[1]Myanmar Times Logo * [2]Home * [3]ပြည်တွင်းသတင်း * [4]အထက်မြန်မာပြည်သတင်း * [5]နေပြည်တော်သတင်း * [6]စီးပွားရေးနှင့်အိမ်ခြံမြေ * [7]လူမှုဘ၀ရသစုံလင် * [8]ကမ္ဘာ့သတင်း * [9]အားကစား * [10]နည်းပညာ * [11]ဓါတ်ပုံ * [12]ဆောင်းပါး IFRAME: [13]../../iframe/iframe578.html [14][EMBED] Now! Fashion Forward [property.gif] [15]Share အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံခွင့် ရပြီ (အေအက်ဖ်ပီ) ၀င်းသော်တာ ဘာသာပြန်သည်။ အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂) [obama.gif] ၀ါရှင်တန်ရှိ အိမ်ဖြူတော်တွင် တွေ့ရသော အမေရိကန်သမ္မတ ဘာရက်အိုဘားမား။ ဓာတ်ပုံ - အေအက်ဖ်ပီ ၀ါရှင်တန် - အမေရိကန်ကုမ္ပဏီများကို ရေနံနှင့်သဘာဝ ဓာတ်ငွေ့ လုပ်ငန်း များအပါအ၀င် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အမေ ရိကန်နိုင်ငံက ဇူလိုင်လ ၁၁ ရက်နေ့တွင် ခွင့်ပြုလိုက်ခြင်းသည် ယခင်က နိုင်ငံတကာမှ အယုံအကြည်ကင်းမဲ့ ခဲ့သော မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုများကို အထိရောက် ဆုံးဖြေလျှော့မှု ဖြစ်ပြီး ယင်းကြောင့် အငြင်းပွားစရာများလည်း ပေါ်ပေါက်စေခဲ့သည်။ ၁၉၆၂ ခုနှစ်ကတည်းက တပ်မတော် ၏ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော မြန်မာနိုင်ငံတွင် သမိုင်းဝင်ပြီးသိသာ ထင်ရှားသည့် ပြုပြင်ပြောင်းလဲ မှုများကို ပြုလုပ်နိုင်ခဲ့ခြင်းကို အသိအမှတ်ပြုသည့် အနေဖြင့် ယခု ကဲ့သို့ပြုလုပ်ခြင်းဖြစ် ကြောင်း၊ ဆယ်စုနှစ်နှစ်ခုအတွင်း မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ် ပထမဆုံးခန့်အပ်ခံရသည့် Derek Mitchell ဇူလိုင်လ ၁၁ ရက်နေ့က မြန်မာ နိုင်ငံသို့ရောက်ရှိမှုနှင့် အချိန်ကိုက်စွာ အိုဘားမားကပြောကြားခြင်းဖြစ်သည်။ "ဒီနေ့ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ချပြီး အမေရိကန်ကုမ္ပဏီတွေကို မြန်မာနိုင်ငံ ရဲ့စီးပွားရေး လုပ်ငန်းတွေမှာ တာဝန် သိသိရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ဖို့ ခွင့်ပြု တော့မှာဖြစ်ပါတယ်" ဟု အိုဘားမားက ပြောသည်။ "သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင် ဆန်းစုကြည်နဲ့ မြန်မာပြည်သူပြည်သား တွေက ဒီမိုကရေစီကိုသွားရာလမ်းကြောင်းမှာ သိသာ ထင်ရှားတဲ့ တိုးတက် မှုတွေကို ဆက်လက်လုပ်ဆောင်မှာဖြစ် ပြီး အစိုးရကလည်း ပြုပြင်ပြောင်းလဲမှုတွေ ကို ဆက်လက် လုပ်ဆောင် နေပါတယ်" ဟု ၎င်းက ပြောသည်။ အမေရိကန်ကုမ္ပဏီများက အကျိုး အမြတ်များစွာရနိုင်သော မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများတွင် ၎င်းတို့နှင့် ပြိုင်ဘက်ဖြစ်သော အာရှနှင့်ဥရောပ နိုင်ငံများမှ ကုမ္ပဏီများက လက်ဦးမှုရရှိ သွားလျှင် ၎င်းတို့၏အခွင့်အရေးများ ဆုံးရှုံးသွားမည်ကို စိုးရိမ်ခဲ့ကြသည်။ သို့သော် အိုဘားမား၏ကြေညာချက် မှာ ဒေါ်အောင်ဆန်းစုကြည်၏ သတိပေး ချက်နှင့် ကွဲလွဲလျက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားကုမ္ပဏီများကို နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် မပူးပေါင်းရန် သတိပေးထားသည်။ နေအိမ်အကျယ်ချုပ်ဖြင့် နှစ်အတော် ကြာနေထိုင်ခဲ့ရသော်လည်း လက်ရှိ ပါလီမန်တွင် လွှတ်တော်အမတ်တစ် နေရာရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် သည် ၎င်း၏ မကြာသေးမီကသွားရောက် ခဲ့သော ဥရောပခရီးစဉ်အတွင်း MOGE မှာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့က သတ်မှတ်ထားသော နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိရန် ဦးစွာလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။ စည်းမျဉ်းဥပဒေသစ်များအရ အမေ ရိကန်ကုမ္ပဏီများက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပူးပေါင်းကာ စီးပွားရေး လုပ်ခွင့်ရရှိလာမည်ဖြစ် သော်လည်း ရက်ပေါင်း ၆၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သို့ အကြောင်းကြားရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါ်လာ ၅၀၀,၀၀၀ အထက် ရင်းနှီးမြှုပ်နှံသော အမေရိကန် ကုမ္ပဏီအားလုံးတို့သည် လူ့အခွင့်အရေး၊ အလုပ် သမားများ၏ အခွင့်အရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာများတွင် ၎င်းတို့၏ အလေးထားလုပ်ဆောင်မှုများကို ဖော်ပြထားသော အစီရင် ခံစာများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ နှစ်စဉ်တင်ပြရမည် ဖြစ်သည်။ Financial Times သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် သမ္မတ ဦးသိန်းစိန်က "အခုအချိန်မှာ မြန်မာနိုင်ငံ အတွက် အလွန်လိုအပ်နေတဲ့ ကုန်သွယ် မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဆောင်နိုင် ဖို့ ဒဏ်ခတ်အရေးယူမှုတွေကို ဖယ်ရှား ပစ်ဖို့ အင်မတန် အရေးကြီးပါတယ်" ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုကို မကြာသေးခင်အချိန်အထိ ထောက်ခံခဲ့ ကြသော လူ့အခွင့် အရေးတက်ကြွလှုပ်ရှား သူများက အမေရိကန်အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့သည်။ ထိုသို့ အစီရင်ခံတင်ပြရန်သတ်မှတ် ထားခြင်းများက မလုံလောက်ကြောင်း နှင့် အမေရိကန်ပြည်ထောင်စုက ရင်းနှီး မြှုပ်နှံမှုများကို ဖွင့်မပေးမီ အုပ်ချုပ်ရေးနှင့် လူ့အခွင့်အရေးများတွင် ပြုပြင်ပြောင်းလဲ မှုများပေါ်ပေါက်စေရန် ဆက်လက် တိုက်တွန်းပေးသင့်ကြောင်း လူ့အခွင့် အရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့ က ပြောသည်။ သို့သော် မြန်မာနိုင်ငံနှင့် ဆွေးနွေး ညှိနှိုင်းမှုလုပ်ဆောင်ရာတွင် ဦးဆောင် ပါဝင်သော အိုဘားမား၏ ဒီမိုကရက် တစ်ပါတီမှ အထက် လွှတ်တော်အမတ် တစ်ဦးဖြစ်သူ Jim Webb က အမေရိကန် ပြည်ထောင်စု၏ ယခုကဲ့သို့ ဆောင်ရွက်မှုက အပြုသဘော လုပ်ဆောင် မှုများကို အားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ပြည်ပမှတင်သွင်းမှုများကို ပိတ်ပင် ထားမှုကိုလည်း ရပ်ဆိုင်းပေးရန် အမေ ရိကန်အစိုးရကို မေတ္တာရပ်ခံခဲ့သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေ သစ်တစ်ရပ်နှင့် စီးပွားရေးလွတ်လပ်ခွင့် ပေးရန်ရည်ရွယ်သော အခြားဆောင်ရွက် မှုများစွာကို ပါလီမန်၌ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ စစ်အစိုးရလက်ထက် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဆယ်စုနှစ်များကြာအောင် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ ၎င်းတို့ဘက်တော် သားများကိုသာ ဦးစားပေးနေခြင်းနှင့် အထီးကျန်ဘ၀ရောက်ခဲ့ရခြင်းတို့ ကြောင့် ပျက်စီးယိုယွင်းခဲ့ရသည်။ ၁၉၈၈ ခုနှစ်၌ ဒီမိုကရေစီအရေး ဆန္ဒပြ မှုများကို နှိမ်နင်းခဲ့ပြီးနောက်တွင် အမေရိကန်နိုင်ငံ၏ အာရှအရေးကိစ္စများဆိုင်ရာ ၀ါရင့် မူဝါဒချမှတ်သူတစ်ဦး ဖြစ်သည့် Derek Mitchell သည် ဇူလိုင် လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးအမေရိကန် သံအမတ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ သမိုင်းဝင်လာရောက်မှုအဖြစ် ဒီဇင် ဘာလက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သည် အရှေ့တောင် အာရှနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ သို့ ရောက်ရှိနေချိန်တွင် အိုဘားမားက ထိုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အခြားသော အမေရိကန်အဆင့်မြင့် အရာရှိနှစ်ဦးဖြစ်သည့် Robert Hormats နှင့် Francisco Sanchez တို့နှစ်ဦးသည် ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်ခဲ့သည်။ Références 1. LYNXIMGMAP:file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/236.html#mmt_LogoMap 2. file://localhost/home/mtm578.html 3. file://localhost/home/elfe/news/578/index.html 4. file://localhost/home/elfe/upper/578/index.html 5. file://localhost/home/elfe/naypyitaw/578/index.html 6. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/index.html 7. file://localhost/home/elfe/timeout/578/index.html 8. file://localhost/home/elfe/world/578/index.html 9. file://localhost/home/elfe/sport/578/index.html 10. file://localhost/home/elfe/tech/578/index.html 11. file://localhost/home/elfe/gallery/index.html 12. file://localhost/home/elfe/article/index.html 13. file://localhost/home/elfe/iframe/iframe578.html 14. javascript: void(0) 15. http://www.facebook.com/sharer.php [USEMAP] file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/236.html#mmt_LogoMap 1. http://www.myanmar.mmtimes.com/ 2. http://www.mmtimes.com/