[1]Myanmar Times Logo * [2]Home * [3]ပြည်တွင်းသတင်း * [4]အထက်မြန်မာပြည်သတင်း * [5]နေပြည်တော်သတင်း * [6]စီးပွားရေးနှင့်အိမ်ခြံမြေ * [7]လူမှုဘ၀ရသစုံလင် * [8]ကမ္ဘာ့သတင်း * [9]အားကစား * [10]နည်းပညာ * [11]ဓါတ်ပုံ * [12]ဆောင်းပါး IFRAME: [13]../../iframe/iframe587.html [14][EMBED] Now! Fashion Forward [upper.gif] [15]Share တံတားဦးဟိုတယ်ဇုန်စီမံကိန်းကိုစတင်အကောင်အထည်ဖော်နေ ယုယုမော် အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂) မန္တလေးတိုင်းဒေသကြီးတွင် တံတားဦး ဟိုတယ်ဇုန်စီမံကိန်းကို ယခုလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေ ပြီး ထိုစီမံ ကိန်းတွင် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုအတွက် ဧက ၅၈၄ခန့်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုအတွက် ဧက ၁,၀၃၁ ခန့် ကို ရောင်းချ ငှားရမ်း ပေးသွားမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးကျော်ထွန်းက မြန်မာတိုင်း(မ်)ကို စက်တင်ဘာလ ၁၄ ရက်နေ့က ပြောကြားသည်။ "မန္တလေးတိုင်းဝန်ကြီးချုပ်က ဟိုတယ် ဇုန် တရားဝင်လုပ်ခွင့် ပေးလိုက်ပါပြီ။ ဒီလို ဟိုတယ်ဇုန်မှာ မြေယာအခက် အခဲတွေ ဖြေရှင်း ဖို့အတွက် တိုင်းဒေသကြီးကနေ ပြီး ကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့ထားပါ တယ်။ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေက တော့ လိုချင်တဲ့ မြေဧကကို ၀ယ်ယူနိုင်မှာ ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို နှစ် ၇၀ စာ ငှားရမ်းပေးသွားမှာပါ။ ဟိုတယ်ဇုန် တည်ဆောက်တဲ့နေရာမှာ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ကိနလနူသစနမ အဖြစ် တည်ဆောက်သွားမယ်" ဟု ၎င်းက ပြောသည်။ ဖော်ထုတ်ရန် လျှောက်ထားသည့် ဟိုတယ်ဇုန်နေရာသစ်များ ဖြစ်သည့် ပုဂံ၊ ပုပ္ပား၊ အင်းလေး၊ မန္တလေး၊ ရခိုင် စသည့် ဇုန်များထဲမှ မန္တလေးတံတားဦး ဟိုတယ် ဇုန်မှာ စတင်တည်ဆောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါဟိုတယ်ဇုန်မှာ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ၈ ဒသမ ၆ မိုင်အကွာတွင်တည်ရှိပြီး ဇုန်အကျယ် အ၀န်းမှာ စုစုပေါင်း ၅,၄၈၈ ဧကခန့်ရှိ သည်။ "ဟိုတယ်ဇုန်မှာ မြေကွက်ဝယ်၊ ငှား ထားတဲ့သူတွေဟာ တိုင်းဒေသကြီးက ချမှတ်ထားတဲ့ နှစ်အတွင်းမှာ ဆောက်လုပ်ရေး အပြီးဆောက်ရမယ်။ ဟိုတယ် ဇုန်မှာ ဟိုတယ်တင်မဟုတ်ဘဲ ကျောင်း၊ စူပါမားကတ်စတဲ့ အဆောက်အအုံတွေ လည်း ပါတယ်။ နောက်ပြီး အောက်တို ဘာလမှာ ဟောင်ကောင်မှာကျင်းပမယ့် ဟိုတယ်ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးမှာ ဒီစီမံကိန်းကိုတင်ပြပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု တွေကို ဖိတ်ခေါ်မယ်" ဟု ဗိသုကာပညာရှင်လည်းဖြစ်သူ ဦးကျော်ထွန်းက ပြောကြားသည်။ ဟိုတယ်ဇုန်တွင်းတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအပြင် နိုင်ငံတကာအဆင့် ဂေါက်ကွင်းအိမ်ရာ နှင့် အပန်းဖြေစခန်း ၂၈၁ ခုနှင့် အခြား ဟိုတယ်နှင့် ဆက်စပ်လုပ်ငန်းများ အတွက် အဆောက်အအုံများကို ဖော် ထုတ်ဆောက်လုပ်သွားမည်ဖြစ်သည်။ ဟိုတယ်ဇုန်အတွင်းပါဝင်သည့် ရွာ များကိုလည်း ဖယ်ရှားခြင်းမရှိဘဲ တည် ဆောက်သွားမည်ဖြစ်သည်။ ဟိုတယ် ဇုန်တည်ဆောက် သည့်အတွက် ဒေသ တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်ဟု ဦးကျော် ထွန်းက ပြောကြားသည်။ "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ် အလုံး ၁၀၀ ခန့်နှင့် ပြည်တွင်းတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၁၈၈ လုံးခန့် စုစု ပေါင်း ၂၈၈ လုံး ပေါ်ပေါက်လာမှာဖြစ်တဲ့ အတွက် ပျမ်းမျှ လူပေါင်း ၂၀,၀၀၀ နီးပါး လောက် အလုပ်အကိုင်အခွင့်အလမ်း တွေ ရရှိလာမှာပါ" ဟု ဦးကျော်ထွန်းက ပြောကြားသည်။ တိုးတက်လာမည့် ခရီးသည် ၀င် ရောက်မှုနှုန်းကို ပြည့်မှီစေရန် ခရီးသည် အများဆုံး လာရောက်လည်ပတ်သည့် ဒေသများတွင် ဟိုတယ်ခန်းများအလုံ အလောက်ရှိနိုင်ရေးအတွက် ဟိုတယ်ဇုန် စီမံကိန်းများကို သက်ဆိုင်ရာတိုင်းဒေသ ကြီးများနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ ပူးပေါင်း၍ အလျင်အမြန်ဖော်ထုတ် လျက်ရှိသည်။ အဆိုပါ တံတားဦး ဟိုတယ်ဇုန်စီမံကိန်းသည် လာမည့် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် ဆီးဂိမ်း အတွက် ဟိုတယ်အနည်းငယ်သာတည် ဆောက်ပြီးစီးနိုင်မည်ဖြစ်ပြီး ဟိုတယ်ဇုန် စီမံကိန်းတစ်ခုလုံး ပြီးမြောက်ရန် လေးနှစ် နီးပါး ကြာမြင့်မည်ဖြစ်သည်။ Références 1. LYNXIMGMAP:file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/245.html#mmt_LogoMap 2. file://localhost/home/mtm587.html 3. file://localhost/home/elfe/news/587/index.html 4. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/index.html 5. file://localhost/home/elfe/naypyitaw/587/index.html 6. file://localhost/home/elfe/business/587/index.html 7. file://localhost/home/elfe/timeout/587/index.html 8. file://localhost/home/elfe/world/587/index.html 9. file://localhost/home/elfe/sport/587/index.html 10. file://localhost/home/elfe/tech/587/index.html 11. file://localhost/home/elfe/gallery/index.html 12. file://localhost/home/elfe/article/index.html 13. file://localhost/home/elfe/iframe/iframe587.html 14. javascript: void(0) 15. http://www.facebook.com/sharer.php [USEMAP] file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/245.html#mmt_LogoMap 1. http://www.myanmar.mmtimes.com/ 2. http://www.mmtimes.com/