မြန်မာနိုင်ငံသို့ မနက်ဖြန်တွင် လာရောက်မည့် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်က အင်ဒိုနီးရှားနိုင်ငံတွင် ရောက်ရှိနေစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ် ပြောင်းလဲနေမှုများကို ချီးမွမ်းပြောဆိုလိုက်သည်။ စီးပွားရေး လုပ်ငန်းရှင်ကြီးများ အတူပါဝင်မည့် သူ၏ခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အများစု အနိုင်ရပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အနောက်နိုင်ငံ ခေါင်းဆောင်တဦး၏ သမိုင်းဝင် ခရီးစဉ်နှင့်ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်နေသည်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ချက်ခြင်း မရုပ်သိမ်းသေးဘဲ ဒဏ်ခတ်ပိတ်ဆို့မှု စတင်လုပ်ခဲ့သည့် စံချိန်စံညွန်းများ ပြည့်မီမှုအပေါ် မူတည်ပြီးသာ ရုပ်သိမ်းသင့်ကြောင်း ဝေဖန်မှုများလည်း ရှိသည်။

ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း (၂)

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ နေပြည်တော်တွင် ပြီးခဲ့သည့်

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့သည် ဧပြီ ၉ ရက်က ကယား (ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့တွင် တွေ့ဆုံပြီး သဘောတူ ကြေညာချက် ထုတ်ပြန်လိုက်သည်။ တိုင်းရင်းသား ဒေသများ၌ စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းများအပေါ် အခြေခံ ပြီး ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့ရှိ Holocaust Memorial ပြတိုက်က Elie Wiesel ဆုချီးမြှင့်မည် ဖြစ် ကြောင်း သိရသည်။ မြန်မာ့ဒီမိုကရေစီရေး အတွက် စွန့်လွှတ် အနစ်နာခံ ဆောင်ရွက်မှုများကြောင့် ချီးမြှင့်ခြင်းဖြစ်ပြိး ဧပြီ ၁၈ ရက် နေ့တွင် ဆုပေးမည်ဟု ဆိုသည်။ ယင်းဆုသည် အကြမ်းဖက်သတ်ဖြတ်မှုများ မဖြစ်စေရန် ဟန့်တား ကာကွယ်ရင်း လူ့ ဂုဏ်သိက္ခာ တိုးတက်ရန် ကြိုးပမ်းသူများကို ပေးအပ်သည့် Holocaust Memorial ပြတိုက်၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအား အထောက်အကူပြုသည့်အနေနှင့် အနောက်နိုင်ငံများက အရေးယူထားသော ပိတ်ဆို့ဒဏ်ခတ်မှုများကို အမြန်ဆုံး ပြန်လည် ရုပ်သိမ်းသင့်ကြောင်း နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့(ICG) က ပြော ဆိုလိုက်သည်။ မြန်မာနိုင်ငံသည် လက်ရှိအခြေအနေမှ နောက်ပြန်သွားနိုင်ဖွယ် နည်းပါးသည်ဟုလည်း ICG ၏ ယနေ့ထုတ်ပြန်ချက် တွင် ပါရှိသည်။

မနက်ဖြန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ဒုတိယအကြိမ် တွေ့ဆုံမည်ဟု သတင်းရရှိသည်။ ယင်းသို့တွေ့ဆုံရန် စီစဉ်နေသည်မှာ မှန်ကန်ကြောင်း NLD ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးစိုးဝင်းက ဧရာဝတီသို့ ပြောသည်။ NLD မှ အနိုင်ရ လွှတ်တော် အမတ်များကို လွှတ်တော် တက်ရန် တရားဝင် အကြောင်းကြားထားပြီး ၂၃ ရက်နေ့တွင် နေပြည်တော်သို့ NLD အမတ်များ သွားရောက်ကြမည်ဟု သိရသည်။

ငွေဖိအားနဲ့ ရမ်းကားမှု (ရုပ်/သံ)

နစ်နာကြေးက ဒီနေ့အထိ တကျပ်မှ မပေးဘူး။ ညှိနှိုင်းဖို့ လုပ်ပြန်တော့လည်း ရုံးမှာ ငွေရှိတယ်ဆိုပြီးတော့ သူတို့ပြောချင်တာ တွေကိုဘဲ ပြောသွားကြတယ်။ ခရမ်းမြို့က ငွေနဲ့ဖုံးဖိထားတဲ့ ရမ်းကားမှုအကြောင်း တင်ဆက်ထားပါတယ်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း နှင့် စင်္ကာပူနိုင်ငံ အခြေစိုက် ITHL ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်း ဖိုင်ဘာ ကွန်ရက် တည်ဆောက်ခြင်း လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ တယ်လီဖုန်း လိုင်းများနှင့် အင်တာနက် အချက်အလက်များ အဆင်ပြေ မြန်ဆန်စွာ အသုံးပြုနိုင်ရေး အတွက်ဖြစ်ကြောင်း၊ ယင်း ဖိုင်ဘာကွန်ရက် သည် ကီလိုမီတာ ၁၀၀၀၀ ကျော်ရှည်၍ နိုင်ငံတ၀န်းရှိ digital microwave stations ၃၃၅ ခု နှင့် IP microwave stations ၇၅ ခု တည်ဆောက်ရန် အတွက် ဖြစ်ကြောင်း ဆင်ဟွာ သတင်းတပုဒ်၌ ပါရှိသည်။ ယမန်နေ့က ITHL ကုမ္ပဏီ နှင့် လုပ်ငန်း [...]

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ရောက်ရှိပါက လုပ်ငန်းစဉ် များ လွယ်ကူသက်သာစွာလုပ်ကိုင်နိုင်ဖွယ် မရှိကြောင်း ယမန်နေ့က သတိပေး ပြောကြားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့် နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးနေရာမှ ရွေ့လျားသွားပြီး လွှတ်တော်တွင်း ဒီမိုကရေစီအရ မတူညီသူများနှင့် အတူ ညှိနှိုင်း ဆောင်ရွက်မှုများ စတင်လုပ်ကိုင်ရမည်ဖြစ်သည်ဟုလည်း မစ္စ ဟီလာရီက ပြောကြားကြောင်း AFP သတင်းက ဆိုသည်။ မစ္စ ဟီလာရီ ကလင်တန် သည် အမေရိကန် ရုပ်ရှင်အနုပညာရှင်များ အဖွဲ့ ရုံးချုပ်၌ ပြသသော ဒေါ်အောင်ဆန်းစုကြည် ဘ၀ အကြောင်း ရိုက်ကူးထားသည့် The Lady ရုပ်ရှင် သွားရောက်ကြည့်ရှုရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် [...]

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ၀က်ဘ်(Mr. James Henry Webb)နှင့် သမ္မတ ဦးသိန်းစိန် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးသည်။ နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်ခိုင်မာရေး၊ စီးပွားရေးကဏ္ဍ အပါအ၀င် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရန် အခွင့်အလမ်းများ ဖော်ဆောင်ရေး၊ ပြည်တွင်းနိုင်ငံရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရေးများကို ဆွေးနွေးကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ မစ္စတာ ဂျင်မ် ၀က်ဘ် ၏ ယခုခရီးစဉ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်က ပထမ အကြိမ် သွားရောက်ခဲ့သည်။

ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်သည် ယခုအပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ ၎င်း၏ တရက်ကြာ ခရီးစဉ်ဖြစ်သည့် သောကြာနေ့တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံမည် ဖြစ်ပြီး ရန်ကုန်တွင် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရှိကြောင်း AFP သတင်း၌ ရေးသားထားသည်။ ဒေးဗစ် ကင်မရွန်၏ ခရီးစဉ်သည် အနောက်နိုင်ငံ ထိပ် တန်း ခေါင်းဆောင်တဦးအနေနှင့် ၁၀ စုနှစ်များအတွင်း ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ်သည်လည်း ပြီးခဲ့သည့် အပတ်အတွင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။

သူတို့ကို မေ့ထားခဲ့ပြီလား

မကြာခင်က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပြတ်အသတ် နိုင်ခဲ့တာကြောင့်

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဧပြီ ၂၃ ရက်တွင် ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ စတင် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ယခုလ နှောင်းပိုင်းတွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် တရားဝင် ဖိတ်ကြား စာရရှိထားကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောကြားသည်ဟု AP သတင်းတွင် ရေးသားထားသည်။ ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲ၌ လစ်လပ် မဲဆန္ဒနယ်မြေ ၄၅ နေရာအတွက် NLD ပါတီက ၄၄ နေရာ ၀င်ရောက် ယှဉ်ပြိုင်ရာတွင် ၄၃ နေ ရာ အနိုင် ရရှိခဲ့သည်။

အမေရိကန်-မြန်မာ ဆက်ဆံရေးသစ် ပြန်စမည်

၁၉၉၀ ခုနှစ်မှစ၍ ရုပ်သိမ်းထားခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဆင့်ကို သမ္မတ အိုဘားမား အစိုးရက မကြာမီ ပြန်လည် ခန့်ထားထားခြင်းဖြင့်

ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း (၁)

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ နေပြည်တော်တွင် ပြီးခဲ့သည့် မတ်လအတွင်းက

ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ခေါင်းဆောင်များရဲ့ သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ခေါင်းဆောင်များရဲ့ သတင်းစာရှင်းလင်းပွဲကို ဧရာဝတီမှ  ရုပ်/သံ တင်ဆက်ထားပါတယ်

၁၉၉၀ ပြည့်နှစ်မှစ၍ ရုပ်သိမ်းထားခဲ့သော မြန်မာပြည်ဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို သမ္မတ အိုဘားမား အစိုးရက မကြာမီ ပြန်လည် ခန့်ထားရန်ရှိသည်။ ယင်းတာဝန်ကို မြန်မာပြည်ဆိုင်ရာ အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် ဒဲရစ် မစ်ချယ်အား ပေး အပ်မည်ဟု သိရှိရသည်။ သတင်းများအဆိုအရ ပြန်လည်တိုးတက်လာသော နှစ်နိုင်ငံဆက်ဆံရေးနှင့်အတူ အမေရိကန်၏ နိုင်ငံ ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ပြန်လည်ခန့်ထားမည့် သံအမတ်ကြီးက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU)ကို မတရားအသင်းအဖြစ် သတ်မှတ်ထားခြင်းအား ပယ်ဖျက်ပေးရန် သမ္မတ ဦးသိန်းစိန်ကို KNU တောင်းဆိုလိုက်သည်။ နော်စီဖိုးရာစိန် ပါဝင်သည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည် ရန်ကုန်မြို့ ဆီဒိုးနား ဟို တယ်၌ ဧပြီ ၆ ရက်က ငြိမ်းချမ်းရေး အတွက် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီးနောက် ဧပြီ ၇ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံရာတွင် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန်က ပြောသည်။

တာဝန်သိ ခရီးသွားလုပ်ငန်းဆီသို့

ဒေါက်တာ အန်ဒရီရာ ဗယ်လန်တင် သည် Tourism Transparency ဟုခေါ်သော လွတ်လပ်ပွင့်လင်း၍ တာဝန်သိ ခရီးသွားလုပ် ငန်းများဖြစ်ရေးအတွက် စည်းရုံးလှုံ့ဆော်သည့်

မြန်မာ့ ရွေးကောက်ပွဲ တရုတ် လှိုက်လှဲမှုမရှိ

ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရပြီးနောက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရပြီးနောက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် တရုတ်နိုင်ငံက တောင်းဆိုလိုက်သည်။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို ပြည်တွင်းရော နိုင်ငံတကာကပါ ကျယ်ကျယ်ပြန့်ပြန် အတည်ပြုပြီး ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့အတွက် တွန်းအားဖြစ်စေမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ယနေ့ ပြောဆိုကြောင်း သိရသည်။

ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးပွဲတခုကို ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပရာ ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ စသူတို့ ဆွေးနွေးဟောပြောကြောင်း သတင်းရရှိသည်။ ပထမဦးစွာ မအူပင် အကျဉ်းထောင်ရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက်ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ဟင်္သာတ ခရိုင်ကျောင်းသားများ၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) စသည့် မျိုးဆက်သစ်ကျောင်းသားများနှင့် စိတ်ဝင်စားသူ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်ပြည်နယ်အစိုးရတို့ ပဏာမ အပစ်ခတ် ရပ်စဲရေးအတွက် စစ်တွေမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နှင့် ယနေ့ နှစ်ရက်ဆက်တိုက် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။ ALP က အပစ်အခတ် ရပ်စဲရေး၊ ဆက်သွယ်ရေးရုံးများ ထားရှိရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ လုပ်ဆောင်ရေး၊ ALP ပါတီဝင်များ နိုင်ငံတ၀န်းသို့ လက်နက်မဲ့ လွတ်လပ်စွာ သွားလာခွင့်ရရှိရေး စသည်တို့ကို တင်ပြဆွေးနွေးလျက် ရှိကြောင်း သိရသည်။ ဆွေးနွေးပွဲကို ALP ပါတီ၏ ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်တို့ တက်ရောက်ကြကြောင်း စုံစမ်းသိရှိရသည်။

ပထမတနှစ်အတွင်းမှာပင် ထိုင်းဘတ် ၁၀ ဘီလီယံဖိုးအထိ ကုန်သွယ်နိုင်ခဲ့သဖြင့် ထိုင်းနိုင်ငံ ကန်ချနဘူရီမှ စီးပွားရေးသမားများက မြန်မာနှင့် ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် နယ်ခြားဂိတ် နှစ်ခု ထပ်မံဖွင့်စေလိုကြကြောင်း သိရသည်။ ကန်ချနဘူရီ ကုန်သည်ကြီးများအသင်းက ဘုရားသုံးဆူဂိတ် ပြန်ဖွင့်ရန်နှင့် ဘန်းဖူနန်ရွန်အနီးတွင်တခု ဖွင့်စေလိုကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ ပြန်ဖွင့်ပေးရန် တောင်းဆိုထားသည်မှာ ကြာပြီဖြစ်သော်လည်း ထိုင်းအစိုးရဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် နှောင့်နှေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ရေးအတွက် မကြာမီ အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း သမ္မတ အိုဘားမားအစိုးရက ယမန်နေ့က ပြောဆိုလိုက်သည်။ ထို့အပြင် မြန်မာအစိုးရအပေါ် ပိတ်ပင်ထားသည့် ခရီးသွားလာခွင့်နှင့် ငွေကြေး ကန့်သတ်မှုများကိုလည်း ဖြေလျှော့သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု တချို့အား ရုပ်သိမ်းလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကြေညာလိုက်သည်။ မြန်မာအစိုးရနှင့် ပြည်သူများ၏ ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် ရွေ့လျားမှုအတိုင်း အမေရိကန် ပြည်ထောင်စုကလည်း အတူရှိနေမည်ဖြစ်ကြောင်း မစ္စ ကလင်တန် က ပြောသည်။ မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံးပြီးနောက် ဥပဒေပြုအမတ်များက သမ္မတ အိုဘာမားအစိုးရကို ပိတ်ဆို့မှုတချို့ ရုပ်သိမ်းရေး တိုက်တွန်းခဲ့ကြသည်။

KNU က အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ယနေ့ ထိုင်း-မြန်မာနယ်စပ်မှ စတင်ထွက်ခွာသွားပြီဖြစ်သည်။ ဆွေးနွေးပွဲများကို ဧပြီ ၄ ရက် မှ ၁၁ ရက်အထိ ဘားအံ၊ ရန်ကုန် နှင့် ပဲခူးမြို့များတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ဆွေးနွေးရာတွင် တပြည်လုံးအတိုင်း အတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး အပါအ၀င် အဓိက ဆွေးနွေးမည့်အချက် ၅ ချက်ကိုလည်း ယနေ့ ထုတ်ပြန်သည့် KNU ကြေညာချက်၌ ဖော်ပြထားသည်။

တရုတ်ယူလို့ကုန်ပြီ ဆိုတဲ့ ပါပါလေး (ရုပ်သံ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျန်ရှိသည့် မဲဆန္ဒနယ် ၅ ခု မှ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များကို ဧပြီ ၃ ရက်နေ့ ရက်စွဲဖြင့် ထပ်မံကြေညာသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးတွင် NLD မှ ဒေါ်ခင်မွှေးလွင် နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် NLD မှ ဒေါ်တင်တင်ရီတို့ အနိုင်ရရှိကြောင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီးတွင် NLD မှ ဒေါက်တာ မြင့်နိုင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးတင်မြ၊ ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစိုင်းစံမင်း တို့ အနိုင်ရရှိကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ထုတ်ပြန်သည့် ရလဒ်များအရ ဧပြီ ၁ ရက် [...]

ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ်များအပေါ်၌ အမှတ်ခြစ်မရစေရန် ဖယောင်းသုတ်သည်ဟူသော စွပ်စွဲချက်များ အပါအ၀င် မဲမသမာမှုများနှင့် ပတ်သက်ပြီး သက်သေ အခိုင်အလုံရှိပါက တိုင်တန်းနိုင်ကြောင်း၊ ပြစ်မှုကျွန်းလွန်သူ မည်သူမဆို ထောင် ဒဏ် တနှစ်အထိ အပြစ်ပေးခံရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုသည်။ နေပြည်တော်၌ တာဝန် ရှိ သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွန်ကြားရေးမှူး ဦးဝင်းကိုက ထိုသို့ ပြောဆိုခြင်း ဖြစ်ကြောင်း RFA ရေဒီအသံလွှင့်ချက်၌ ပါရှိသည်။ ရွေးကောက်ပွဲကာလတွင် မဲစာရင်း ကွာဟမှုများ၊ ဆန္ဒ မဲပြားများတွင် ဖယောင်း သုတ်မှုများ ရှိကြောင်း မဲဆန္ဒရှင်များကြား ပြောဆိုမှုများစွာ ဖြစ်ပေါ်ခဲ့သည်။