Unescap၏ ခန့်မှန်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ၂၀၁၂ ခုနှစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့်အတူ ငွေကြေးဖောင်းပွမှု နှုန်းမှာလည်း ၆ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဖြစ် PDF Print E-mail
Saturday, 19 May 2012 20:12
AddThis Social Bookmark Button
United Nations Economic and Social Commission for Asia and the Pacific ၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ၏ ၂၀၁၂ ခုနှစ် စီး ပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်း ၆ ဒသ မ ၂ ရာခိုင်နှုန်းနှင့်အတူ ငွေကြေးဖောင်းပွမှု နှုန်းမှာလည်း ၆ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်သည်။

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ယခုနှစ်ပိုင်းအတွင်း တိုးတက်လာပြီး ၂၀၁၀ ပြည့်နှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သော မြန်မာ့စီးပွားရေးမှာ ၂၀၁၁ ခုနှစ်တွင် ၅ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိမည်ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

unescap ၏ထုတ်ပြန်ချက်အရ အဓိကအားဖြင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးလာခြင်းမှာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်း၊ အခြားစွမ်းအင် နှင့် သတ္တုတွင်းထွက်ကဏ္ဍတွင် ရင်း နှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ အလားတူ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင် ငံသို့ ခရီးသွားဝင်ရောက်မှုသည် ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း နှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ အထူးစီးပွားရေးဇုန်ဥပဒေအား ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် ထုတ်ပြန်မှုများကြောင့် ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက် နေ့အထိ ထုတ်ပြန်ထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် ကုမ္ပဏီ ပေါင်း ၄၆၇ ခုမှ စုစုပေါင်းရင်းနှီး မြှုပ်နှံမှုပမာဏ ၄၀၆၉၉ဒသမ ၃၄၈ သန်း ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် လက်ရှိရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများမှာ ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အရခွင့်ပြုထားသော လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းဥပဒေအရ ဖက်စပ်သော် လည်းကောင်း၊ တစ်ဦးချင်းသော် လည်းကောင်း၊ သမ၀ါယမလုပ်ငန်း အနေဖြင့် လည်းကောင်း၊ နိုင်ငံတော် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ နှင့်သော်လည်းကောင်း ဖက်စပ်ပြုလုပ်နိုင်ပြီး နိုင်ငံခြားကုမ္ပဏီ၏ ထည့်ဝင်မှုပမာဏ ၃၅ ရာခိုင်နှုန်း ရှိရမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ ၂၀၁၁ ခုနှစ် ဇန်န၀ါ ရီလတွင် အထူးစီးပွားရေးဇုန် ဥပဒေ ထွက်ပေါ်လာပြီး ယင်းဥပဒေအရ အခွန်ကင်းလွတ်ခွင့်အား ငါးနှစ်ပေးထားကြောင်း၊ ဒုတိယငါးနှစ်တွင် နောက်ထပ် ၅၀ ရာခိုင်နှုန်းထပ်ပေး ထားပြီး တတိယငါးနှစ်တွင် ၅၀ ရာ ခိုင်နှုန်း ထပ်မံလျှော့ထားကြောင်း သိရှိရသည်။ အကောက်ခွန်ကင်းလွတ် ခွင့်နှင့်ပတ်သက်၍မူ Export Pro cessing Zone အတွက် တင်သွင်းလာသော ကုန်ကြမ်းများ၊ စက်ပစ္စည်းများ နှင့် ယာဉ်ယန္တရားများနှင့် ပတ်သက်ပါက အခွန်ကင်းလွတ်ခွင့် ပြုထားသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွား ရေးဇုန်သုံးခုအား ဖော်ဆောင်လျက်ရှိ ပြီး ၎င်းတို့မှာ ထားဝယ်အထူးစီးပွား ရေးဇုန်၊ သီလ၀ါအထူးစီးပွားရေး ဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ ဖြစ်ကြသည်။

 

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အထိ အရှေ့တောင်အာရှ နိုင်ငံများ၏ စီးပွားရေး တိုးတက်မှုနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းပြ ဇယား

စီးပွားရေးတိုးတက်မှုများ ငွေကြေးဖောင်းပွမှုနှုန်း
နိုင်ငံ   
၂၀၁၀ 
၂၀၁၁ ၂၀၁၂ ၂၀၁၀ ၂၀၁၁ ၂၀၁၂
အရှေ့တောင်အာရှ      
၈ ဒသမ ၃  
၎ ဒသမ ၄   
၅ ဒသမ ၂  
၃ ဒသမ ၉  
၅ ဒသမ ၅ ၄ ဒသမ ၎
ဘရူနိုင်း         
၂ ဒသမ ၆  
၂ ဒသမ ၈ ၂ ဒသမ ၅ ၀ ဒသမ ၄ ၂ ဒသမ ၀ ၁ ဒသမ ၇
ကမ္ဘောဒီးယား
၆ ဒသမ ၀ 
၆ ဒသမ ၉ ၆ ဒသမ ၇ ၄ ဒသမ ၀ ၅ ဒသမ ၅ ၅ ဒသမ ၎
အင်ဒိုနီးရှား  
၆ ဒသမ ၁ ၆ ဒသမ ၅ ၆ ဒသမ ၅ ၅ ဒသမ ၁ ၅ ဒသမ ၄ ၅ ဒသမ ၆
လာအို        
၇ ဒသမ ၉ ၈ ဒသမ ၃ ၈ ဒသမ ၄ ၆ ဒသမ ၀ ၇ ဒသမ ၆ ၆ ဒသမ ၆
မလေးရှား     
၇ ဒသမ ၂ ၅ ဒသမ ၁ ၄ ဒသမ ၅ ၁ ဒသမ ၇ ၃ ဒသမ ၂ ၂ ဒသမ ၆
မြန်မာ       
၅ ဒသမ ၃ ၅ ဒသမ ၅ ၆ ဒသမ ၂ ၇ ဒသမ ၇ ၄ ဒသမ ၂ ၆ ဒသမ ၂
ဖိလစ်ပိုင်   
၇ ဒသမ ၆ ၃ ဒသမ ၇ ၄ ဒသမ ၈ ၃ ဒသမ ၈ ၄ ဒသမ ၈ ၃ ဒသမ ၇
စင်ကာပူ   
၁၄ ဒသမ ၈ ၄ ဒသမ ၉ ၃ ဒသမ ၀ ၂ ဒသမ ၈ ၅ ဒသမ ၂ ၃ ဒသမ ၃
ထိုင်း        
၇ ဒသမ ၈ ၀ ဒသမ ၁ ၅ ဒသမ ၈ ၃ ဒသမ ၃ ၃ ဒသမ ၈ ၃ ဒသမ ၈
ဗီယက်နမ်    
၆ ဒသမ ၈ ၅ ဒသမ ၉ ၅ ဒသမ ၈ ၈ ဒသမ ၉ ၁၈ ဒသမ ၇ ၉ ဒသမ ၈
Timor-leaste        
၉ ဒသမ ၅ ၁၀ ဒသမ ၆ ၁၀ ဒသမ ၀ ၆ ဒသမ ၉ ၁၃ ဒသမ ၅ ၁၁ ဒသမ ဝ