မေးကြမယ်/ဖြေကြမယ် |
ပြည်တွင်း၊ ပြည်ပ
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမေး/အဖြေကဏ္ဍ |
မေး(၁) |
စီးပွားရေးလုပ်ငန်းရှင်
အသိုင်းအ၀ိုင်းတွေမှာ ပြောနေကြတဲ့ MIC ရုံးနှင့် DICA
ရုံးတို.ရဲ.လုပ်ငန်းသဘော သဘာဝများကို သိလိုပါတယ်။ |
ဖြေ(၁) |
DICA ဆိုတာ Directorate and Company
Administration ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနကို ဆိုလိုပါတယ်၊ အဲဒီ
ဦးစီးဌာနဟာ အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ.ဖြိုးတိုးတက်မှု ၀န်ကြီးဌာန လက်အောက်မှာ
ရှိပါတယ်၊ အဲဒီ ဦးစီးဌာနရဲ.
အဓိကလုပ်ငန်းတာဝန်ကြီး(၂)ရပ်မှာ ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နနှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ
ကိစ္စရပ်များကို ဆောင်ရွက် ရတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်၊
MIC ဆိုတာက Myanmar Investment Commission မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဆိုလိုပါတယ်၊ MIC
အဖွဲ.သည် စီးပွားရေး ဆိုင်ရာ၊ ဥပဒေဆိုင်ရာ၊ ၀န်ကြီးအဆင့်
ပုဂ္ဂိုလ်များဖြင့် ဖွဲ.စည်းထားသော အဖွဲ.အစည်း ဖြစ်ပါတယ်၊
အဆိုပါ MIC ရဲ. ရုံးလုပ်ငန်းများကို DICA က
ဆောင်ရွက်ရပါတယ်၊ DICA သည် အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ.ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၏
ညွှန်ကြားမှုဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများဖွဲ.စည်းခြင်း၊
သက်တမ်းတိုးခြင်း အတွက် မှတ်ပုံတင်ခြင်း ကိစ္စရပ်ကို
ဆောင်ရွက်ရတဲ့ ဦးစီးဌာနဖြစ်ပါတယ်၊ ဒါကြောင့် DICA ကို
ကုမ္ပဏီများ မှတ်ပုံတင်ရုံးလို.ခေါ်ကြပါတယ်၊ DICA ရုံးဟာ
နေပြည်တော်၊ ရုံးအမှတ် (၃၂)မှာ ရုံးစိုက်ပြီးတော့
ရုံးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါတယ်၊ DICA ရဲ.
ရုံးလုပ်ငန်းအချို.ကို ရန်ကုန်မှာ ရုံးခွဲဖွင့်ပြီး
ဆောင်ရွက်ရန်စီစဉ်နေပါတယ်။ |
မေး(၂) |
ဒါဆိုရင် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန်.နှင့် ကုမ္ပဏီ
မှတ်ပုံတင် လက်မှတ်တို.ရဲ. သဘောသဘာဝများကိုလည်း
ရှင်းပြပေးစေလိုပါတယ်။ |
ဖြေ(၂) |
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်
ခွင့်ပြုမိန်.ဆိုတာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု
ဥပဒေတို.နှင့်အညီ MIC မှ ထုတ်ပေးတဲ့
ခွင့်ပြုမိန်.ဖြစ်ပါတယ်၊ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်ဆိုတာ
ကုမ္ပဏီများ အက်ဥပဒေနှင့် အညီ DICA မှ ထုတ်ပေးတဲ့
လက်မှတ်ဖြစ်ပါတယ်၊ MIC ခွင့်ပြုမိန်. ရရှိထားတဲ့
ကုမ္ပဏီ(၁)ခုဟာ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
ရရှိပြီးဖြစ်နေပါတယ်။ သို.သော် ကုမ္ပဏီမှတ်ပုံတင်
လက်မှတ်ရှိတဲ့ ကုမ္ပဏီတိုင်းမှာ MIC ခွင့်ပြုမိန်.
ရှိချင်မှ ရှိပါမယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေနှင့်အညီ
အခွန်အကောက် ကင်းလွတ်ခွင့်များ
ကို
ခံစားလိုတဲ့ ကုမ္ပဏီများကသာ ရင်းနှီးမြှုပ်နှံမှု
ဥပဒေများနှင့်အညီ MIC ခွင့်ပြုမိန်. လျှောက်ထားကြလို.
ဖြစ်ပါတယ်၊ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်ကတော့ စီးပွားရေး
လုပ်ငန်းအတွက် လုပ်ငန်းဆောင်ရွက်ရာမှာ
တရားဝင်အဖွဲ.အစည်း(၁)ခုအနေဖြင့် ရပ်တည်ကြောင်း
မှတ်ပုံတင်ထားခြင်းသာဖြစ်ပါတယ်။ |
မေး(၃) |
ကော်မရှင် ခွင့်ပြုမိန်.ရရှိဖို.အတွက်
ဆောင်ရွက်ရာမှာ သိသင့်သည့် အဓိက အချက်များကို
ရှင်းပြပေးစေလိုပါတယ်။ |
ဖြေ(၃) |
နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အဆိုပြုလွှာ တင်မယ်ဆိုရင်
ထုတ်လုပ်မှု လုပ်ငန်း အတွက် အနည်းဆုံး
ရင်းနှီးမြှုပ်နှံရမည့် ပမာဏမှာ
အမေရိကန်ဒေါ်လာ(၅)သိန်းနှင့် ၀န်ဆောင်မှု လုပ်ငန်းအတွက်
အနည်းဆုံး ရင်းနှီးမြှုပ်နှံရမည့် ပမာဏမှာ
အမေရိကန်ဒေါ်လာ(၃)သိန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများ
ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ အဆိုပြုလွှာ တင်မယ်ဆိုရင်
ထုတ်လုပ်မှုလုပ်ငန်းအနက် အနည်းဆုံး US$ ၅ သိန်းနှင့်
ညီမျှသော မြန်မာကျပ်ငွေနှင့် ၀န်ဆောင်မှု လုပ်ငန်းအတွက်
အနည်းဆုံး ရင်းနှီးမြှုပ်နှံရမည့် ပမာဏမှာ
အမေရိကန်ဒေါ်လာ(၃)သိန်းနှင့် ညီမျှသော မြန်မာကျပ် ငွေ
ရင်းနှီးမြှုပ်နှံရပါတယ်။ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ငန်းဆောင်ရွက်
မည်ဆိုလျှင် မြေကို ပြည်ထောင်စုအစိုးရ၏ ကြိုတင်
သဘောတူညီချက်ဖြင့် ငှားရမ်း လုပ်ကိုင်နိုင်ပါသည်။
ငှားရမ်းနိုင်သည့် မြေအမျိုးအစားများမှာ အစိုးရပိုင်
မြေများ၊ အစိုးရဌာန၊ အဖွဲ.အစည်းပိုင်မြေများနှင့်
နိုင်ငံသားပိုင် ပုဂ္ဂလိကပိုင်မြေများဖြစ်ပါတယ်၊ ယခုအခါ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက်
နိုင်ငံသားပိုင် ပုဂ္ဂလိကပိုင် မြေများ ငှားရမ်းခွင့်
ပေးထားခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စု အစိုးရအဖွဲ. လက်ထက်တွင် FDI အတွက်
အထူးဖြေလျော့မှု ပေးထား သောအချက် ဖြစ်ပါတယ်၊ MIC သည်
ရင်းနှီးမြှုပ်နှံသူအား အမှန်လိုအပ်သည့် မြေငှားရမ်းခွင့်
ကာလ သို.မဟုတ် မြေအသုံးပြုခွင့် ကာလကို စီးပွားရေးလုပ်ငန်း
အမျိုး အစားနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏအပေါ် မူတည်၍
မြေငှားရမ်းခွင့်ရှိသူ သို.မဟုတ် မြေ အသုံးပြုခွင့်ရသူထံမှ
ကနဦး နှစ် ၃၀အထိ ငှားရမ်းခွင့်.ပြုပါတယ်။
ရင်းနှီးမြှုပ်နှံသူအား ခွင့်ပြုထားသော သက်တမ်း
ကုန်ဆုံးပြီးနောက် ရင်းနှီးမြှုပ်နှံသူက ဆက်လက်
လုပ်ကိုင်လိုသည့်အခါ မြေငှားရမ်းခွင့်ရှိသူ သို.မဟုတ်
မြေအသုံးပြုခွင့် ရသူမှ သဘော တူညီချက် ရရှိလျှင်
ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် လုပ်ငန်း အမျိုးအစားအပေါ်
မူတည်၍ တစ်ဆက်တည်း သက်တမ်းတိုးခွင့်ကို ၁၅ နှစ်အထိ
နှစ်ကြိမ် တိုးမြှင့်ရန် ခွင့်ပြုနိုင် ကြောင်း၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု
အစိုးရအဖွဲ.၏ မြေအသုံးပြုပိုင်ခွင့် အမိန်.ကြော်ငြာစာ
အမှတ် ၃၉/၂၀၁၁ တွင် ဖော်ပြထားပါသည်။
|
မေး(၄) |
FDI အတွက် မြေဆိုင်ရာကိစ္စကို
သိရှိရသည့်အပြင် ငွေဆိုင်ရာ ကိစ္စကိုလည်း
ရှင်းပြပေးစေလိုပါတယ်။ |
ဖြေ(
၎) |
နိုင်ငံခြားငွေဆိုင်ရာ အမိန်.ကြော်ငြာစာကို
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု
အစိုးရအဖွဲ. အမိန်.ကြော်ငြာစာ အမှတ် ၄၀/၂၀၁၁ ကို ထုတ်ပြန်
ထားပါတယ်၊ အဲဒီအမိန်.ကြော်ငြာစာမှာ
ရင်းနှီးမြှုပ်နှံသူသည် မိမိဘဏ်ငွေစာရင်းရှိ
နိုင်ငံခြားငွေကို အောက်ပါ အသုံးပြုမှုများအတွက်
စာရင်းလွှဲပြောင်း (Account Transfer) အသုံးပြုခွင့်ရှိ
ကြောင်းဖော်ပြထားပါတယ်။ |
|
(က) |
ပြည်တွင်းတွင် နိုင်ငံခြားငွေဖြင့်
ပေးချေရမည့် ကိစ္စရပ်များအတွက် စာရင်းလွှဲပြောင်း (Account
Transfer) ခြင်း၊ |
|
(ခ) |
မိမိရင်းနှီးမြှုပ်နှံထားသည့်
စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ကိစ္စရပ် များအတွက်
ပြည်တွင်းရှိ မိတ်ဖက်ကုမ္ပဏီ စီးပွားရေးလုပ်ငန်းကို ဖြစ်စေ၊
နိုင်ငံသားကိုဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီ
စီးပွားရေးလုပ်ငန်းကို ဖြစ်စေ၊
ဘဏ်ငွေစာရင်းလွှဲပြောင်းခြင်း၊ |
မေး(၅) |
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကန့်သတ်ထားသည့်
လုပ်ငန်းများကို သိလိုပါတယ်။ |
ဖြေ(
၅) |
MIC
သည် အစိုးရ၏ ကြိုတင်သဘောတူညီချက်ဖြင့် အောက်ပါ
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကန်.သတ်သည့်
သို.မဟုတ် တားမြစ်သည့် လုပ်ငန်းများအဖြစ်
သတ်မှတ်နိုင်ပါတယ်- |
|
(က) |
နိုင်ငံတော်အတွင်း
တိုင်းရင်းသားလူမျိုးများများ၏ ရိုးရာယဉ်ကျေးမှု၊
ဓလေ့ထုံးစံနှင့် သက်ဆိုင်သော လုပ်ငန်းများ၊ |
|
(ခ) |
ပြည်သူအများ၏
အကျိုးစီးပွားကို ထိခိုက်စေနိုင်သော လုပ်ငန်းများ၊ |
|
(ဂ) |
ပြည်သူတို.၏ ကျန်းမာရေးကို
ထိခိုက်စေနိုင်သော လုပ်ငန်းများ၊ |
|
(ဃ)
သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော
လုပ်ငန်း များ၊ |
|
(င)
နိုင်ငံအတွင်းရှိ တိရစ္ဆာန်၊ ကျေးငှက်၊ ကုန်းနေ ရေနေ
သတ္တ၀ါများ၊ သစ်ပင်၊ ပန်းမန်၊ စိုက်ပျိုးရေးသီးနှံ
စသည်တို.ကို ထိခိုက်စေနိုင်သော လုပ်ငန်းများ၊ |
|
(စ)
နိုင်ငံအတွင်းသို. အဆိပ်အတောက်ရှိသော စွန်.ပစ်ပစ္စည်းများ
သယ်ဆောင် လာနိုင်သည့် လုပ်ငန်းများ၊ |
|
(ဆ)
နိုင်ငံတကာ သဘောတူညီချက်များအရ အဆိပ်အတောက်ရှိသော ဓာတု
ပစ္စည်းထုတ်လုပ်မှု စက်ရုံများ သို.မဟုတ် အသုံးပြုသော
လုပ်ငန်းများ၊ |
မေး(၆) |
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ပုံစံကိုလည်း ရှင်းပြစေလိုပါတယ်။ |
ဖြေ(
၆) |
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို
အောက်ပါ ရင်းနှီးမြှုပ်နှံမှု ပုံစံ တစ်ခုခုဖြင့်
ပြုလုပ်နိုင်ပါ တယ်၊ |
|
(က) |
နိုင်ငံခြားသားက နိုင်ငံခြား မတည်ငွေရင်း
ရာခိုင်နှုန်းပြည့်ဖြင့် ပြုလုပ်ခြင်း၊ |
|
(ခ) |
နိုင်ငံခြားသားနှင့် နိုင်ငံသား သို.မဟုတ်
သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ. အစည်းတို.
ဖက်စပ်ပြုလုပ်ခြင်း၊ |
|
(ဂ) |
နှစ်ဦးနှစ်ဖက် သဘောတူညီသည့်
ပဋိညာဉ်စာချုပ်ပါ စနစ်တစ်ခုခုဖြင့် ဆောင်ရွက်ခြင်း၊ |
|
၎င်းအပြင် ရင်းနှီးမြှုပ်နှံမှု ပုံစံ
ဖွဲ.စည်းရာတွင် တစ်ဦးတည်းပိုင် လုပ်ငန်းအဖြစ် လည်းကောင်း၊
လီမိတက် ကုမ္ပဏီအဖြစ်လည်းကောင်း ဖွဲ.စည်းနိုင်ပါတယ်၊ ဖက်စပ်
လုပ်ငန်းအဖြစ် ဖွဲ.စည်းပါက နိုင်ငံခြား မတည်ငွေရင်းသည်
စုစုပေါင်း မတည်ငွေရင်း ၏ အနည်းဆုံး ၃၅ % ဖြစ်ရပါမယ်။ |
မေး(၇) |
ဒီလိုဆိုရင် နိုင်ငံခြား မတည်ငွေရင်း၏
အဓိပ္ပါယ်ကို ရှင်းလင်းပြစေလိုပါတယ်။ |
ဖြေ(၇) |
နိုင်ငံခြားမတည်ငွေဆိုရာတွင်
နိုင်ငံခြားသားတစ်ဦးဦးက ခွင့်ပြုမိန်.အရ စီးပွားရေး
လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသော အောက်ပါတို.ပါဝင်ပါတယ်- |
|
(က) |
နိုင်ငံခြားငွေ၊ |
|
(ခ) |
စက်ပစ္စည်း၊ စက်ကိရိယာ၊
စက်ကိရိယာအစိတ်အပိုင်း၊ စက်အရန်ပစ္စည်း၊ အသုံးအဆောင်
တန်ဆာပလာများ အပါအ၀င် လုပ်ငန်းတွင် အမှန်တကယ် သုံးစွဲရန်
လိုအပ်၍ နိုင်ငံတော်အတွင်း၌ မရရှိသော ပစ္စည်း၊ |
|
(ဂ) |
လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊
မူပိုင်အခွင့်အရေး၊ တီထွင်မှု မူပိုင်ခွင့်များ၊
စက်မှုဆိုင်ရာ ဒီဇိုင်းစသည့် အသိဥာဏ်ဆိုင်ရာ
ပစ္စည်းများကို တန်ဖိုးဖြတ် နိုင်သော အခွင့်အရေး၊ |
|
(ဃ) |
ကျွမ်းကျင်မှုနည်းပညာရပ်၊ |
|
(င) |
အထက်ပါတို.မှ လုပ်ငန်းတွင်
တိုးပွားရရှိပြီး၍ဖြစ်စေ၊ ဝေစုအကျိုးအမြတ်ကို
ဖြစ်စေပြန်လည် ရင်းနှီးမြှုပ်နှံသောငွေများ၊ |
မေး(၈) |
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ၏
အခွင့်အရေးကို သိချင်ပါတယ်။ |
ဖြေ(၈) |
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ၏
အခွင့်အရေးများမှာ - |
|
(က) |
နိုင်ငံခြားသား သို.မဟုတ် နိုင်ငံခြား
ကုမ္ပဏီ တစ်ခုခုဖြစ်ပါက နိုင်ငံသား သို.မဟုတ် မြန်မာကုမ္ပဏီ
တစ်ခုခုအား တည်ဆဲဥပဒေနှင့်အညီ အစုရှယ်ယာ
လွှဲပြောင်းရောင်းချခြင်း၊ လုပ်ငန်းလွှဲပြောင်းခြင်း
ပြုလုပ်လိုလျှင် ကော်မရှင်၏ ကြိုတင်ခွင့်ပြုချက်
ရရှိပြီးမှသာ နိုင်င့သားများက တည်ဆဲဥပဒေနှင့်အညီ
လုပ်ကိုင်ဆောင်ရွက်ခြင်း၊ |
|
(ခ) |
ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
ဆောင်ရွက်နိုင်စေရန် အားပေးသည့် အနေဖြင့် အခြေပစ္စည်းကို
ရောင်းချခြင်း၊ လဲလှယ်ခြင်း သို.မဟုတ် အခြားနည်းဖြင့်
လွှဲပြောင်းခြင်းပြုလျှင် လုပ်ငန်းအမျိုးအစား၊
်ရင်းနှီးမြှုပ်နှံမှု တန်ဖိုး၊ ရောင်းရ သည့် တန်ဖိုးအပေါ်
မူတည်ပြီး ရရှိသော မြတ်စွန်းငွေ၏ ၅၀ ရာခိုင်နှုန်းထက်
မပိုသည့် ကော်မရှင်က သတ်မှတ်သော ငွေပမာဏကို
နိုင်ငံတော်သို. ပေးသွင်းခြင်း၊ |
|
(ဂ) |
နိုင်ငံခြား ကုမ္ပဏီ ဖြစ်ပါက မိမိ၏
အစုရှယ်ယာအားလုံးကို နိုင်ငံခြားသား တစ်ဦးဦး သို.မဟုတ်
နိုင်ငံခြား ကုမ္ပဏီတစ်ခုခုသို. အပြီးအပိုင် လွှဲပြောင်း
ရောင်းချလျှင် ကော်မရှင်၏ ကြိုတင်ခွင့်ပြုချက်ရယူ၍
ခွင့်ပြုမိန်.ကို ပြန်လည် အပ်နှံပြီးမှသာ
တည်ဆဲဥပဒေများနှင့်အညီ အစုရှယ်ယာ လွှဲပြောင်းခြင်းကို
မှတ်ပုံတင်ခြင်း၊ |
|
(ဃ) |
မူလအဆိုပြုချက်ပါ ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းအား တိုးချဲ.ခြင်း သို.မဟုတ် နိုင်ငံခြား
မတည်ငွေရင်း တိုးမြှင့်ခြင်းများအား ကော်မရှင်၏
ခွင့်ပြုချက်ရယူ၍ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ |
|
(င) |
တည်ဆဲဥပဒေနှင့်အညီ မိမိရထိုက်ခွင့်ရှိသော
အခွင့်အရေးများကို အပြည့်အ၀ ရရှိနိုင်ရန် ပြန်လည်သုံးသပ်၍
ပြင်ဆင်ပေးရေးအတွက် ကော်မရှင်သို. တင်ပြခြင်း၊ |
|
(စ) |
တည်ဆဲဥအဒေနှင့်အညီ အကျိုးခ့စားခွင့်များ
ရရှိရေးအတွက် လည်းကောင်း၊ နစ်နာချက်များနှင့် စပ်လျဉ်း၍
အရေးယူပေးရေးအတွက် လည်းကောင်း ကော်မရှင်သို.
တင်ပြလျှောက်ထားခြင်း၊ |
|
(ဆ) |
ခွင့်ပြုမိန်.ဖြင့် လုပ်ကိုင်လျှက်ရှိသော
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင် နည်းပညာ သစ်များ
တီထွင်ခြင်း၊ ထုတ်ကုန်အရည်အသွေး တိုးမြှင့်ခြင်း၊
ကုန်ထုတ်စွမ်း အားမြှင့်တင်ခြင်း၊ သဘာဝပတ်ဝန်းကျင်
ညစ်ညမ်းမှု လျော့ချခြင်းများ အတွက် အကျိုးခံစားခွင့်များ
ပိုမိုရရှိစေရန် ကော်မရှင်သို. တင်ပြ လျှောက်ထားခြင်း၊ |
|
(ဇ) |
နိုင်ငံတော် တစ်ဝန်းလုံးတွင်
ဖွံ.ဖြိုးတိုးတက်စေရန် အလို.ငှာ စီးပွားရေး ဖွံ.ဖြိုးမှု
နည်းပါးပြီး ဆက်သွယ်သွားလာရေး ခက်ခဲသော ဒေသများရှိ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်
ရင်းနှီးမြှုပ်နှံသူများအတွက် ကော်မရှင်က အစိုးရ၏
သဘောတူညီချက်ဖြင့် မူလအခွန်ကင်းလွတ်ခွင့် ကာလနှင့်
သက်သာခွင့် ကာလများထက် ပိုမို၍ သတ်မှတ်ပေးသည်ကို ရခွင့်
ရှိခြင်း၊ |
မေး(၉) |
FDI လုပ်ငန်းများအတွက် အလုပ်သမား
ခန့်ထားမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံသူ က
ဆောင်ရွက်ရမည့်အချက်များကိုလည်း ရှင်းပြပေးစေလိုပါတယ်။ |
ဖြေ(၉) |
ရင်းနှီးမြှုပ်နှံသူက ဆောင်ရွက်ရမည့်
အချက်များမှာ - |
|
(က) |
ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများအတွက်
နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊
အတတ်ပညာရှင်များနှင့် ၀န်ထမ်းများကို ခန်.ထားရာတွင်
လုပ်ငန်းစတင်သည့်နှစ်မှ ပထမငါးနှစ် ကုန်ဆုံးသည့် အချိန်၌
နိုင်င့သား အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယငါးနှစ်
ကုန်ဆုံးသည့် အချိန်၌ အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊
တတိယငါးနှစ် ကုန်ဆုံးသည့် အချိန်၌ အနည်းဆုံး ၇၅
ရာခိုင်နှုန်း ခန်.ထားရမည်။ |
|
(ခ) |
ပုဒ်မခွဲ(က)အရ ခန်.ထားနိုင်ရန်
နိုင်င့သားဝန်ထမ်းများအား လုပ်ငန်း ကျွမ်းကျင်မှု
တိုးတက်လာစေရေးအတွက် လေ့ကျင့်ပေးခြင်း၊ သင်တန်းပေး
ခြင်းတို.ကို စီစဉ်ဆောင်ရွက်ပေးရမည်။ |
|
(ဂ) |
ကျွမ်းကျင်မှု မလိုသော လုပ်ငန်းများတွင်
နိုင်ငံသားများကိုသာ ခန်.ထား ရမည်။ |
|
(ဃ) |
အလုပ်သမား စုဆောင်းခြင်းကို
အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး မှ လည်းကောင်း၊
ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး ကိုယ်စားလှယ်များမှ
လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူ၏ အစီအစဉ်ဖြင့် လည်းကောင်း
ဆောင်ရွက်ရ မည်။ |
|
(င) |
နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊
အတတ်ပညာရှင်များနှင့် ၀န်ထမ်း များခန်.ထားရာတွင် တည်ဆဲ
အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများ နှင့်အညီ
အလုပ်ခန်.ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကို အလုပ်ရှင်
နှင့် အလုပ်သမားတို.နှစ်ဦး နှစ်ဖက် လက်မှတ်ရေးထိုး၍
ခန်.ထားရမည်။ |
|
(စ) |
အမှုထမ်းများနှင့် အလုပ်သမားများကို
ခန်.ထားရာ၌ အလုပ်ခန်.ထားမှု ဆိုင်ရာ သဘောတူညီချက်
စာချုပ်ကို သတ်မှတ်ချက်များနှင့်အညီ ချုပ်ဆိုရ မည်။ |
|
(ဆ) |
အလုပ်ခန်.ထားမှုဆိုင်ရာ သဘောတူညီချက်
စာချုပ်ပါ အလုပ်ရှင်နှင့် အလုပ် သမားတို.၏ အခွင့်အရေးနှင့်
တာဝန်များကိုလည်းကောင်း၊ အလုပ်အကိုင် ဆိုင်ရာ
စည်းကမ်းချက်များကိုလည်းကောင်း သတ်မှတ်ရာ၌ အနည်းဆုံး
လုပ်ခလစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်ခ၊
နစ်နာကြေး၊ အလုပ် သမားလျော်ကြေး၊ လူမှုဖူလုံရေးနှင့်
အလုပ်သမားများနှင့် သက်ဆိုင်သည့်
အခြားအာမခံထားရှိခြင်းတို. အပါအ၀င် တည်ဆဲ
အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေးများ
ရရှိရေးအတွက် ဆောင်ရွက်ပေး ရမည်။ |
|
(ဇ) |
အလုပ်ရှင်နှင့်အလုပ်သမား၊ အတတ်ပညာရှင်
သို.မဟုတ် ၀န်ထမ်း တို.အကြား ပေါ်ပေါက်လာသည့်အပြင်
အငြင်းပွားမှုများကို သက်ဆိုင်ရာ တည်ဆဲ ဥပဒေများနှင့်အညီ
ဖြေရှင်းရမည်။ |
|
၎င်းအပြင် ခွင့်ပြုမိန်.ဖြင့်
လုပ်ကိုင်လျှက်ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင်
အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားများသည် မြန်မာနိုင်ငံက
ထုတ်ပေးသော အလုပ်လုပ်ခွင့် လက်မှတ်၊ ပြည်တွင်းနေထိုင်ခွင့်
လက်မှတ် ရရှိရေးအတွက် ကော်မရှင်သို. တင်ပြလျှောက်ထားရ
မည်။ |
မေး(၁၀) |
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်
များကိုလည်းကောင်း၊ အကောက်ခွန်
သက်သာခွင့်များကိုလည်းကောင်း ရှင်းလင်းပြစေချင်ပါတယ်။ |
ဖြေ(၁၀) |
ကော်မရှင်သည် နိုင်ငံတော်အတွင်း
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အားပေး
အထောက်အကူပြုရန် အလို.ငှာ ရင်းနှီးမြှုပ်နှံသူအား
အခွန်ကင်းလွတ်ခွင့် သို.မဟုတ် သက်သာခွင့်များကို
ခွင့်ပြုပါတယ်။ လုပ်ငန်းတိုင်းအတွက် အဓိက ကင်းလွတ်ခွင့်
တစ်ရပ်မှာ ကုန်ထုတ်လုပ်ငန်း သို.မဟုတ် ၀န်ဆောင်မှုလုပ်ငန်း
တစ်ခုခု စီးပွားဖြစ် စတင်သောနှစ် အပါအ၀င် တစ်ဆက်တည်း
ငါးနှစ်အတွက် ၀င်ငွေခွန် ကင်းလွတ်ခွင့်၊ ထို.ပြင်
နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိလျှင်
ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း၏ အောင်မြင်မှုပေါ်မူတည်၍
သင့်လျော်သော ကာလအတွက် ၀င်ငွေခွန် ကင်းလွတ်ခွင့်
သို.မဟုတ် သက်သာခွင့် ဖြစ်ပါတယ်၊ ၎င်းအပြင် ၀င်ငွေခွန်
ကင်းလွတ်ခွင့် သို.မဟုတ် သက်သာခွင်များနှင့် စပ်လျဉ်း၍
အောက်ပါအတိုင်း ခံစားခွင့်ပြုရန် တင်ပြလျှောက်
ထားနိုင်ပါတယ်။ |
|
(က) |
လုပ်ငန်းမှ ရရှိတဲ့ အမြတ်ငွေကို
ရင်းနှီးမြှုပ်နှံရန်အတွက် သီးသန်.ရန်ပုံငွေ ထား၍
တစ်နှစ်အတွင်း ယင်းလုပ်ငန်း၌
ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေအပေါ်တွင်
ဝင်ငွေခွန် ကင်းလွတ်ခွင့် သို.မဟုတ် သက်သာခွင့်၊ |
|
(ခ) |
ဝင်ငွေခွန် စည်းကြပ်ရန် ကိစ္စအလို.ငှာ
စက်ပစ္စည်း၊ စက်ကိရိယာ၊ အဆောက် အအုံ သို.မဟုတ် လုပ်ငန်းသုံး
အခြားမတည် ပစ္စည်းများအပေါ်တွင် ပစ္စည်းတန်ဖိုး
လျော့တွက်ငွေကို အမြတ်ငွေထဲမှ နုတ်ပယ်ခွင့်၊ |
|
(ဂ) |
ကုန်ထုတ်လုပ်ငန်း တစ်ခုခုက ထုတ်လုပ်သည့်
ပစ္စည်းကို ပြည်ပသို. တင်ပို. ရောင်းချလျှင်
ထိုသို.တင်ပို.ရောင်းချ၍ ရရှိသော အမြတ်ငွေ အပေါ်တွင် ၅၀
ရာခိုင်နှုန်းအထိ ၀င်ငွေခွန် သက်သာခွင့်၊ |
|
(ဃ) |
လုပ်ငန်းတွင် နိုင်ငံခြားမှ လာရောက်
အမှုထမ်းဆောင်နေသော နိုင်ငံခြားသား များအတွက်
နိုင်ငံတော်သို. ပေးဆောင်ရမည့် ၀င်ငွေခွန်ကို
ရင်းနှီးမြှုပ်နှံသူက ကျခံပေးဆောင်ခွင့်၊ ယင်းသို.
ပေးဆောင်သည့် ၀င်ငွေခွန်ကို အခွန်စည်းကြပ် ထိုက်သော
ဝင်ငွေမှ နုတ်ပယ်ခွင့်၊ |
|
(င) |
အထက်ဖော်ပြပါ နိုင်ငံခြားသားများ၏
ဝင်ငွေအပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့်
ဝင်ငွေခွန် နှုန်းထားများအတိုင်း ၀င်ငွေခွန်
ပေးဆောင်ခွင့်၊ |
|
(စ) |
နိုင်ငံတော်အတွင်း အမှန်တကယ် လိုအပ်၍
ဆောင်ရွက်သည့် လုပ်ငန်း ဆိုင်ရာ သုတေသနနှင့်
ဖွံ.ဖြိုးရေးလုပ်ငန်းများအတွက် ကုန်ကျ စရိတ်ကို
အခွန်စည်းကြပ်ထိုက်သော ၀င်ငွေမှနုတ်ပယ်ခွင့်၊ |
|
(ဆ) |
လုပ်ငန်းတစ်ခုချင်းအလိုက် အဓိက ၀င်ငွေခွန်
ကင်းလွတ်ခွင့် သို.မဟုတ် သက်သာခွင့်ခံစားပြီး တစ်ဆက်တည်း
(၂)နှစ်အတွင်း အမှန်တကယ် ပေါ်ပေါက်သည့် အရှုံးငွေကို
ယင်းသို. အရှုံးပေါ်ပေါက်သည့် နှစ်မှစ၍ တစ်ဆက်တည်း
(၃)နှစ်ကာလ အထိ သယ်ယူခုနှိမ်ခွင့်၊ |
|
ဒါ့အပြင် . . . . . စက်ပစ္စည်း၊ ကုန်ကြမ်း
တင်သွင်းခြင်းနှင့် ပြည်ပပို.ကုန်စသည်တို. အတွက်လည်း
အောက်ဖော်ပြပါ ကင်းလွတ်ခွင့် သို.မဟုတ်
သက်သာခွင့်များကိုလည်း ပေးထားပါတယ်။ |
|
(က) |
လုပ်ငန်းတည်ဆောက်မှု ကာလအတွင်း အမှန်တကယ်
အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊
စက်ကိရိယာ၊ အသုံးအဆောင် တန်ဆာပလာများ၊ စက်ကိရိယာ
အစိတ်အပိုင်းများ၊ စက်အရန် ပစ္စည်းများ၊ လုပ်ငန်းသုံး
ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း
အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ
ကင်းလွတ်ခွင့် သို.မဟုတ် သက်သာခွင့်၊ |
|
(ခ) |
လုပ်ငန်းတည်းဆောက်မှု ပြီးစီး၍
ပထမသုံးနှစ်အတွက် ကုန်ထုတ်လုပ်ရန် တင်သွင်းသည့်
ကုန်ကြမ်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊
အခြားပြည်တွင်းအခွန် အကောက်များဖြစ်စေ၊
နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို.မဟုတ်
သက်သာခွင့်၊ |
|
(ဂ) |
ကော်မရှင်၏ ခွင့်ပြုချက်ဖြင့်
ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ပြီး၊ မူလ
ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအား ခွင့်ပြုထားသည့်
သက်တမ်းကာလအတွင်း တိုးချဲ.လုပ်ကိုင်ပါက
ယင်းသို.တိုးချဲ.သည့် လုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုရန်
လိုအပ်၍ တင်သွင်းသောစက်ပစ္စည်းများ၊ စက်ကိရိယာ၊ အသုံးအဆောင်
တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်
ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများအပေါ်တွင် အကောက်ခွန်
ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊
နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို.မဟုတ်
သက်သာခွင့်၊ |
|
(ဃ) |
ပြည်ပသို. တင်ပို.ရန် ထုတ်လုပ်သည့်
ပစ္စည်းများအပေါ် ကုန်သွယ်လုပ်ငန်း ခွန် ကင်းလွတ်ခွင့်
သို.မဟုတ် သက်သာခွင့်၊ |
|
|
|