bbc.co.uk navigation

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ မူကြမ်းကို အတည်ပြုပြီ

နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2012 - 15:39 GMT

လွှတ်တော်က အတည်ပြုပေး အပြီး ဒီဥပဒေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ရမှာ ဖြစ်တယ်

မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ မူကြမ်းကို သောကြာနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကနေ အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ပြည်တွင်းက အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင် တွေ စိုးရိမ်တဲ့ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ သန်း ရင်းနှီး မြှုပ်နှံရမှာကို ဒီဥပဒေကနေ ပယ်ဖျက်လိုက် ပါတယ်။

ရင်းနှီး မြှုပ်နှံရမယ့် ငွေပမာဏကို လုပ်ငန်း အလိုက် သတ်မှတ်ဖို့ အပါအဝင် စည်းမျဉ်း စည်းကမ်း အသေးစိတ်ကိုတော့ နည်းဥပဒေ ရေးဆွဲတဲ့ အခါ ထည့်သွင်းရမှာ ဖြစ်သလို၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကြီးကြပ်ရေး ကော်မရှင်နဲ့ အစိုးရ ဝန်ကြီးများ အစည်းအဝေးတွေ ကနေ ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပြည်တွင်း လုပ်ငန်းရှင်တွေက အရေ အသွေးရော အရေအတွက်ပါ ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ လုပ်ငန်းတွေမှ အပ၊ ကျန် လုပ်ငန်းတွေမှာ အစု ရှယ်ယာကို တယောက် တဝက် လုပ်ခွင့် ပြုတာ၊ အပြည့် အဝ လုပ်ခွင့်ပြုတာတွေ ပါဝင်လာ ပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင် ကတော့ ပြည်တွင်း လုပ်ငန်းရှင် တွေရော အများပြည်သူတွေ အတွက်ပါ လုပ်သာ ကိုင်သာ အနေ အထားရှိ နိုင်တယ်လို့ ပြောပါတယ်။

အခု ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေး လိုက်တဲ့ မူကြမ်းကို သမ္မတက ပြင်ဆင်လို့ ရပါသေးတယ်။ မပြင်ဘူး ဆိုရင်တော့ သမ္မတက လက်မှတ်ရေးထိုးပြီး အတည်ပြု ထုတ်ပြန်ရမှာ ဖြစ်တယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။