Welcome to (မြ၀တီမီဒီယာ) Myawady Media Web Site

Wednesday, October 10, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် Myanmar Investment Forum သို့ တက်ရောက် မိန့်ခွန်း ပြောကြား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက်သက်သက် သာမဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွက် အထောက် အကူပြု


(နေပြည်တော် အောက်တိုဘာ ၉)
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် ကိုရီးယား သမ္မတ နိုင်ငံ ဆိုးလ်မြို့ရှိ Korea Trade - Investment   Promotion  Agency(KOTRA) ဌာနချုပ်ရုံး၌ ကျင်းပသည့် Myanmar  Investment Forum  သို့တက်ရောက်၍ မိန့်ခွန်းပြော ကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သမ္မတနှင့် အတူအဖွဲ့ဝင် အဖြစ်လိုက်ပါလာသည့် ပြည် ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများ နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မြဟန်နှင့် ဗဟို အလုပ်အမှုဆောင်များ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့မှ ဌာနဆိုင် ရာတာဝန်ရှိသူများ၊  ကိုရီးယား သမ္မတနိုင်ငံ စီးပွားရေး အသိဥာဏ် ပညာ ဆိုင်ရာဝန်ကြီး Mr. Hong SukwooKOTRA ဥက္ကဋ္ဌ Mr. Oh Young Ho နှင့် အမှုဆောင်များ တက် ရောက်ကြသည်။
အခမ်းအနားတွင် KOTRA ဥက္ကဋ္ဌနှင့် ကိုရီးယား သမ္မတနိုင်ငံ စီးပွားရေး အသိဥာဏ်ပညာ ဆိုင်ရာ ဝန်ကြီးတို့က နှုတ်ခွန်းဆက် စကား ပြောကြား ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောကြားရာ တွင် မိမိအနေဖြင့် ကိုရီးယားသမ္မတ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှု များနှင့် နိုင်ငံတကာ ကုန်သွယ်မှု များကို အဓိက ဖော်ဆောင်ပေးခဲ့သည့် KOTRA တွင် လာရောက် စကားပြောကြားခွင့်ရသည့် အတွက် အထူး ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ပြီး ဈေးကွက် စီးပွားရေး စနစ် ပုံပေါ်အောင် ကြိုးပမ်း နေချိန်ဖြစ်ပါကြောင်း၊ ဒီမိုကရေ စီအသွင် ကူးပြောင်းရေး အတွက် အရေး ကြီးသည့် Inclusive Economic Institutions ပေါ်ပေါက်လာပြီး မိမိတို့ရရှိ ထားသည့် နိုင်ငံရေးဖြစ်ထွန်း တိုးတက် မှုများကို ပံ့ပိုးကူညီ နိုင်မည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ မှုများ၊ နည်းပညာအကူ အညီများ  လိုအပ်နေချိန်လည်း ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် တည်နေရာသည်လည်း ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီး နှစ်ခု၏ ထိတွေ့ ဆက်စပ်သည့် နေရာတွင် တည်ရှိနေပြီး အခြားတိုးတက် ဖွံ့ဖြိုးလာသည့် အာဆီယံနိုင်ငံ များနှင့် ယင်းစီးပွားရေး အင်ဂျင်ကြီးများ အကြား ကုန်စည်ဆက်သွယ် တင်ပို့မှု အတွက် အရေးပါ အချက်အချာကျသည့်  နေရာတွင် လည်း တည်ရှိနေပါကြောင်း၊ အာရှဒေသ အတွင်း ကုန်စည် ဆက်သွယ်တင်ပို့မှုပုံစံကို တိုးမြှင့်စေနိုင် မည့် အဝေးပြေး လမ်းမကြီးများ၏ အချက် အချာနေရာတွင် ရှိနေသည့် မြန်မာနိုင်ငံသည် နိုင်ငံတကာမှ  ရင်းနှီးမြှုပ်နှံမှု ပြုသူများ၏ အထူး အလေးထားစောင့် ကြည့်ခြင်း ခံနေရသည့် အချိန်ပင်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ရှိသည့် နုပျိုသည့် လူဦးရေပုံစံ (Youthful Population) သည်လည်း စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု ဖော်ဆောင်ရေး အတွက် အရေးကြီးသည့် လူသားအရင်း အမြစ်တစ်ခု လည်းဖြစ်ပါကြောင်း၊ ထို့အတူ စီးပွား ရေးဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးတ ကြီးလိုအပ်သည့်  သဘာဝ သယံဇာတ များ ပိုင်ဆိုင်ထားသည့် နိုင်ငံလည်းဖြစ် ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အလား အလာကောင်းသော်လည်း ရင်းနှီးမြှုပ်နှံမှု အားနည်း နေသေးသည့်  စီးပွားရေး ကဏ္ဍများ ရှိနေသေးခြင်း သည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး အနာဂတ် အတွက် အားသာချက် များပင်ဖြစ်သည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံ တကာ အသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့ နိုင်ရေး အတွက် လိုအပ်သည့် စီးပွား ရေးဝန်းကျင်ကောင်း တစ်ခုကိုလည်း ဖန်တီး ဖော်ဆောင် နေပါကြောင်း။
စီးပွားရေး ဝန်းကျင် ကောင်းတစ်ခု ရှင်သန်နိုင်စေရန် အတွက် တရားဥပဒေ စိုးမိုးရေးဟု ခေါ်ဆိုသည့် Rule  of  Law သည်အခြေခံ အကျဆုံး ဖြစ်သည်ဆိုသည်ကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် နားလည် သဘောပေါက် ထားပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိစေရန် တရားရေး မဏ္ဍိုင်ပြုပြင် ပြောင်းလဲရေးကို အချိန်နှင့် တစ်ပြေးညီ ဖော်ဆောင် သွားမည် ဖြစ်ပါကြောင်း၊ အခြေခံ လူတန်းစား အလုပ်သမား အများစု အတွက် လိုအပ် သော အလုပ် အကိုင် အခွင့်အလမ်းများ လျင်လျင်မြန်မြန် ဖန်တီးပေးနိုင်မည့် လုပ်သားအင်အား အထူးပြု အခြေခံကုန် ထုတ်လုပ်မှု လုပ်ငန်းများ နှင့် စိုက်ပျိုးရေး ကဏ္ဍများအတွက် ရင်းနှီးမြှုပ်နှံမှု များနှင့် နိုင်ငံ၏ အခြေခံအဆောက် အအုံများ အတွက် ရင်းနှီးမြှုပ်နှံမှု များအဓိကလိုအပ် နေပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍရင်းနှီး မြှုပ်နှံမှုများနှင့် အစိုးရ မူဝါဒအပြောင်း အလဲများသည် ရေရှည် ဖွံ့ဖြိုးတိုးတက် မှုဆီသို့ ဦးတည် သွားနိုင်အောင်ကြိုးပမ်း နေခြင်းလည်း ဖြစ်ပါကြောင်း။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် သက်သက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော် ဆောင်မှုအတွက် အထောက် အကူပြု သွားမည်ဖြစ်ပါကြောင်း။
မိမိတို့မြန်မာ နိုင်ငံအနေဖြင့် နှစ်ဦးနှစ် ဖက်အကျိုးရှိမည့်၊ နှစ်နိုင်ငံ ပြည်သူလူထု အကျိုးရှိမည့်၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်နိုင်မည့် ကိုရီးယားသမ္မတ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များကိုလည်း နွေးထွေးစွာ ကြိုဆိုပါ ကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက် နိုင်ငံတော် သမ္မတသည် တက်ရောက် လာကြသူများအား ရင်း ရင်းနှီးနှီး နှုတ်ဆက်ပြီး KOTRA ၏ လှုပ်ရှား ဆောင်ရွက်မှု ဆိုင်ရာပြခန်းကို လှည့်လည် ကြည့်ရှု အားပေးသည်။

No comments:

Post a Comment