[1]Myanmar Times Logo * [2]Home * [3]ပြည်တွင်းသတင်း * [4]အထက်မြန်မာပြည်သတင်း * [5]နေပြည်တော်သတင်း * [6]စီးပွားရေးနှင့်အိမ်ခြံမြေ * [7]လူမှုဘ၀ရသစုံလင် * [8]ကမ္ဘာ့သတင်း * [9]အားကစား * [10]နည်းပညာ * [11]ဓါတ်ပုံ * [12]ဆောင်းပါး IFRAME: [13]../../iframe/iframe588.html [14][EMBED] Now! Fashion Forward [naypyitaw.gif] [15]Share ပြည်တွင်းလျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်များအတွက် သဘာဝ ဓာတ်ငွေ့ဈေးကို လက်ရှိဈေးနှုန်းထက် လျှော့မရောင်းနိုင်ဟုဆို စုလှိုင်ထွန်း အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂) [pipe.jpg] မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုစီမံကိန်း လုပ်ငန်းခွင်တစ်နေရာတွင် တွေ့ရသည့် သဘာဝ ဓာတ်ငွေ့ ပိုက်လုံးများ။ ဓာတ်ပုံ-ဂျူးလိယက် ဆောက်လုပ်နေဆဲ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် လျှောက်ထားဆဲ လုပ်ငန်းရှင်တို့ကို သဘာဝဓာတ်ငွေ့ ရောင်းချပေးရာတွင် လက်ရှိပြည်တွင်းရောင်းဈေးဖြစ်သည့် ကုဗပေ ၁,၀၀၀ လျှင် အမေရိကန် ငါးဒေါ်လာထက်ပိုကာ လျှော့ရောင်းချ ရန် မဖြစ်နိုင်တော့ဟု စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဆွေးနွေးပွဲတွင် ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ ပြည်ပရောင်းဈေးသည် ကုဗ ပေ ၁,၀၀၀ကို အမေရိကန် ၁၂ ဒေါ်လာ နှင့် ၆၂ ဆင့်ဖြစ်ပြီး ပြည်တွင်းရောင်းဈေး သည် အမေရိကန် ငါးဒေါ်လာဖြစ်သည့် အတွက် တစ်နှစ်လျှင် ကျပ်ဘီလျံ ၈၃၀ အရှုံးပေါ်နေသည်ဟု ၎င်းကပြောသည်။ စွမ်းအင်ဈေးကွက်ရှိ သဘာဝဓာတ် ငွေ့၊ ရေနံစသည့်တို့၏ ဈေးနှုန်း သည် သုံးလတစ်ကြိမ် အပြောင်းအလဲရှိသည်။ လျှပ်စစ်ကဏ္ဍအတွက် စွမ်းအင်ကဏ္ဍ ပံ့ပိုးမှုများ လိုအပ်လျက်ရှိရာ ရောင်းချပြီး သည်များကို ပြန်လည်ဝယ်ယူနိုင်ရန် ညှိနှိုင်းထားသည်ဟု သိရသည်။ "ယနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေက စွမ်းအင်နဲ့ပတ်သက်တဲ့ လျှပ်စစ်ချို့တဲ့မှု က သေချာပေါက် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရတာ ဖြစ်တော့ တော်တော် များများက အခုရောင်းချထားတဲ့ သဘာဝဓာတ်ငွေ့တွေ ပြန်ရအောင် ယူရ မယ်ဆိုတဲ့ အယူအဆတွေလည်း ရှိပါ တယ်။ ဒီအပိုင်းမှာ တင်ပြရရင်တော့ နိုင်ငံ တကာက ချမှတ်ထားတဲ့ စည်းကမ်းတွေ ကို လိုက်နာတဲ့နိုင်ငံဖြစ်လို့ အသေးစိတ် ပြန်လည် ဆွေးနွေးနေရတာ ဖြစ်ပါတယ်"ဟု ဦးသန်းဌေးက ပြောသည်။ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ပြည်ပသို့ ရောင်းချလျက်ရှိရာ ယခင် အစိုးရလက်ထက်က ချုပ်ဆိုခဲ့သည့် စာချုပ်များကိုလည်း လေးစားလိုက်နာရ မည်ဖြစ်ပြီး စာချုပ်ချုပ်ဝယ်ယူသူကို ရောင်းချပေးရမယ့်ဝတ္တရားရှိကြောင်း ၎င်းက ပြောသည်။ "သဘာဝ ဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ် အားစက်ရုံတွေ ဆောက်မယ်ဆို ဒီဈေးနဲ့ ဆို မကိုက်ပါဘူး။ ဈေးနှုန်းပြင်ဖို့ ကြိုးစား တဲ့အခါမှာ လည်း ဒီလိုသာ တက်ကုန်ရင် စက်မှုလုပ်ငန်းတွေရဲ့ ထုတ်ကုန်ဈေးနှုန်း တွေလည်း အကုန်တက်သွားနိုင်တယ်။ ကမောက်ကမတွေ ဖြစ်ကုန်ပါမယ်ဆိုပြီး နိုင်ငံတော်ကို တင်ပြကြလို့ နိုင်ငံတော် က လျှော့ဈေးပေါ့ဈေးနဲ့ တစ်နှစ်စာပေး လိုက်ပါဆိုလို့ ငါးဒေါ်လာနဲ့ ရောင်းပေး တာပါ"ဟု ဦးသန်းဌေးက ပြောသည်။ "နိုင်ငံတော်က ဘယ်လောက်ပဲ စံ သတ်မှတ်ရောင်းချပေးကာမူ တခြား နိုင်ငံကလည်း တကယ်အသုံးလိုလို့ သုံးဖို့ ၀ယ်ထားတာကို ပြန်ပေးချင်မှာ မဟုတ် ဘူး။ ဥပမာ တနင်္သာရီတိုင်းက ထိုင်း နိုင်ငံနဲ့ဆို အိမ်နီးချင်းနှစ်နိုင်ငံမျက်နှာနဲ့ ပေးမယ်ဆိုပေမယ့် သုံးဖို့ဝယ်ထား တာကို ပြန်ရောင်းတဲ့အခါ ကိုယ်ဝယ်ထားတဲ့ ဈေးထက်လျှော့ရောင်းမှာမဟုတ်ဘူး။ ဒါကြောင့် တနင်္သာရီတိုင်းဒေသကြီးက လုပ်ငန်းရှင် တွေအနေနဲ့ ဓာတ်အားပေး စက်ရုံတွေမှာ သဘာဝဓာတ်ငွေ့ဈေးက ၁၂ ဒေါ်လာနဲ့ ၁၃ ဒေါ်လာဈေးရှိတယ် ဆိုတာ သိထားရပါမယ်"ဟု ၎င်းကပြောသည်။ တနင်္သာရီတိုင်းဒေသကြီးအပါအ၀င် နိုင်ငံတစ်ဝန်းတွင် လျှပ်စစ်ဓာတ်အားထုပ်လုပ်မှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ အနေဖြင့် သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများကို အလားတူ စဉ်းစားသင့်ကြောင်း ၎င်းကပြော သည်။ "ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေအနေနဲ့ သဘာဝဓာတ်ငွေပေးနိုင်တဲ့ ပမာဏကိုလည်း သိရပါမယ်။ ပေးနိုင်တဲ့ သဘာဝဓာတ်ငွေ့က လည်း အကန့် အသတ်ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာ လည်း ကုဗပေ သန်း ၈၀၀ ထုတ်ရောင်းဖို့ ရှိပါသေးတယ်"ဟု ဦးသန်းဌေးက ပြော သည်။ Références 1. LYNXIMGMAP:file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/247.html#mmt_LogoMap 2. file://localhost/home/mtm588.html 3. file://localhost/home/elfe/news/588/index.html 4. file://localhost/home/elfe/upper/588/index.html 5. file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/index.html 6. file://localhost/home/elfe/business/588/index.html 7. file://localhost/home/elfe/timeout/588/index.html 8. file://localhost/home/elfe/world/588/index.html 9. file://localhost/home/elfe/sport/588/index.html 10. file://localhost/home/elfe/tech/588/index.html 11. file://localhost/home/elfe/gallery/index.html 12. file://localhost/home/elfe/article/index.html 13. file://localhost/home/elfe/iframe/iframe588.html 14. javascript: void(0) 15. http://www.facebook.com/sharer.php [USEMAP] file://localhost/home/elfe/PROJET-MOT-SUR-LE-WEB/PAGES-ASPIREES/247.html#mmt_LogoMap 1. http://www.myanmar.mmtimes.com/ 2. http://www.mmtimes.com/