Subscribe to our RSS Feed

လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ် ဆွေးနွေးပွဲ ပြုလုပ် လျက်ရှိ

From :MRTV4
 
ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ဖြစ်ပေါ် လျက်ရှိရာ အခုလို ဖြစ်ပေါ်နေတဲ့ အခက်အခဲ များကို ဖြေရှင်း ဆောင်ရွက် နိုင်ဖို့နဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ် ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာ နေပြည်တော်ရှိ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနမှ ပြုလုပ် ကျင်းပလျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဖိတ်ခေါ် ဆွေးနွေးပွဲမှာ ပြည်တွင်းမှ ဓာတ်အား လုံလောက်စွာ တိုးတက် ထုတ်လုပ်နိုင်ဖို့ အတွက် ကာလတို၊ ကာလရှည် စီမံကိန်းများ၊ ယခုလက်ရှိ ဆောင်ရွက် လျက်ရှိတဲ့ ရေအားနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းများ၊ ထပ်မံ ဆောက်လုပ် သွားမယ့် ရေအားနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်း များမှာ ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် နိုင်မယ့် အစီအစဉ်များကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိ သူများက ရှင်းလင်း ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သတ္တုတွင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူက ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ စီမံကိန်းများ အတွက် ကျောက်မီးသွေး ထွက်ရှိ နိုင်မယ့် အရင်းအမြစ် လုပ်ထုံး လုပ်နည်း ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ အခု လက်ရှိ ပြည်တွင်းမှာ ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၁၉ ရုံမှ ၂၆၆၀ မဂ္ဂါဝပ်၊ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တစ်ရုံမှ ၁၂၀ မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံ ၁၀ ရုံမှ ၇၁၄.၉ မဂ္ဂါဝပ် အသီးသီးစီ ထုတ်လုပ် ဖြန့်ဖြူး လျက်ရှိတယ်လို့ အဆိုပါ ဖိတ်ခေါ် ဆွေးနွေးပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ဖိတ်ခေါ် ဆွေးနွေးပွဲမှာ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး၊ စွမ်းအင် ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီးနဲ့ ပြည်တွင်း ပြည်ပမှ ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ တယ်လို့ သတင်း ရရှိပါတယ်။
 
Myanmar Express 

0 comments:

Post a Comment

Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။