ပြည်တွင်းလျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်များအတွက် သဘာဝ ဓာတ်ငွေ့ဈေးကို လက်ရှိဈေးနှုန်းထက် လျှော့မရောင်းနိုင်ဟုဆို

ဆောက်လုပ်နေဆဲ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် လျှောက်ထားဆဲ လုပ်ငန်းရှင်တို့ကို သဘာဝဓာတ်ငွေ့ ရောင်းချပေးရာတွင် လက်ရှိပြည်တွင်းရောင်းဈေးဖြစ်သည့် ကုဗပေ ၁,၀၀၀ လျှင် အမေရိကန် ငါးဒေါ်လာထက်ပိုကာ လျှော့ရောင်းချ ရန် မဖြစ်နိုင်တော့ဟု စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဆွေးနွေးပွဲတွင် ပြောသည်။

News 

ကာကွယ်ဆေးလွှမ်းခြုံမှုများကို ရောက်ရှိရန်ခက်ခဲသော ဒေသများအထိ တိုးမြှင့်ဆောင်ရွက်သွားမည်

၂၀၁၂ ခုနှစ်ကို မြန်မာနိုင်ငံ၌ ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်း များ အရှိန်တိုးမြှင့်မှုနှစ်အဖြစ် သတ်မှတ်ကာ ကာကွယ် ဆေးလွှမ်းခြုံမှု တိုးမြှင့်နိုင် ရန် ရည်ရွယ်ထားသည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်) ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

News 

အရှေ့တောင်အာရှ အားကစားပွဲတွင် မြန်မာ့ရိုးရာကစားနည်း နှစ်မျိုးကိုထည့်သွင်း ယှဉ်ပြိုင်သွားမည်

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ အိမ်ရှင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက ရိုးရာကစားနည်း နှစ်မျိုး ထည့်သွင်း ယှဉ်ပြိုင်မည်ဟု သိရသည်။ အိမ်ရှင်နိုင်ငံအနေဖြင့် ရိုးရာကစား နည်း ရှစ်မျိုးအထိ ထည့်သွင်းယှဉ်ပြိုင်နိုင် မည်ဖြစ်ပြီး ခြင်းလုံးနှင့် ဗန်တိုသိုင်းတို့ကို ထည့်သွင်းမည်ဖြစ်သည်။

News 

မီးရှူးမီးပန်းနှင့် ဗြောက်အိုး တားမြစ်

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်တို့ တွင် မီးရှူးမီးပန်း၊ ဗြောက်အိုးများ သယ်ယူ ပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ် ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရှို့လွှတ်ခြင်း များ ပြုလုပ်ပါက တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု နေပြည်တော်ကောင်စီက ထုတ်ပြန် လိုက်သည်။News