* [1]ပင်မစာမျက်နှာ * [2]မြန်မာသတင်း + [3]ပြည်တွင်းသတင်း + [4]ရန်ကုန်သတင်း + [5]မန္တလေးနှင့်နယ်သတင်းများ * [6]ကမ္ဘာ့ရေးရာ * [7]စီးပွားရေး * [8]အနုပညာသတင်း * [9]ဆောင်းပါး * [10]Life * [11]ထွေရာလေးပါး * [12]Eleven TV  [13]မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးများမှာ ပြည်ပမှ စီးပွားရေး လာရောက် လုပ်ကိုင်မည့်သူများအတွက် စိန်ခေါ်မှုများ ဖြစ်နေသည်ဟု US-ASEAN စီးပွားရေးကောင်စီမှ ပူးတွဲဒါရိုက်တာဆို [14]PDF [15]Print Sunday, 15 July 2012 20:42 [16]AddThis Social Bookmark Button 74112 US-ASEAN စီးပွားရေးကောင်စီမှ ပူးတွဲဒါရိုက်တာ Anthony Nelson မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများမှာ နိုင်ငံ ခြားမှ စီးပွားရေးလာရောက် လုပ်ကိုင်မည့်သူများအတွက် စိန်ခေါ်မှုများ ဖြစ်နေသည်ဟု US-ASEAN စီးပွားရေးကောင်စီ၏ ပူးတွဲဒါရိုက်တာ Anthony Nelson က ဇူလိုင်လ ၁၆ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသွားခဲ့သည်။ “ မြန်မာနိုင်ငံက ၀န်းကျင်အသစ်ဖြစ်နေလို့ လေ့လာစရာတွေကတော့ အများကြီးပါပဲ။ ကြုံရသလောက်ဆိုရင်တော့ စီးပွားရေး လုပ်ငန်းလုပ်မယ့်သူတွေ အတွက် အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးတွေက စိန်ခေါ်မှုတွေဖြစ်နေပါတယ်” ဟု ၄င်း က ပြောကြားခဲ့သည်။ ၄င်းက ဖြေရှင်းရမည့် ကိစ္စများစွာ ကျန်နေသေးကြောင်း၊ မြန်မာနိုင်ငံကိုယ်၌က ဒေသတွင်း နှင့် ကမ္ဘာကြီးကို မည်သို့ဆက်စပ်နိုင်မည်ကို အချိန်နှစ်အနည်းငယ် ယူရဦးမည်ဖြစ်ကြောင်း သုံးသပ်သည်။ “ ဆက်စပ်တဲ့နေရာမှာ ရထားလမ်း၊ ကားလမ်းတွေလို ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦတွေတင် မဟုတ်ပဲ ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦနဲ့ ICT အခြေခံ အဆောက်အဦတွေလည်း လိုအပ်ပါတယ်။ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ခရက်ဒစ်ကဒ်တွေ လုပ်ကိုင်ခွင့်ပေးဖို့၊ လူတွေကို ခရက်ဒစ်ကဒ်တွေ အသုံးပြု ခွင့်ပေးဖို့တွေလည်း လုပ်ဆောင်ပေး ဖို့လိုပါတယ်။ ဒါမှ ငွေကြေးတွေကို အလွယ်တကူ ရွှေ့ပြောင်းနိုင်မှာပါ” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ ၄င်းတို့ US-ASEAN စီးပွားရေးကောင်စီသည် မြန်မာနိုင်ငံသို့ အမေရိကန်ထိပ်တန်း ကုမ္ပဏီ ၃၈ ခုနှင့်အတူလာရောက်ပြီး ၄င်းကုမ္ပဏီများထဲတွင် ဘဏ္ဍာရေး၊ စွမ်းအင်၊ ကျန်းမာရေး၊ အခြေခံ အဆောက်အဦ၊ အကြံပေး၊ ထုတ်လုပ်ရေး ကဏ္ဍများမှ ကုမ္ပဏီများ ပါဝင်သည်ဟု သိရသည်။ ၄င်းအမေရိကန် စီးပွားရေး လုပ်ငန်းရှင်များသည် မြန်မာအစိုးရနှင့် အမေရိကန် အစိုးရတို့မှ Stakeholders များနှင့် တွေ့ဆုံကာ အနာဂတ်တွင် မည်ကဲ့သို့လုပ်ဆောင်နိုင်မည့် အကြောင်းများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအကြောင်းကို အမှန်တကယ် စတင် လေ့လာနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၄င်းတို့ အမေရိကန် စီးပွားရေး အဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်နိုင်သော အမေရိကန် စီးပွားရေးအဖွဲ့ဖြစ်ပြီး စီးပွားရေး ကောင်စီ၏ သက်တမ်းမှာ ၂၇ နှစ် ရှိသွားပြီဖြစ်ကြောင်း သိရသည်။ IFRAME: [17]http://www.facebook.com/plugins/like.php?href=http%3A%2F%2Fwww.11-m edia.com%2Findex.php%3Foption%3Dcom_content%26amp%3Bview%3Darticle%26am p%3Bid%3D14578%26amp%3Bcatid%3D42%26amp%3BItemid%3D112&layout=standard& show_faces=true&width=450&action=like&colorscheme=light Comments +10 [18]#11 wuntho 2012-07-17 01:01 ခင်များနားမလည်ပဲ လာမပြောနဲ့ ။။ ကျုပ်တို့နိုင်ငံဆင်းရဲနေတာ ဆန်ရှင် ကြောင့်ဗျ။။ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးတွေ တွေနဲ့ ဘာဆိုင်လို့လဲ? ပုံ/စစ်သားဟောင်းများ :P :P -63 [19]#10 thetnaungsoe 2012-07-16 16:15 Quote: မြန်မာပြည် စီးပွါးရေးအရ ခေတ်နောက်ကျ ကျန်ခဲ့တာ Sanction ကြောင့်ဆိုပြီး လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ ကျားဖြူကိုယ်စားလှယ်ရဲ့ ဗဟုသုတ၊ ဥာဏ်အမြော်အမြင်ကိုတော့ သြချလောက်ပါပေတယ်။ ကျနော်တို့နိုင်ငံမှာ ရင်းနှီးမြှပ်နှံသူတွေကို ဆွဲဆောင်ဖို့ အခြေခံ အဆောက်အဦတွေ အဆင်သင့်မရှိသေးဘူးဆိုတာ တော်ရုံဗဟုသုတ ရှိတဲ့သူတိုင်း သိပါတယ်။ မီးကမလာဘူး။ လာပြန်တော့လဲ ဗို့အားမပြည့်။ တယ်လီဖုန်းတွေက ခေါ်လို့မရ၊ အင်တာနက်က လိပ်ကိုခဲဆွဲထားသလို။ ဘဏ်တွေကလဲ သူများနိုင်ငံတွေလို ဝန်ဆောင်မှု မပေးနိုင်သေး။ ရုံးတွေမှာလဲ အခုထိ ဘုတ်အုပ်ကြီးထဲမှာ ရေးနေကြတုန်း။ လွှတ်တော်ကိုယ်စားလှယ်တွေ စာများများဖတ်ကြပါ။ ဗဟုသုတရှာမှီးကြပါ။ ခင်ဗျားတို့ပြောနေတာတွေက လူရယ်စရာကြီးဖြစ်နေတယ်။ ပြည်သူတွေကို ငတုံး၊ ငအတွေ မထင်ကြပါနဲ့။ မြန်မာပြည်အနှံ့ တောရောမြို့ပါမကျန် လူတော်တော်များများ နိုင်ငံခြားကို ဥဒဟို သွားလာနေကြတဲ့ခေတ်။ ခင်ဗျားတို့က ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်နေကြတယ်။ ကိုယ်ပြောတဲ့ စကားနဲ့ ကိုယ်သိက္ခာကျနေတာကို မရိပ်မိကြဘူး။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ တို့ကို တစ်ခါလောက် သွားကြည့်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ဝါးလုံးခေါင်းထဲ လသာနေတဲ့ အသိလောက်နဲ့ အလုပ် လုပ်နေရင်တော့ တိုင်းပြည်အတွက် ရင်လေးစရာ။ တကယ်တမ်း တုံးတာက ခင်ဗျာလို့ ထင်တာပဲ.. အဲဒါတွေမရှိလို့  အဲဒါတွေရှိလာအောင် စီးပွားရေဖွင့်ပေးဖို့ ပြောနေတာလေ..ဒါလောက်တောင် နားမလည်ဘူးလား +22 [20]#9 mann 2012-07-16 14:46 လာကြပါဗျို့ ကျုပ်တိှု့ဆီမှာ နည်းပညာခါးဆက်ပြတ်နေတာကြာလှပေါ့။ +49 [21]#8 mrtamo 2012-07-16 14:46 လွှတ်တော်ကိုယ်စားလှယ်တွေ စာများများဖတ်ကြပါ။ ဗဟုသုတရှာမှီးကြပါ။ ခင်ဗျားတို့ပြောနေတာတွေက လူရယ်စရာကြီးဖြစ်နေတယ်။ ပြည်သူတွေကို ငတုံး၊ ငအတွေ မထင်ကြပါနဲ့။ မြန်မာပြည်အနှံ့ တောရောမြို့ပါမကျန် လူတော်တော်များများ နိုင်ငံခြားကို ဥဒဟို သွားလာနေကြတဲ့ခေတ်။ ခင်ဗျားတို့က ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်နေကြတယ်။ +122 [22]#7 NyanHtet 2012-07-16 00:22 လမ်း.............အရှေ့တောင် အာရှမှာ အစုတ် ပြတ်ဆုံး လျှပ်စစ်.........အရှေ့တောင် အာရှမှာ အစုတ် ပြတ်ဆုံး လူ............ခိုးမယ်....ဖွက်မယ်....အမြီးကျက် အမြီးစားမယ်... ခေါင်းကျက် ခေါင်းစားမယ်..... ဆက်သွယ်ရေး......အရှေ့တောင် အာရှမှာ အစုတ် ပြတ်ဆုံး မြေကြီး...........အရှေ့တောင်အာရှမှာ ဈေးအကြီးဆုံး ဒီတော့ ကမ္ဘာပတ် စီးပွားရေး လုပ်နေတဲ့ တိုင်းပြည်တွေက မြန်မာနိုင်ငံကို လာရင်းနှီးပါလိမ့်မယ်။။ ကိုယ့်တိုင်းပြည်ထက် လျှပ်စစ် မြေကြီး လူအရင်းမြစ်ပေါတဲ့ တရုတ်လို တိုင်းပြည်မှာ စက်ရုံတွေ ထောင်ကြတာ။။ ခိုးယင် လက်ဖြတ်လာတဲ့ တရုတ်ဆိုတော့ မြန်မာပြည်ထက် သူခိုး နည်းတယ်။။မြေကြီး ပေါတယ်။လျှပ်စစ် အလျှံအပယ်။တရုတ်ဘဏ် တွေက ငွေပါချေးသေးတယ်။။ မြန်မာပြည်က အကျင့်ပါနေတဲ့ အာဏာပိုင်တွေက နောက် ၁၀ နှစ် ထိ လာဘ်စားတာ ပျောက်မှာ မဟုတ်သေးဘူး။ လမ်း....လျှပ်စစ်......ဆက်သွယ်ရေး.....ရေ.....အာမခံချက် မရှိသေး။ +193 [23]#6 HungryBird 2012-07-15 23:51 မြန်မာပြည် စီးပွါးရေးအရ ခေတ်နောက်ကျ ကျန်ခဲ့တာ Sanction ကြောင့်ဆိုပြီး လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ ကျားဖြူကိုယ်စားလှယ်ရဲ့ ဗဟုသုတ၊ ဥာဏ်အမြော်အမြင်ကိုတော့ သြချလောက်ပါပေတယ်။ ကျနော်တို့နိုင်ငံမှာ ရင်းနှီးမြှပ်နှံသူတွေကို ဆွဲဆောင်ဖို့ အခြေခံ အဆောက်အဦတွေ အဆင်သင့်မရှိသေးဘူးဆိုတာ တော်ရုံဗဟုသုတ ရှိတဲ့သူတိုင်း သိပါတယ်။ မီးကမလာဘူး။ လာပြန်တော့လဲ ဗို့အားမပြည့်။ တယ်လီဖုန်းတွေက ခေါ်လို့မရ၊ အင်တာနက်က လိပ်ကိုခဲဆွဲထားသလို။ ဘဏ်တွေကလဲ သူများနိုင်ငံတွေလို ဝန်ဆောင်မှု မပေးနိုင်သေး။ ရုံးတွေမှာလဲ အခုထိ ဘုတ်အုပ်ကြီးထဲမှာ ရေးနေကြတုန်း။ လွှတ်တော်ကိုယ်စားလှယ်တွေ စာများများဖတ်ကြပါ။ ဗဟုသုတရှာမှီးကြပါ။ ခင်ဗျားတို့ပြောနေတာတွေက လူရယ်စရာကြီးဖြစ်နေတယ်။ ပြည်သူတွေကို ငတုံး၊ ငအတွေ မထင်ကြပါနဲ့။ မြန်မာပြည်အနှံ့ တောရောမြို့ပါမကျန် လူတော်တော်များများ နိုင်ငံခြားကို ဥဒဟို သွားလာနေကြတဲ့ခေတ်။ ခင်ဗျားတို့က ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်နေကြတယ်။ ကိုယ်ပြောတဲ့ စကားနဲ့ ကိုယ်သိက္ခာကျနေတာကို မရိပ်မိကြဘူး။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ တို့ကို တစ်ခါလောက် သွားကြည့်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ဝါးလုံးခေါင်းထဲ လသာနေတဲ့ အသိလောက်နဲ့ အလုပ် လုပ်နေရင်တော့ တိုင်းပြည်အတွက် ရင်လေးစရာ။ +75 [24]#5 salamander 2012-07-15 23:06 Quoting Thuya Aung: Quoting Thuya Aung: ကျွန်တော်တို့ ခေတ်အလွန်(အလွန့် )ကိုနောက်ကျနေရပါသည်။ လွှတ်တော်တွင် မိမိတို့ ဒေသတွင်း(သိပ်အရေးမပါသော)အရေးအရာများထက် နိုင်ငံတစ်ခုလုံးအတွက်လွှမ်းခြုံသော အရေးကြီးအချင်းအရာများကို ဆွေးနွေးအဖြေရှာသင့်ပြီ။ (ဥပမာ။ ။နိုင်ငံခြားရင်းနှီမြုပ်နှံမှုဥပဒေ၊ လယ်သမားများနိုင်ငံအနှံ့လယ်သိမ်းခံနေရသည့်အရေး) အခုဟာက အသေးအဖွဲလေးတွေနဲ့ လွှတ်တော်ကအချိန်ကုန်နေတယ်။ နိုင်ငံအတွက်၊ တမျိုးသားလုံးအတွက် အရေးကြီးအဆိုတွေကို ဦးစွာစိစစ်ပြီးဆွေးနွေးသင့်ပါတယ်။ ဥပမာ။ ဒီရွာမှာGSM tower ထောင်ပေးဖို့ အစီအစဉ်ရှိမရှိ။ ဒီနားမှာတံတါးဆောက်ပေးဖို့ ရှိမရှိ။ ပြည်နယ်တိုင်းရင်းသားဝန်ကြီးတွေကို ပြည်ထောင်စုအဆင့်မြှင့်တင်ပေးဖို့ ရှိမရှိ။ ဒါတွေကိုနောက်မှတဖြည်းဖြည်းလုပ်သင့်။ ဆွေးနွေးသင့်တယ်။ မှန်တယ်။ အမတ်တွေဆွေးနွေးတာကိုဖတ်ရကြည်.ရတာ ကြာလေစိတ်ပျက်လေပဲဗျို.။ နိုင်ငံတော်အတွက် အရေးကြီးတာ အများကြီးရှိပါလျက်နဲ. ဘာတွေတင်ပြဆွေးနွေးနေကြတာလဲမသိဘူး။ +52 [25]#4 sans 2012-07-15 22:39 မြန်မာနိုင်ငံ အကျိုးရှိဘို့ လာမယ်ဆို လာုကပါ။ခုတော့တရုတ်နှိက်စက်လို့ မြန်မာပြည် ဘာဝတွေကုန်တော့မယ်။ခုလည်း မြန်မာပြည်ရဲ့သဘာဝတွေ မြန်မာပြည်အနှံ့ တရုတ်တွေမိုင်းခွဲ လို့ဘုရားတွေလဲ ပြိုတော့မယ်။သက်ဆိုင်ရာ တာဝန်ရှိသူတို့ရေ အမြန်တားမြစ်ပေးကြပါ။ဒါမှမဟုတ် တရုတ်တွေလုပ်ခွင့်ကို တားမြစ်ပေးပါ။တရုတ်လုပ်လို့မြန်မာပြည် စုတ်ပြတ်နေပါဘီ +49 [26]#3 Thuya Aung 2012-07-15 22:35 Quoting Thuya Aung: ကျွန်တော်တို့ ခေတ်အလွန်(အလွန့် )ကိုနောက်ကျနေရပါသည်။ လွှတ်တော်တွင် မိမိတို့ ဒေသတွင်း(သိပ်အရေးမပါသော)အရေးအရာများထက် နိုင်ငံတစ်ခုလုံးအတွက်လွှမ်းခြုံသော အရေးကြီးအချင်းအရာများကို ဆွေးနွေးအဖြေရှာသင့်ပြီ။ (ဥပမာ။ ။နိုင်ငံခြားရင်းနှီမြုပ်နှံမှုဥပဒေ၊ လယ်သမားများနိုင်ငံအနှံ့လယ်သိမ်းခံနေရသည့်အရေး) အခုဟာက အသေးအဖွဲလေးတွေနဲ့ လွှတ်တော်ကအချိန်ကုန်နေတယ်။ နိုင်ငံအတွက်၊ တမျိုးသားလုံးအတွက် အရေးကြီးအဆိုတွေကို ဦးစွာစိစစ်ပြီးဆွေးနွေးသင့်ပါတယ်။ ဥပမာ။ ဒီရွာမှာGSM tower ထောင်ပေးဖို့ အစီအစဉ်ရှိမရှိ။ ဒီနားမှာတံတါးဆောက်ပေးဖို့ ရှိမရှိ။ ပြည်နယ်တိုင်းရင်းသားဝန်ကြီးတွေကို ပြည်ထောင်စုအဆင့်မြှင့်တင်ပေးဖို့ ရှိမရှိ။ ဒါတွေကိုနောက်မှတဖြည်းဖြည်းလုပ်သင့်။ ဆွေးနွေးသင့်တယ်။ +167 [27]#2 nga shwe 2012-07-15 21:30 လျှပ်စစ်မီးအကုန်ရောင်းစားထားလို့ စက်မှုလုပ်ငန်းမီးမပေးနိုင်တာ ဖုန်းတွေခေါ်လို့ပြောလို့ အဆင်မပြေတာ လမ်းတွေမကောင်းဘဲပို့ ဆောင်စားရိတ်ကြီးတာ အင်တာနက်နှေးတာ မီးအားဗို့ တေ့ဂ်ျမငြိမ်တာကွန်ပျူတာနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို လုပ်မရအောင်ကန့် သတ်ပြီးသားဘဲ အဲဒါတပ်မတော်အစိုးရလုပ်ခဲ့တဲ့ပြည်တွင်းဆန်ရှင်တွေဘဲ လုပ်ပေးချင်ရင်တောင် နှစ်နဲ့ ချီအချိန်ယူပြီးပြင်ရမှာ ပြည်ပဆန်ရှင်ကချက်ခြင်းရုပ်လို့ လွယ်တယ် +90 [28]#1 Thuya Aung 2012-07-15 21:18 ကျွန်တော်တို့ ခေတ်အလွန်(အလွန့် )ကိုနောက်ကျနေရပါသည်။ လွှတ်တော်တွင် မိမိတို့ ဒေသတွင်း(သိပ်အရေးမပါသော)အရေးအရာများထက် နိုင်ငံတစ်ခုလုံးအတွက်လွှမ်းခြုံသော အရေးကြီးအချင်းအရာများကို ဆွေးနွေးအဖြေရှာသင့်ပြီ။ (ဥပမာ။ ။နိုင်ငံခြားရင်းနှီမြုပ်နှံမှုဥပဒေ၊ လယ်သမားများနိုင်ငံအနှံ့လယ်သိမ်းခံနေရသည့်အရေး) [29]JComments နောက်ဆုံးရပြည်တွင်းသတင်း * [30]ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်သူများနှင့် ကိုယ်ပိုင်ကျောင်းဆရာ လျှောက်ထားသူများကို လျှောက်လွှာ တင်သွင်းခွင့်ပြု၊ (၁) နှစ် စမ်းသပ်ဖွင့်လှစ်ခွင့် ရရှိခဲ့သည့် ကိုယ်ပိုင်ကျောင်းများလည်း ထပ်မံ လျှောက်ထားရမည် ဖြစ်ကြောင်း သိရ * [31]ပြည်တွင်းရေကြောင်းပိုင် မြဧရာဈေးသင်္ဘောနှင့် ဈေးတွဲ နှစ်တွဲအား ပုဂ္ဂလိက သို့ ငှားရမ်းပြေးဆွဲခွင့် ပြုမည် * [32]ကချင်ပြည်နယ်အတွင်း လဂျားယန် ဒေသမှ လွဲ၍ KIA တပ်ရင်းများရှိရာ ကျန်ဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၊ လိုင်ဇာအနီးရှိ ခိုင်ယာဘွမ် တပ်စခန်းကို တပ်မတော်မှ ဆက်လက်သိမ်းယူနိုင်ခဲ့ကြောင်း သိရ * [33]UNFC နှင့် နိုင်ငံရေးအကြို ဆွေးနွေးမှုများ ဖေဖော်ဝါရီလအတွင်း လုပ်ဆောင်နိုင်မည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ မျှော်မှန်း * [34]အစိမ်းရောင် နှီးနှောဖလှယ် ဆွေးနွေးပွဲ (လူငယ်ဖိုရမ်) ပြုလုပ်မည် * [35]အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ ဦးဆောင်သည့်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ခရီးစဉ်အတွင်း ပြည်အကျဉ်းထောင်သို့ သွားရောက်လေ့လာခဲ့ * [36]အမေရိကန်သံရုံး၏ ကြေညာချက် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြင်းထန်စွာ ကန့်ကွက် * [37]စာပေစိစစ်ရေးနှင့် မှတ်ပုံတင် ဌာနခွဲကို ဖျက်သိမ်း၍ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲအသစ် ပြန်ကြားရေး ၀န်ကြီးဌာန ဖွဲ့စည်းမည် * [38]ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုကို အပစ်အခတ်ရပ်စဲမှု မလုပ်ဘဲ ဆက်လုပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား * [39]နယ်လှည့်တရားဟောခွင့် တစ်နှစ်ပိတ်ပင်ခံထားရသည့် ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တရားဟောခွင့် ပြန်လည်ရရှိ Références Liens visibles 1. http://www.11-media.com/ 2. file://localhost/index.php?option=com_content&view=section&layout=blog&id=11&Itemid=110 3. file://localhost/index.php?option=com_content&view=category&layout=blog&id=42&Itemid=112 4. file://localhost/index.php?option=com_content&view=category&layout=blog&id=43&Itemid=111 5. file://localhost/index.php?option=com_content&view=section&layout=blog&id=22&Itemid=113 6. file://localhost/index.php?option=com_content&view=section&layout=blog&id=14&Itemid=117 7. file://localhost/index.php?option=com_content&view=section&layout=blog&id=13&Itemid=122 8. file://localhost/index.php?option=com_content&view=section&layout=blog&id=17&Itemid=132 9. file://localhost/index.php?option=com_content&view=section&layout=blog&id=18&Itemid=135 10. file://localhost/index.php?option=com_content&view=category&layout=blog&id=104&Itemid=175 11. file://localhost/index.php?option=com_content&view=section&layout=blog&id=19&Itemid=145 12. file://localhost/index.php?option=com_youtubegallery&view=gallery&Itemid=182 13. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112 14. file://localhost/index.php?view=article&catid=42%3A2009-11-10-07-36-59&id=14578%3A-us-asean-&format=pdf&option=com_content&Itemid=112 15. file://localhost/index.php?view=article&catid=42%3A2009-11-10-07-36-59&id=14578%3A-us-asean-&tmpl=component&print=1&layout=default&page=&option=com_content&Itemid=112 16. http://www.addthis.com/bookmark.php 17. http://www.facebook.com/plugins/like.php?href=http%3A%2F%2Fwww.11-media.com%2Findex.php%3Foption%3Dcom_content%26amp%3Bview%3Darticle%26amp%3Bid%3D14578%26amp%3Bcatid%3D42%26amp%3BItemid%3D112&layout=standard&show_faces=true&width=450&action=like&colorscheme=light 18. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112#comment-53721 19. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112#comment-53652 20. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112#comment-53647 21. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112#comment-53646 22. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112#comment-53632 23. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112#comment-53630 24. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112#comment-53625 25. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112#comment-53618 26. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112#comment-53617 27. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112#comment-53613 28. file://localhost/index.php?option=com_content&view=article&id=14578:-us-asean-&catid=42:2009-11-10-07-36-59&Itemid=112#comment-53609 29. http://www.joomlatune.com/ 30. file://localhost/index.php?option=com_content&view=article&id=17585:2013-01-26-09-27-56&catid=42:2009-11-10-07-36-59&Itemid=112 31. file://localhost/index.php?option=com_content&view=article&id=17584:2013-01-26-09-18-52&catid=42:2009-11-10-07-36-59&Itemid=112 32. file://localhost/index.php?option=com_content&view=article&id=17583:-kia-&catid=42:2009-11-10-07-36-59&Itemid=112 33. file://localhost/index.php?option=com_content&view=article&id=17582:unfc--------&catid=42:2009-11-10-07-36-59&Itemid=112 34. file://localhost/index.php?option=com_content&view=article&id=17579:2013-01-26-06-50-10&catid=42:2009-11-10-07-36-59&Itemid=112 35. file://localhost/index.php?option=com_content&view=article&id=17580:-icrc-&catid=42:2009-11-10-07-36-59&Itemid=112 36. file://localhost/index.php?option=com_content&view=article&id=17577:2013-01-26-05-09-19&catid=42:2009-11-10-07-36-59&Itemid=112 37. file://localhost/index.php?option=com_content&view=article&id=17575:2013-01-25-16-46-25&catid=42:2009-11-10-07-36-59&Itemid=112 38. file://localhost/index.php?option=com_content&view=article&id=17574:2013-01-25-15-36-29&catid=42:2009-11-10-07-36-59&Itemid=112 39. file://localhost/index.php?option=com_content&view=article&id=17573:2013-01-25-09-53-29&catid=42:2009-11-10-07-36-59&Itemid=112 Liens cachés : 41. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 42. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 43. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 44. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 45. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 46. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 47. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 48. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 49. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 50. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 51. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 52. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 53. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 54. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 55. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 56. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 57. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 58. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 59. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 60. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 61. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html 62. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/226.html