငံက ချမ်းသာလာမှာ မဟုတ်ဘူး' လို့ ပြောတယ်” ကိုယ့်ဘဝတက်လမ်းရှာဖို့ စခဲ့တုန်းက အသက်ငယ်ငယ်ရွယ်ရွယ်မှာ ဘယ်လို အကြောင်းအချက်တွေကြောင့် စစ်အစိုးရနဲ့ သိပ်ပြီး နီးစပ်ခဲ့ရပါသလဲ။ “ကျနော်စတုန်းက လက်ဗလာနဲ့စခဲ့ရတာ၊ ၁၉၈၈ တုန်းက တစ်နေ့ကို ၁၄ နာရီလောက် အလုပ်လုပ်ခဲ့ရတယ်။ အဲဒီအချိန်ပဲ ကျောင်းသားအုံကြွမှုတွေ ဖြစ်ခဲ့တာ။ သူတို့အောင်မြင်တာက ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ ဆိုရှယ်လစ်စနစ်တော့ ကျဆုံးခဲ့ရတယ်။ ကျနော်က ပွင့်လင်းလာတဲ့ အခြေအနေအပေါ် အခွင့်အလမ်းတွေ ရှာတယ်။ စစ်အစိုးရ အုပ်ချုပ်ရေးအပေါ် ဝေဖန်နေဖို့က ကျနော့်အလုပ် မဟုတ်ဘူး။ ဒီလိုစစ်အာဏာနဲ့ အုပ်ချုပ်ရေးက ဟိုအရင် ဘုရင်စနစ်တွေကတည်းက ရှိခဲ့တာ။ ၁၉၉ဝ ခုနှစ်တွေမှာ လူတိုင်းကို လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တယ်။ စီးပွားရေးက ပိုပွင့်လင်းလာတော့ ရှယ်ဗရွန်တို့ တိုတယ်တို့ ရောက်လာကြတယ်။ ဒီကိစ္စပဲ ကျနော် ဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် ဒေါသ ထွက်နေတာ။ ကျနော့်ကို ဘာလို့ အပြစ် ပြောနေကြတာလဲ။ သန်းကြွယ်သူဌေး ဖြစ်လာလို့လား။ ဒါပေမယ့် ၁၉၉၆ ခုနှစ် တုန်းက ကျနော့်ပထမဦးဆုံး လုပ်ငန်းလုပ်ခွင့်ရဖို့ ကျနော့်အိမ်တွေ၊ ကားတွေရောင်းပြီး ရင်းခဲ့ရတယ်။ ကျနော့်မှာရှိတဲ့ ငွေတပြားမကျန် ထည့်ပြီး စွန့်စားခဲ့ရတယ်။ ကျနော်အခု အနားယူလို့ရပြီ။ နားရင်လည်း နားမယ်။ ဒါကြောင့် ကျနော့် အပေါ်ဘယ်လိုပဲဖြစ်ဖြစ်၊ ကျန်တာတွေ မစဉ်းစားဘဲ အခုလို ပြောပြနေတာ။ ကျနော်က အမေရိကန်တွေကို ပြောတယ်။ မြန်မာနိုင်ငံကို လာကြည့်၊ ဖွင့်ပေးလိုက်တဲ့အပေါ် (ဖြစ်လာမှာကို) ယုံကြည်စမ်းပါ။ စီအိုင်အေက တီထွင်ဖန်တီးနေတဲ့ အဓိပ္ပါယ်မရှိတာတွေ ယုံမနေနဲ့။ အခုက အပြိုင်အဆိုင်ဖြစ်နေကြပြီ။ ကျနော့်စကား မယုံမရှိနဲ့။ မြန်မာပြည်မှာက ကျန်ကမ္ဘာနဲ့ မတူတဲ့ သဘာဝရင်းမြစ်တွေရှိတယ်။ ကျနော်တို့မှာ ချို့တဲ့နေတာတခုက ပညာရေးပဲ။ တချိန်တုန်းက ကျနော်တို့ဆီက အတော်ဆုံးတွေက အမေရိက၊ အင်္ဂလန်မှာသာ စာသွားသင်နိုင်ခဲ့တယ်။ အခုတော့ ကျနော်တို့ဆီမှာ ရုရှား ကျောင်းထွက်တွေပဲ ရှိတယ်” Raimondo Bultrini ရေးသားသည့် Tay Za talks sanctions, business and Burma ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။ ယခုတွေ့ဆုံမေးမြန်းမှု၏ အကျဉ်းကို အီတလီသတင်းစာ La Repubblica တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ [84]Tweet IFRAME: [85]http://www.facebook.com/plugins/likebox.php?href=https://www.facebo ok.com/pages/Mizzima-News-in-Burmese/216265185075061&locale=mm_MM&width =640&colorscheme=light&show_faces=true&stream=false&header=false&height =260 Mobile App [86]phone [87]wanted-journalists [88]Click enlarge [89]Click enlarge [90]the-best-eng-4-u-web Photo Essay [91]ဒေါ်အောင်ဆန်းစုကြည် မုန်းနှင့် ကျောက်ကြီးခရီးစဉ် [92]Suu-Kyi-visits-Mung-and-Kyauk-Gyi-5-s မဇ္ဈိမ အပတ်စဉ်ထုတ်ဂျာနယ် [93]မဇ္ဈိမဂျာနယ် အတွဲ (၂)၊ အမှတ် (၁၈)၊ အင်္ဂါနေ့၊ ဇန်နဝါရီ (၂၂) ရက်၊ ၂၀၁၃ ခုနှစ် Mizzima-journal-cover-issue-18 Mizzima TV  [94]ကချင်စစ်ပွဲအရေး ဒေလီရှိ မြန်မာများ ဆန္ဒပြ [95]ကချင်စစ်ပွဲအရေး ဒေလီရှိ မြန်မာများ ဆန္ဒပြ [96]သီလ၀ါအထူးစီးပွားရေးဇုံကို အများပိုင် ကုမ္ပဏီများဖြင့် တည်ဆောက်မည် [97]သီလ၀ါအထူးစီးပွားရေးဇုံကို အများပိုင် ကုမ္ပဏီများဖြင်... [98]ABSDF ၏ ပြည်တွင်းလာရောက်မှု သတင်းစာ ရှင်းလင်း [99]ABSDF ၏ ပြည်တွင်းလာရောက်မှု သတင်းစာ ရှင်းလင်း [100]ကချင်ငြိမ်းချမ်းရေးအတွက် ရန်ကုန်တွင် ဆုတောင်းပွဲပြုလုပ် [101]ကချင်ငြိမ်းချမ်းရေးအတွက် ရန်ကုန်တွင် ဆုတောင်းပွဲပြု... [102]stimgesafsdafsrs [103]pp __________________________________________________________________ [104]HLs __________________________________________________________________ ကြော်ငြာ [105]Confronting-Democratic-Modernity-in-Military-ruled-Burma-1s [106]rogue-agent-announcement နောက်ဆုံးဆောင်းပါးများ 1. [107]ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော 2. [108]“ဈေးကွက် သေးတာကို ကျနော် မကြည့်ပါဘူး” 3. [109]ကားကျပ်တဲ့ ပြဿနာ 4. [110]“ကချင်ကို ဒီလောက်တိုက်ရတာ ဘာကြောင့်လဲ၊ ဘာစိတ်မကျေနပ်တာ ရှိလဲ” 5. [111]“လူထုဟာ အံ့သြစရာ ကောင်းလောက်တဲ့ သတ္တိတွေနဲ့ ပိုင်းဖြတ်ချက်တွေကို ဖော်ပြခဲ့ကြတယ်” 6. [112]ဇာတိနေရာက လှည့်စားခြင်းခံရသူများ 7. [113]ကမ္ဘာ့အလယ်မှာ မြန်မာ့ဆန် တင်ပို့မှု [114]e-letter-burmese Who is Online We have 210 guests online [115]www.bysjl.com [116]© Copyright 1998 - 2012 Mizzima News. All Rights Reserved Références 1. http://www.mizzimaburmese.com/interview/7683-2011-06-07-05-03-50.html#ja-content 2. http://www.mizzimaburmese.com/interview/7683-2011-06-07-05-03-50.html#ja-mainnav 3. http://www.mizzimaburmese.com/interview/7683-2011-06-07-05-03-50.html#ja-col1 4. http://www.mizzimaburmese.com/interview/7683-2011-06-07-05-03-50.html#ja-col2 5. http://www.mizzimaburmese.com/index.php 6. http://www.mizzima.tv/ 7. http://www.mizzima.com/ 8. http://www.mizzimaphoto.com/ 9. http://youtube.com/mizzimanewsTV 10. http://www.mizzimaburmese.com/ZawgyiOne20071230.ttf 11. http://www.mizzimaburmese.com/component/content/article/6610.html 12. http://www.mizzimaburmese.com/ 13. http://www.mizzimaburmese.com/2012-03-09-12-19-18.html 14. http://www.mizzimaburmese.com/business.html 15. http://www.mizzimaburmese.com/business/business-news.html 16. http://www.mizzimaburmese.com/business/business-songpa.html 17. http://www.mizzimaburmese.com/business/corruption-in-burma.html 18. http://www.mizzimaburmese.com/news.html 19. http://www.mizzimaburmese.com/news/inside-burma.html 20. http://www.mizzimaburmese.com/news/regional.html 21. http://www.mizzimaburmese.com/news/2010-10-20-15-13-05.html 22. http://www.mizzimaburmese.com/news/world-news.html 23. http://www.mizzimaburmese.com/news/breaking-newsbrief.html 24. http://www.mizzimaburmese.com/news/yatha-news.html 25. http://www.mizzimaburmese.com/news/obituary.html 26. http://www.mizzimaburmese.com/news/sport-new.html 27. http://www.mizzimaburmese.com/news/correction-and-clarifications.html 28. http://www.mizzimaburmese.com/interview.html 29. http://www.mizzimaburmese.com/special.html 30. http://www.mizzimaburmese.com/special/pyithusitthar.html 31. http://www.mizzimaburmese.com/special/research.html 32. http://www.mizzimaburmese.com/special/research/1year-after-nargis.html 33. http://www.mizzimaburmese.com/special/research/us-policy-and-burma.html 34. http://www.mizzimaburmese.com/special/research/global-financial-crisis.html 35. http://www.mizzimaburmese.com/special/research/8888.html 36. http://www.mizzimaburmese.com/special/research/martyr-day.html 37. http://www.mizzimaburmese.com/special/research/daw-amar.html 38. http://www.mizzimaburmese.com/special/research/referendum.html 39. http://www.mizzimaburmese.com/special/research/world-cup-2010.html 40. http://www.mizzimaburmese.com/special/research/2011-09-22-05-33-28.html 41. http://www.mizzimaburmese.com/special/election2010.html 42. http://www.mizzimaburmese.com/special/election2010/2010-election.html 43. http://www.mizzimaburmese.com/special/election2010/live-reportings.html 44. http://www.mizzimaburmese.com/special/election2010/live.html 45. http://www.mizzimaburmese.com/special/election2010/people-profile.html 46. http://www.mizzimaburmese.com/special/election2010/boycotters-profile.html 47. http://www.mizzimaburmese.com/special/election2010/party-profile.html 48. http://www.mizzimaburmese.com/special/election2010/special.html 49. http://www.mizzimaburmese.com/special/2010-11-12-09-33-35.html 50. http://www.mizzimaburmese.com/special/archive.html 51. http://www.mizzimaburmese.com/special/archive/rangoon-nargis.html 52. http://www.mizzimaburmese.com/special/burma-related-leaked-us-cables.html 53. http://www.mizzimaburmese.com/special/obama-visit-burma.html 54. http://www.mizzimaburmese.com/edop.html 55. http://www.mizzimaburmese.com/edop/songpa.html 56. http://www.mizzimaburmese.com/edop/letters-to-editor.html 57. http://www.mizzimaburmese.com/edop/editorial.html 58. http://www.mizzimaburmese.com/edop/commentary.html 59. http://www.mizzimaburmese.com/edop/refering.html 60. http://www.mizzimaburmese.com/yatha-bank.html 61. http://www.mizzimaburmese.com/yatha-bank/poem.html 62. http://www.mizzimaburmese.com/yatha-bank/play.html 63. http://www.mizzimaburmese.com/yatha-bank/bookshelf.html 64. http://www.mizzimaburmese.com/yatha-bank/movies.html 65. http://www.mizzimaburmese.com/yatha-bank/traveller-stories.html 66. http://www.mizzimaburmese.com/multi-media.html 67. http://www.mizzimaburmese.com/multi-media/video.html 68. http://www.mizzimaburmese.com/multi-media/photo-essay.html 69. http://www.mizzimaburmese.com/multi-media/photo-essay/photo-essay.html 70. http://www.mizzimaburmese.com/multi-media/photo-news.html 71. http://www.mizzimaburmese.com/multi-media/cartoon.html 72. http://www.mizzimaburmese.com/multi-media/journals.html 73. http://www.mizzimaburmese.com/multi-media/mizzima-radios.html 74. http://www.mizzimaburmese.com/mizzima-tv.html 75. http://www.mizzimaburmese.com/mizzima-tv/rfa-a-mizzima-tv.html 76. http://www.mizzimaburmese.com/mizzima-tv/voter-voices.html 77. http://www.mizzimaburmese.com/mizzima-tv/business-tv-news.html 78. http://www.mizzimaburmese.com/announcement.html 79. http://www.mizzimaburmese.com/ 80. http://www.mizzimaburmese.com/interview.html 81. http://www.mizzimaburmese.com/component/mailto/?tmpl=component&link=c61e9bd4ac68a1172f07909e1533f9227fcfb64f 82. http://www.mizzimaburmese.com/interview/7683-2011-06-07-05-03-50.html?tmpl=component&print=1&layout=default&page= 83. http://www.mizzimaburmese.com/interview/7683-2011-06-07-05-03-50.pdf 84. http://twitter.com/share 85. http://www.facebook.com/plugins/likebox.php?href=https://www.facebook.com/pages/Mizzima-News-in-Burmese/216265185075061&locale=mm_MM&width=640&colorscheme=light&show_faces=true&stream=false&header=false&height=260 86. http://www.mizzimaburmese.com/announcement/10256-2012-10-15-11-15-31.html 87. http://www.mizzimaburmese.com/announcement/10797-2013-01-21-09-55-56.html 88. http://www.mizzimaburmese.com/images/NewsPhotos/DEC12/Marketing-Ad.jpg 89. http://www.mizzimaburmese.com/images/NewsPhotos/DEC12/Reporter-Ad.jpg 90. http://www.thebestenglish4you.com/index.html 91. http://mizzimaburmese.com/multi-media/photo-news/10809-2013-01-22-07-35-29.html 92. http://mizzimaburmese.com/multi-media/photo-news/10809-2013-01-22-07-35-29.html 93. http://www.mizzimaburmese.com/multi-media/journals/10681-2013-01-02-12-53-55.html 94. http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=671 95. http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=671 96. http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=668 97. http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=668 98. http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=667 99. http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=667 100. http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=666 101. http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=666 102. http://www.mizzimaburmese.com/announcement/9841-2012-08-10-09-01-31.html 103. http://www.mizzimaburmese.com/news/inside-burma/9014-2012-02-17-05-09-28.html 104. http://www.mizzimaburmese.com/news/inside-burma/9005--nld-.html 105. http://www.mizzimaburmese.com/announcement/6859-2011-02-07-17-28-16.html 106. http://www.mizzimaburmese.com/announcement/6832-mizzima-media-releases-burmese-language-edition-of-rogue-agent.html 107. http://www.mizzimaburmese.com/interview/10828-2013-01-23-13-17-14.html 108. http://www.mizzimaburmese.com/interview/10777-2013-01-17-14-09-01.html 109. http://www.mizzimaburmese.com/edop/editorial/10772-2013-01-17-12-57-24.html 110. http://www.mizzimaburmese.com/interview/10755-2013-01-15-12-02-15.html 111. http://www.mizzimaburmese.com/interview/10747-2013-01-14-14-12-29.html 112. http://www.mizzimaburmese.com/edop/songpa/10562-2012-12-11-14-15-44.html 113. http://www.mizzimaburmese.com/edop/songpa/10497-2012-11-29-12-22-59.html 114. http://www.mizzima.com/enewsletter.html 115. http://www.bysjl.com/ 116. http://www.mizzimaburmese.com/